Latest News

Monday, November 6, 2017

ပြည်သူများ သွားလာသော နေရာများတွင် ဆေးလိပ်သောက်မှု တားမြစ်ခြင်းကြောင့် ကျန်းမာရေးတိုးတက်လာနိုင်

ပြည်သူများ သွားလာသော နေရာများတွင် ဆေးလိပ်သောက်မှု တားမြစ်ခြင်းကြောင့် ကျန်းမာရေးတိုးတက်လာနိုင်

အများပြည်သူနေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ပါက ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်စေသော တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းများ လျော့ကျစေရေး ထိရောက်သော တားမြစ်မှု ဖြစ်လာနိုင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။
ယခုလေ့လာမှုက ဆေးလိပ်ငွေ့ကင်းစင်ရေး မူဝါဒများ၏ အ ကျိုးသက်ရောက်မှုကို ထောက်ပြထားသည်။

စပိန်နိုင်ငံတွင် နေရာနှစ်ခု၌ ဆေးလိပ်သောက်ခြင်းကို တားမြစ် ခဲ့ခြင်းကြောင့် ဆေးလိပ်ငွေ့နှင့် ထိတွေ့မှုလျော့ကျသွားပြီး ဥပဒေပြုမှုဆိုင်ရာ ကြိုးပမ်းမှုများဖြင့် ထိရောက်သော အစီအစဉ်များ ပြု လုပ်သင့်သည်ဟု သုတေသီများကပြောသည်။

ဆေးလိပ်မသောက်သူများသည် အများပြည်သူနေရာများတွင် ဆေးလိပ်သောက်သူများကြောင့် ဆေးလိပ်ငွေ့ရှူရှိုက်မိကာ ကျန်းမာရေးဆိုးကျိုးများ ကြုံတွေ့ကြရသည်။

အဆောက်အအုံအတွင်း အများပြည်သူနေရာများနှင့် အလုပ် နေရာများတွင် ဆေးလိပ်သောက်ခြင်း တားမြစ်လိုက်သဖြင့် လူအများ၏ ကျန်းမာရေးတိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သုတေသီများကပြောသည်။

ယင်းတားမြစ်မှုများကြောင့် ဆေးလိပ်ငွေရှူရှိုက်မိသူ သိသိသာသာ ကျဆင်းသွားကြောင်း သုတေသီများကပြောသည်။

ဆေးလိပ်ငွေ့တစ်ဆင့်ခံရှူမိခြင်းကြောင့် နှလုံးရောဂါ အပါအ၀င် ကျန်းမာရေးဆိုးကျိုးများစွာနှင့် ရင်ဆိုင်ကြရသည်။

ဆေးလိပ်ငွေ့ရှူမိသူများ၏ ခန္ဓာကိုယ်ထဲတွင် ဆေးလိပ်၌ ပါ ၀င်သော ဓာတုပစ္စည်းများစစ်ဆေးတွေ့ရှိပြီး ကာလကြာလျှင် ကျန်းမာရေးဆိုးကျိုးများ ကြုံတွေ့ရကြောင်း သုတေသီများကပြောသည်။

7Day News

No comments:

Post a Comment