Latest News

Tuesday, November 21, 2017

မအူပင်မြို့ မလက်တိုကျေးရွာအုပ်စုမှ ဒေသခံအင်အား ၆၀၀ ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးအား တရားစွဲဆိုထားသည့် အော့ချက်ကုမ္ပဏီအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

မအူပင်မြို့ မလက်တိုကျေးရွာအုပ်စုမှ ဒေသခံအင်အား ၆၀၀ ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးအား တရားစွဲဆိုထားသည့် အော့ချက်ကုမ္ပဏီအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

မအူပင်မြို့တွင် နိုဝင်ဘာလ ၂၁ ရက် (ယနေ့) နံနက် ၁၀ နာရီခန့်က မလက်တိုကျေးရွာအုပ်စုရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူ အင်အား ၆၀၀ ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူအား တရားစွဲဆိုထားသည့် အော့ချက်ကုမ္ပဏီအား အလိုမရှိကြောင်းနှင့် ဒေသတွင်း ဖြစ်ပွါးနေသည့် မြေယာပြသနာများကို တိုင်းဒေသကြီးအစိုးရနှင့် နိုင်ငံတော်သမ္မတမှ ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း ဆန္ဒထုတ်ဖော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

အော့ချက်ကုမ္ပဏီမှ မလက်တိုကျေးရွာအုပ်စုအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်ဟုဆိုကာ မြေယာများစွာကို ရယူထားကြောင်း၊ မြေယာပိုင်ဆိုင်မှု အငြင်းပွါးမှု ပြသနာများကြောင့် လွန်ခဲ့သော ငါးနှစ်ခန့်က ဒေသခံများနှင့် ကုမ္ပဏီအကြား ပဋိပက္ခများဖြစ်ပွါးခဲ့သေးပြီး ထိုအချိန်က ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သေးကြောင်း၊ ယင်းမြေနေရာအငြင်းပွါးနေသည့် နေရာတွင် အော့ချက်ကုမ္ပဏီမှ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုကို မလက်တိုကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှကြိုင်မှ ပဋိပက္ခများဆက်လက်မဖြစ်ပွါးစေရေးအတွက် တားမြစ်ခဲ့သည်ကို အော့ချက်ကုမ္ပဏီမှ လုပ်ငန်းများအကောင်ထည်ဖော် ဆောင်ရွက်နေမှုကို နှောင့်ယှက်မှုများ ပြုသည်ဟုဆိုကာ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ပုဒ်မ ၂၈ ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းကဲ့သို့ ကုမ္ပဏီမှ တရားစွဲဆိုခဲ့မှုကို မကျေနပ်သောကြောင့် ဒေသခံပြည်သူများမှ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်သူများသည့် မအူပင်မြို့ မဟာဗောဓိဘုရားကြီးရှေ့တွင် စတင်စုဝေးကာ ကမ်းနားလမ်းတလျှောက် ဒေသခံပြည်သူများကို အကျိုးမပြုသော အော့ချက်ကုမ္ပဏီ အလိုမရှိ၊ မလက်တိုကျေးရွာအုပ်ချုပ်ရေးမှူးကို တရားစွဲဆိုထားသော ဒေါက်တာမြင့်စိန် အလိုမရှိ၊ မြေသိမ်း အော့ချက်ကုမ္ပဏီ အရေးယူပေး၊ တရားမျှတမှု ပေါ်ပေါက်ရေး၊ တရားစွဲဆိုခံထားရသည့် ဦးကြိုင်ကိစ္စ ဖြေရှင်းပေးရေး ဒို့အရေး စသည့်ကြွေးကြော်သံများ ဟစ်ကြွေးကာ နိုင်ငံတော်သမ္မတကြီး အနေဖြင့် မြေသိမ်း အော့ချက်ကုမ္ပဏီကိစ္စ စုံစမ်းစစ်ဆေးပေးပါ။ တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် တရားမျှတမှုကို ဖော်ဆောင်ပေးပါ၊ အော့ချက်ကုမ္ပဏီသည် အမိနှင့်အဖ မဟုတ် ပြည်သူသာ အမိ ပြည်သူသာ အဖဖြစ်သည်၊ ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ထားသည့် မလက်တိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား တရားစွဲဆိုထားမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြန်လည်စိစစ်ပေးပါ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ရည်ရွယ်ချက်ကတော့ဗျာ ကျွန်တော်ကျေးရွာအုပ်ချုပ်ရေးမှူးက အော့ချက်ကုမ္ပဏီက အဆောက်အဦးတွေ ဆောက်နေတာကို အရင်လို ပဋိပက္ခဖြစ်မှာဆိုးလို့ သွားတားတယ် ဒါကို တရားစွဲဆိုတယ် ဒါ့ကြောင့်မို့ ကျွန်တော်တို့က ဒီလိုတရားစွဲဆိုတာကို အလိုမရှိကြောင်း အခုဖြစ်နေတဲ့ မြေသိမ်းပြသနာတွေကို နိုင်ငံတော်သမ္မတကြီးဖြေရှင်းပေးဖို့ရယ်တောင်းဆိုတာပါ အော့ချက်က လုပ်ဆောင်နေပါတယ်ဆိုတဲ့ မွေးမြူရေးလုပ်ငန်းကလည်း လုပ်ငန်းပျက်ကြီးဖြစ်နေပါပြီ”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံတစ်ဦးဖြစ်သူ ဦးငြိမ်းမောင်ကပြောသည်။

အော့ချက်ကုမ္ပဏီမှလည်း လက်ရှိလုပ်ငန်းများလုပ်ဆောင်နေသည့် မြေနေရာများမှ ဒေသခံတောင်သူများအား နစ်နာကြေးများ ပေးကာ ဝယ်ယူလုပ်ဆောင်ထားသည့် မြေနေရာများသာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကာ ပြောကြားထားမှုများလည်း ရှိသည်။

Eleven Media Group

No comments:

Post a Comment