Latest News

Sunday, November 12, 2017

မြန်မာနိုင်ငံအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာမည့် ဘင်္ဂါလီ လူမျိုးများအား သွားရောက်တွေ့ဆုံ သတင်းရယူ


မြန်မာနိုင်ငံအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာမည့် ဘင်္ဂါလီ လူမျိုးများအား
သွားရောက်တွေ့ဆုံ သတင်းရယူ ...။
=============================================
နေပြည်တော်၊ နိုဝင်ဘာ - ၁၂
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်း
သူများ၏ အကြမ်းဖက်တိုက် ခိုက်မှုများဖြစ်ပွားပြီးနောက်ပိုင်းတွင် ကျေးရွာ
များ၌ နေထိုင်လျက်ရှိသော ဘင်္ဂါလီလူမျိုးများအား အစွန်းရောက် ဘင်္ဂါလီ
အကြမ်းဖက်သမားများက အသက်အန္တရာယ် ခြိမ်းခြောက်မှုများကြောင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေ့စဉ် ထွက်ခွာလျက်ရှိသည်။
ထို့သို့ ထွက်ခွာလျက်ရှိရာ ယနေ့တွင် မြန်မာနိုင်ငံအခြေစိုက် ပြည်ပသတင်း
ဌာနများမှ သတင်းများ မီဒီယာများက အလယ်သံကျော်ကျေးရွာအနီး
ပင်လယ်ကမ်းခြေတွင် ခတ္တနေထိုင်လျက်ရှိသည့် ဘင်္ဂါလီလူမျိုး ၂၀၀၀ ကျော်၊
မှိုဝင်ချောင်းဝနှင့် ဂေါ်ဒူသာရချောင်းဝကြား ပင်လယ်ကမ်းခြေတွင်
နေထိုင်လျက်ရှိသော ဘင်္ဂါလီ လူမျိုး ၇၀ ကျော်တို့အား သွားရောက်တွေ့ဆုံ၍
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရသည့် အကြောင်းအရာ ကိစ္စရပ်များနှင့်
ပတ်သက်ပြီး မေးမြန်းသတင်းရယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် သတင်းထောက်များက နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု
အခြေအနေများ၊ ဖြေရှင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်သိရှိလိုသည်
များအား မေးမြန်းရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေး
နှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး
ဗိုလ်မှူးချုပ် အေးလွင် နှင့် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့်
ဒုတိယရဲမှူးကြီး မြင့်ကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း
သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး




No comments:

Post a Comment