Latest News

Monday, November 6, 2017

ရန်ကုန်တိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ၁ လတွင်း အပြီးရွေးချယ်မည်

ရန်ကုန်တိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ၁ လတွင်း အပြီးရွေးချယ်မည်

ရန်ကုန်တိုင်းဒေသကြီးမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ တလအတွင်း အပြီးရွေးချယ်ဖို့ သတ်မှတ်ထားတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

“ကျနော်တို့ ရန်ကုန်တိုင်းက တလအတိအကျ သတ်မှတ်လိုက်ပြီ။ အခု ကျနော်မြို့ နယ်မှာ ကြီးကြပ်ရေးအဖွဲ့တွေ စဖွဲ့နေပြီ။ ဒီအဖွဲ့တွေက ရပ်ကွက်ထဲမှာ မဲစာရင်းပြုစုတာက စလို့ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ပြီးတဲ့အထိ စနစ်တကျဖြစ်အောင် ကြီးကြပ်ရမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ တတိယအကြိမ် ရပ်/ကျေးဥပဒေအရ ဆယ်အိမ်မှူးကစပြီး အုပ်ချုပ်ရေးမှူးအထိ ပြည်သူက ရွေးချယ်ခွင့်ရှိပြီး ပြည်သူကိုယ်တိုင်လည်း မည်သူမဆို ပါဝင် ရွေးချယ်ခံပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment