Latest News

Sunday, November 12, 2017

တတိယတန္းေက်ာင္းသူကို အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င္႔သူအား အမွဳျဖင္႔ ဖမ္းဆီးစစ္ေဆးလွ်က္ရွိ


ကရင္ျပည္နယ္နယ္၊ ဘားအံၿမိဳ႕နယ္တြင္ ႏို၀င္ဘာ ၉ ရက္ေန႔က အသက္ ၁၂ႏွစ္၁၀ အရြယ္ တတိယတန္းေက်ာင္းသူတစ္ဦးကို တစ္ရြာတည္းေန အသက္ ၅၆ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးမွ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င္႔သူအား အမွဳဖြင္႔အေရးယူေဆာင္ရြက္ထားၿပီး ျပစ္မႈက်ဴးလြန္ သူအား အခ်ိန္ႏွင္႔တေျပးညီ ဖမ္းဆီးရမိခဲ႔ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ႏို၀င္ဘာ ၉ ရက္ ညေန ၇နာရီ၊ မိနစ္ ၅၀ အခ်ိန္ ဘားအံၿမိဳ႕နယ္၊ လြန္းညေက်းရြာ၊ အမွတ္(၂)ရပ္ကြက္ တြင္ေနထိုင္သူ ေဒၚခင္ေထြး၊ ၃၂-ႏွစ္မွ သမီးျဖစ္သူ နန္း———၊ အသက္၁၂ႏွစ္၁၀လအရြယ္၊ တတိယတန္း ေက်ာင္းသူအား တစ္ရြာတည္းေန ဦးေမာင္ျမင္႔ေအာင္ (ခ)အေဆး၊ (၅၆)ႏွစ္က သားမယားအျဖစ္ ျပဳက်င္႔၍ အမွဳဖြင္႔အေရးယူ ေပးရန္ လာေရာက္တိုင္တန္းခဲ႔သျဖင္႔အိႏၵဳနယ္ေျမရဲစ ခန္းမွဴး ရဲအုပ္ ရဲမင္းထြဋ္မွ ေက်းရြာအုပ္ခ်ဳပ္ေရး အဖြဲ႕မ်ား၊ အမ်ိဳးသမီးေရးရာ အဖြဲ႕မ်ားေရွ႕တြင္ ျဖစ္စဥ္အား ေမးျမန္းရာ

ႏို၀င္ဘာ ၈ရက္ေန႔ ညေန ၆ နာရီအခ်ိန္ ခန္႔ ေဒၚခင္ေထြးသည္ သမီးျဖစ္သူႏွင္႔ အတူေနအိမ္၌ ရွိေနစဥ္ တစ္ရြာတည္းေန ဦးေမာင္ျမင္႔ေအာင္(ခ)အေဆးမွ ၎၏သမီးျဖစ္ သူမမ်ိဳးသႏၱာထြန္း၊ ၁၀-ႏွစ္( ၃-တန္း)၊ ေျမးျဖစ္သူ ေမာင္ႏိုင္မင္းဦး၊ ၅-ႏွစ္တို႔ႏွင္႔အတူ အေဖာ္အျဖစ္လိုက္အိပ္ေပးရန္ လာေရာက္ေခၚေဆာင္ သျဖင္႔ သမီးျဖစ္သူ——မွလိုက္သြားခဲ႔ၿပီး၎ညတြင္ဦးေမာင္ျမင္႔ေအာင္ (ခ)အေဆး၏ ေနအိမ္ ဧည္႔ခန္း၌ ဦးေမာင္ျမင္႔ေအာင္(ခ)အေဆး၊ မ်ိဳးသႏၱာထြန္း၊ ေမာင္ႏိုင္လင္းဦး၊ ယာဘက္အစြန္ဘက္တြင္နန္း ——-မွ အိပ္ခဲ႔ေၾကာင္း၊
ည ၁၀နာရီေက်ာ္ ၁၁နာရီအခ်ိန္ခန္႔တြင္ ဦးေမာင္ျမင္႔ေအာင္မွ နန္း——- အိပ္သည္႔ေနရာသို႔ ေရာက္ရွိလာ၍ ဦးေမာင္ျမင္႔ေအာင္(ခ)အေဆးမွအလိုမတူဘဲအတင္းအဓမၼ သားမယားအျဖစ္ (၁)ႀကိမ္ျပဳက်င္႔ခဲ႔ၿပီး ၎၏ ယာဘက္ေဘးတြင္ အိပ္ခဲ႔ေၾကာင္း၊ ၄၅မိနစ္ခန္႔အၾကာတြင္ (၁)ႀကိမ္၊ ၁၅မိနစ္ခန္႔အၾကာ (၁)ႀကိမ္၊ (၁)နာရီခြဲခန္႔ အၾကာတြင္ (၁)ႀကိမ္၊ စုစုေပါင္း သားမယားအျဖစ္ (၄)ႀကိမ္ျပဳက်င္႔ခဲ႔ေၾကာင္း

သမီးျဖစ္သူ၏ ေျပာျပခ်က္အရ သိရွိရသျဖင္႔ ေဒၚခင္ေထြးမွ သမီးျဖစ္သူ——အား အလိုမတူဘဲအတင္းအဓမၼသားမယား အျဖစ္ျပဳက်င္႔ခဲ႔သူ ဦးေမာင္ျမင္႔ေအာင္(ခ)အေဆးအား ဥပေဒအရ အေရးယူေပးရန္ လာေရာက္တိုင္တန္းခဲ႔ျခင္းျဖစ္ေၾကာင္း ေမးျမန္း သိရွိရသည္။

ျဖစ္စဥ္ႏွင္႔ပတ္သက္ၿပီး ၁၂ႏွစ္၁၀လအရြယ္ တတိယတန္းေက်ာင္းသူကို အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င္႔ခဲ႔သူ ဦးေမာင္ျမင္႔ေအာင္ (ခ)အေဆးအား ဥပေဒႏွင္႔အညီ အေရးယူေပးရန္ ေဒၚခင္ေထြးမွ တရားလိုျပဳလုပ္တိုင္တန္းခဲ႔သျဖင္႔ အိႏၵဳနယ္ေျမရဲစခန္း(ပ) ၉၃/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ-၃၇၆ အရအမွဳေရးဖြင္႔ခဲ႔ၿပီး အမွဳအား စခန္းမွဴး ရဲအုပ္ ရဲထြဋ္မင္းမွ စစ္ေဆးကာ အမွဳမွ စြပ္စြဲခံရသူအားအမွဳျဖင္႔ ဖမ္းဆီး စစ္ေဆးေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

မင္းသူ/ထြန္းထြန္းေထြး(ဘားအံ)
Myanmaalinn

Unicode

ကရင်ပြည်နယ်နယ်၊ ဘားအံမြို့နယ်တွင် နိုဝင်ဘာ ၉ ရက်နေ့က အသက် ၁၂နှစ်၁၀ အရွယ် တတိယတန်းကျောင်းသူတစ်ဦးကို တစ်ရွာတည်းနေ အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦးမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူအား အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ပြစ်မှုကျူးလွန် သူအား အချိန်နှင့်တပြေးညီ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် ညနေ ၇နာရီ၊ မိနစ် ၅၀ အချိန် ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၊ အမှတ်(၂)ရပ်ကွက် တွင်နေထိုင်သူ ဒေါ်ခင်ထွေး၊ ၃၂-နှစ်မှ သမီးဖြစ်သူ နန်း———၊ အသက်၁၂နှစ်၁၀လအရွယ်၊ တတိယတန်း ကျောင်းသူအား တစ်ရွာတည်းနေ ဦးမောင်မြင့်အောင် (ခ)အဆေး၊ (၅၆)နှစ်က သားမယားအဖြစ် ပြုကျင့်၍ အမှုဖွင့်အရေးယူ ပေးရန် လာရောက်တိုင်တန်းခဲ့သဖြင့်အိန္ဒုနယ်မြေရဲစ ခန်းမှူး ရဲအုပ် ရဲမင်းထွဋ်မှ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့များရှေ့တွင် ဖြစ်စဉ်အား မေးမြန်းရာ

နိုဝင်ဘာ ၈ရက်နေ့ ညနေ ၆ နာရီအချိန် ခန့် ဒေါ်ခင်ထွေးသည် သမီးဖြစ်သူနှင့် အတူနေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ဦးမောင်မြင့်အောင်(ခ)အဆေးမှ ၎င်း၏သမီးဖြစ် သူမမျိုးသန္တာထွန်း၊ ၁၀-နှစ်( ၃-တန်း)၊ မြေးဖြစ်သူ မောင်နိုင်မင်းဦး၊ ၅-နှစ်တို့နှင့်အတူ အဖော်အဖြစ်လိုက်အိပ်ပေးရန် လာရောက်ခေါ်ဆောင် သဖြင့် သမီးဖြစ်သူ——မှလိုက်သွားခဲ့ပြီး၎င်းညတွင်ဦးမောင်မြင့်အောင် (ခ)အဆေး၏ နေအိမ် ဧည့်ခန်း၌ ဦးမောင်မြင့်အောင်(ခ)အဆေး၊ မျိုးသန္တာထွန်း၊ မောင်နိုင်လင်းဦး၊ ယာဘက်အစွန်ဘက်တွင်နန်း ——-မှ အိပ်ခဲ့ကြောင်း၊

ည ၁၀နာရီကျော် ၁၁နာရီအချိန်ခန့်တွင် ဦးမောင်မြင့်အောင်မှ နန်း——- အိပ်သည့်နေရာသို့ ရောက်ရှိလာ၍ ဦးမောင်မြင့်အောင်(ခ)အဆေးမှအလိုမတူဘဲအတင်းအဓမ္မ သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ပြီး ၎င်း၏ ယာဘက်ဘေးတွင် အိပ်ခဲ့ကြောင်း၊ ၄၅မိနစ်ခန့်အကြာတွင် (၁)ကြိမ်၊ ၁၅မိနစ်ခန့်အကြာ (၁)ကြိမ်၊ (၁)နာရီခွဲခန့် အကြာတွင် (၁)ကြိမ်၊ စုစုပေါင်း သားမယားအဖြစ် (၄)ကြိမ်ပြုကျင့်ခဲ့ကြောင်း

သမီးဖြစ်သူ၏ ပြောပြချက်အရ သိရှိရသဖြင့် ဒေါ်ခင်ထွေးမှ သမီးဖြစ်သူ——အား အလိုမတူဘဲအတင်းအဓမ္မသားမယား အဖြစ်ပြုကျင့်ခဲ့သူ ဦးမောင်မြင့်အောင်(ခ)အဆေးအား ဥပဒေအရ အရေးယူပေးရန် လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မေးမြန်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၁၂နှစ်၁၀လအရွယ် တတိယတန်းကျောင်းသူကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ ဦးမောင်မြင့်အောင် (ခ)အဆေးအား ဥပဒေနှင့်အညီ အရေးယူပေးရန် ဒေါ်ခင်ထွေးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်း(ပ) ၉၃/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ အရအမှုရေးဖွင့်ခဲ့ပြီး အမှုအား စခန်းမှူး ရဲအုပ် ရဲထွဋ်မင်းမှ စစ်ဆေးကာ အမှုမှ စွပ်စွဲခံရသူအားအမှုဖြင့် ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn

No comments:

Post a Comment