Latest News

Monday, November 20, 2017

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးမထိုးခင် မိဘများ လုပ်ကိုလုပ်ရမယ့် အရေးအကြီးဆုံး အချက် တချက်


ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးမထိုးခင် မိဘများ လုပ်ကိုလုပ်ရမယ့် အရေးအကြီးဆုံး အချက် တချက်

******

သိပ်ကို အရေးကြီးပါတယ်။ လုပ်ဖြစ်အောငိလုပ်ပါ။
အဲဒါဘာလဲ ဆိုတော့....
ဂျပန်ဦးနှောက် ရောင် ကာကွယ်ဆေး မထိုးခင် မိဘများ အုပ်ထိန်းသူများအနေနဲ့
ကလေးမှာ ဖြစ်ခဲ့ ဖူးတဲ့ ရောဂါအခံတွေ
နာတာရှည်ရောဂါ ဖြစ်ခဲ့တာတွေ ဖြစ်နေတာတွေနဲ့ သောက်နေတဲ့ဆေးတွေအကြောင်း
ထိုးမယိ့ဆရာမကို သေချာပြောပြပေးဖို့ ဖြစ်ပါတယိ။

****

ပြောပြပေးမှ ထိုးပေးမယ့် ဆရာဝန်ဆရာမက ပြန်လည်စမ်းစစ်ပေးနိုင်မှာပါ။ အရေးကြီးလို့ ဒေါက်တာထိန် ပရိသတ်ကို ထပ်ခါထပ်ခါ ပြောပါရစေ။
ရောဂါ ကြီးကြီးမားမား ဖြစ်ခဲ့ဖူးတာတွေ
နာတာရှည်ရောဂါရှိတာမျိုး
ရေရှည် ဆေးစွဲသောက်နေရတာ
လတ်တလော ဆေးသောက်နေတာတွေ
နှစ်ပတ်အတွင်း ဖျားခဲ့ဖူးတာ
လက်ရှိဖျားနေတာမျိုးတွေ အကုန်ပြောပြပါ။

မကြောက်ပါနဲ့။ အချိန်မဆွဲပါနဲ။
ကိုယ်ပြောစရာရှိတာ ပြောပြပါ။ ပြောပြရမှာ ကိုယ့်တာဝန်ပါ။ ပြောတာကိုနားထောင်ပြီး ထိုးသင့်မထိုးသင့်ဆန်းစစ် ဆုံးဖြတ်ပေးမှာ ကျန်းမာရေးဝန်ထမ်းတွေပါ။
ကလေးကို မထိုးခင် ထမင်းကျွေး မုန့်ကျွေး လုပ်ပါ။ကျွေးတာမှနိသမျှ လတ်ဆတ်သန့်ရှင်းမှုရှိပါစေ။ ထိုးပြီး အချိုရည် ရေအေးတိုက်ပေးပါ။ ကလေးကို ဆေးထိုးပြီးရင် နားပါစေ။ ကလေးကို စောင့်ကြည့်ပါ။ ဆရာဆရာမများနဲ့ အနီးဆုံးမှာ နေပြီး ဘာပဲ ဖြစ်ဖြစ် ချက်ချင်းသတင်းပို့ပါ။
ထိုးပေးတဲ့ ဆရာမလေးတွေက အကုန် သေချာနားထောင်ပေးပြီး ဆရာဝန်နဲ့ ပြန်တိုင်ပင်ပေးလေ့ရှိပါတယ်။ သူတို့ ညွှနိကြားသမျှကို စနစ်တကျ လိုက်နာပါ။ ကျန်းမာရေးဝန်ထမ်းတွေ လက်တွဲညီညီ အားလုံးကြိုးစားပေးနေကြပါတယ်။

နောက်ပြီး ဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဘယ်လိုကလေးဆိုဆေးထိုးလို့မရဘူး ။ ရတယိဆိုတာတွေ။ ဒီကာကွယ် ဆေးထိုးပြီးရင် ဖြစ်တက်တဲ့ ရောဂါ လက္ခဏာတွေ ကျနော်တို့ Page မှာ အားလုံး တင်ထားပါ တယ်။ ပုံတွေအောက်မှာလည်း ဖြေကြားထားပေးပါတယ်။ မဖြေပဲ ကျန်ခဲ့တဲ့ ကွန်မနိ့မရှိအောင် ကြိုးစားနေပေမယ့် ချက်ချင်းသိချင်ရင် မက်ဆေ့ပို့ပြီးလည်း မေးနိုင်ပါတယ်။

လေးစားလျက်
ဂျီပီငှက်

( ပုံကို တိုးချဲ့ကာကွယ်ဆေးထိုး Page က ယူပါတယိ။ ကျေးဇူးပါ ဆရာတို့ရှင့် )
Dr. Htein Free Clinics


No comments:

Post a Comment