ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် သိစေအပ်ပါသည်
ဟင်္သာတမြို့  ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် မြေနေရာအား ငှါးရမ်း၍ ဆောက်လုပ်ခဲ့သော ဆိုင်ခန်းများ၏ မြေနေရာအား မြေငှါးရမ်းခ အဖြစ် တစ်လလျှင် ၁၅၀၀၀+ကုန်သွယ်ခွန် ၅% ဖြင့်ပေးဆောင်နေရာမှ ဆိုင်ခန်းရှင်များအား အသိပေး ခေါ်ယူ ညှိနှိုင်းမှု မရှိပဲ မြေငှါးရမ်းခအား ၆၀၀၀၀+ကုန်သွယ်ခွန် ၅% တိုးမြှင့် ကောက်ခံလိုက်သဖြင့် ဆိုင်ခန်းရှင်များမှာ ပေးဆောင်နိုင်ခြင်း မရှိသောကြောင့် ယခင်ပေးဆောင်နေသော နှုန်းထားဖြင့်သာ စည်းကြပ်ကောက်ခံပေးပါရန် တင်ပြအပ်ပါသည်။
အဆိုပါ ဆိုင်ခန်းများသည် ဟင်္သာတမြို့ ပေါ်ရှိ ဌာနဆိုင်ရာ ဆိုင်ခန်းများ၏ ငှါးရမ်းခ နှုန်းထားများတွင် အမြင့်ဆုံး ပေးဆောင်ထားခြင်း လည်းဖြစ်ပြီး ဈေးကွက် အနေအထားအရ အရောင်းအဝယ် အလွန်ကောင်းသော ဆိုင်ခန်းများထက် နှုန်းထားမြင့် ပေးဆောင်ထားခြင်း လည်းဖြစ်ပါသည်။
ဈေးကွက် စီးပွားရေး တစ်ရပ်ကို ဖော်ဆောင်နေသော အစိုးရ တစ်ရပ် အနေဖြင့် အစိုးရ ဌာနများအောက်တွင် ရှိနေသော ဆိုင်ခန်းများ၏ ဆိုင်ခန်းခများ ညီမျှခြင်းမရှိပါက အခွန်ထမ်း ပြည်သူများမှ ဈေးနှုန်းအနေဖြင့်
ယှဉ်ပြိုင်နိုင်ခြင်း ရှိနိုင်မည် မဟုတ်တော့ပါ ။
ဆိုင်ခန်းခများ တိုးမြှင့် ကောက်ခံခြင်းမှာ တိုင်းဒေသကြီး အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့်ဟု ပြည်တွင်း
ရေကြောင်းပို့ဆောင်ရေး (ဟင်္သာတ) မန်နေဂျာ ဦးအေးကိုမှ ပြောကြားပါသည်။
ပြည်သူ့အစိုးရ တစ်ရပ်အနေဖြင့် ပြည်သူများ၏ အခက်အခဲကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ပါရန် ဝန်ကြီးချုပ်အား တင်ပြအပ်ပါသည်... ခင်ဗျား။
ကျော်မင်းနိုင် ၁၄/ဟသတ (နိုင်)၀၄၆၅၃၂
၀၉၇၉၉၉၉၀၂၁၉
https://www.facebook.com/kyawmin.naing.7/posts/947441195393986
No comments:
Post a Comment