Latest News

Saturday, November 25, 2017

ဆိုင်းနိုင်း ကျွန်းဆွယ် ဗလီကို အစွန်းရောက်များ ဗုံးခွဲတိုက်ခိုက်မှု လူပေါင်း ၂၃၅ဦးသေဆုံး


အီဂျစ် ဆိုင်းနိုင်း ကျွန်းဆွယ် မြောက်ပိုင်း အာရှစ် မြို့ တွင်ရှိ ဆူဖီ မူဆလင်များ ၀တ်ပြူရာ ဗလီကျောင်းကြီးအား ဗုံးခွဲတိုက်ခိုက်ရာ လူပေါင်း ၂၃၅ ဦးသေဆုံးပြီး တရာကျော် ဒဏ်ရာရရှိသွားခဲ့ပါတယ်၊

တိုက်ခိုက်သူများက ဗုံးခွဲံရာမှ လွတ်မြာက်ထွက်ပြေးလာသူများကို ကား ဆယ်စီး ခန့် နဲ့ ပါတ်ပါတ်လည် ပိတ်ဆို့ပြီး သေနတ် များနဲ့ ရက်စက်စွာ ထပ်မံ ပြစ်သတ်ခဲ့ကြပြန်ပါတယ်။ ထို့အပြင် ဒဏ်ရာရသူများကို သယ်ဆောင်လာတဲ့ လူနာတင် ယာဉ်များကို ပါ ခြုံခိုတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယခုအချိန်ထိ မည်သူမျှ တာဝန်ရှိသည်ဟု မကြေငြာသေးပေမယ့် IS အဖွဲ့ကို စွပ်စွဲပြီး အပြင်းထန်ဆုံး လက်တုန့်ပြန်သွားမယ်လို့ အီဂျစ် သမ္မတ က ကြွေးကြော်ပြီး ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် သုံးရက် သတ်မှတ်လိုက်ပါတယ်။
လှစိုးဝေ

No comments:

Post a Comment