Latest News

Monday, November 20, 2017

ဧရာဝတီတိုင်းနဲ့ ကရင်လူမျိုး


ကရင်ပြည်နယ်က ကရင်​တစ်ယောက်က မေးတယ် ဘယ်မှာနေလဲ အကို ဧရာဝတီ? l ဧရာဝတီမှာ ကရင်​တွေရှိသလားတဲ့
ဒီလိုအပြောခံရတော့ ရင်ထဲအောက်သွားတာပါပဲ ဧရာဝတီမှာ ကရင်တွေ ဒီလောက်တောင်ပေါတာ ဧရာဝတီမှာ ကရင်ရှိသလားလို့ အမေးခံရတော့ မေးတဲ့သူကပဲ ဗဟုသုတနည်းပြီး တုံးအတာလား
ဧရာဝတီက ကရင်တွေကပဲ ဧရာဝတီမှာ ကရင်ရှိတာကို ထင်ပေါ်အောင် မပြုလုပ်နိုင်တာလား စဉ်းစားမရတော့ဘူးလို့ အနန့်တစ်ယောက်က ရင်ဖွင့်လာပါတယ်။
သူ့လိုပဲ ကျန်တဲ့ သူတွေက ဒီလိုမကြာခန ပြောတာကို ကြားရပါတယ် ဒါ့ကြောင့်လည်း ဧရာဝတီမှာ ကရင်ရှိသလား ဆိုတဲ့ပို့စ်ကို တင်ခဲ့ဘူးပါတယ်။
မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့တိုင်း ၁၄ ခုရှိပါတယ်။
၁၄ ခုလုံး ကရင်တွေအနည်းအများရှိပါတယ်။
ဒီပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ ဧရာဝတီတိုင်းဟာ ကရင်တွေအများဆုံးနေတဲ့တိုင်းဖြစ်ပါတယ်။
ဘယ်လောက်များသလဲဆို ကရင်ပြည်နယ်မှာ ရှိတဲ့ ကရင်တွေထက် တစ်ဝက်ကျော် ပိုများပါတယ်။
ဒေါကလူအသင်းကို စတင်တည်ထောင်တဲ့ ဒေါက်တာ တီ သံ ပြာ ဟာ ဧရာဝတီက ဖြစ်ပါတယ်။
ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးဟာ ဧရာဝတီတိုင်းက ဖြစ်ပါတယ်။
ကရင့်​​တော်​လှန်​​ရေးဟာ ဧရာဝတီတိုင်းက စတင်​လာပါတယ်
ကရင်အမျိုးသားအလံကို ရေးဆွဲခဲ့တဲ့ မန်းဘခင်ဟာ ဧရာဝတီက ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်ခဲ့တဲ့ ကရင်လူမျိုး မန်းဝင်းမောင်ဟာ ဧရာဝတီက ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စစ်ဦးစီးချုပ်ဖြစ်တဲ့ ကရင်အမျိုးသား စမစ်ဒွန်းဟာ ဧရာဝတီက ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံရတဲ့ ကရင်အမျိုးသား မန်းဘခိုင်ဟာ ဧရာဝတီက ဖြစ်ပါတယ်။
ကမ္ဘာသိ ထင်ရှားတဲ့ ကေအန်ယူ အထွေထွေအတွင်းရေးမှုးဟောင်း ဖဒိုမန်းရှာလားဖန်းဟာ ဧရာဝတီက ဖြစ်ပါတယ်။
ကေအန်ယူ ဒုတိယလမ်းစဉ်ကို ချမှတ်ခဲ့တဲ့ မန်းဘဇန်ဟာ ဧရာဝတီက ဖြစ်ပါတယ်။
နှစ်သစ်ကူးရရှိအောင်တောင်းဆိုတဲ့ လွတ်တော်အမတ်အများစုဟာလည်း ဧရာဝတီက ဖြစ်ပါတယ်။
ကရင်ဖြစ်ရင် ကရင်သမိုင်းကို သိရတယ် ကရင်သမိုင်းကို သိတဲ့သူဟာ ကရင်ခေါင်းဆောင်တွေကိုလည်း သိရတယ် ကရင်ခေါင်းဆောင်တွေကို သိတဲ့သူဟာ ကရင်ခေါင်းဆောင်တွေရဲ့ နေရပ် ဇာတိကိုလည်း သိရတယ်။
ဒါကြောင့် ဧရာဝတီမှာ ကရင်ရှိသလားဆိုတဲ့ အမေးဟာ မမေးသင့်တဲ့ မေးခွန်းတစ်ရပ်ပါပဲ
ဒီလိုမေးလိုက်ခြင်းဟာ ကိုယ်က သဘောရိုးနဲ့ မေးလိုက်ပေမဲ့ အမေးခံရတဲ့သူရဲ့စိတ်ထဲမှာ နှိမ်ပြီမေးလိုက်သလို ခံစားရပါတယ်။ မေးတဲ့သူမှာလည်း ကိုယ့်သမိုင်းကို ကိုယ်တစ်လုံးမျှ မသိနားမလည်တဲ့သူ အဖြစ်ကိုလည်း သက်ရောက်သွားနိုင်ပါတယ်။
ဒီအတွက် ကရင်မှန်ရင် ကရင်သမိုင်းကို လေ့လာကြပါ ကရင်တွေ ဘယ်အရပ်မှာ နေထိုင်ကြသလဲ လေ့လာကြပါ ကရင်တွေရှိတဲ့အရပ်ဟာ ကိုယ့်အရပ်ပါပဲ ကိုယ့်လူမျိုးတွေရှိတဲ့ အရပ်ဟာ ကိုယ့်အရပ်ပါပဲ ကိုယ့်အိုး ကိုယ်အိမ်ပါပဲ ဆိုတာ နားလည်ပြီ ကရင်အချင်းချင်းစည်းလုံး ညီညွတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
သဲပုံသဲ သား





No comments:

Post a Comment