Latest News

Friday, November 24, 2017

ကရင်​ ပြည်​နယ်​အတွင်းရင်းနှီးမြှပ်​နှံလိုသူများကိုဖိတ်​​ခေါ်

ကရင်​ ပြည်​နယ်​အတွင်းရင်းနှီးမြှပ်​နှံလိုသူများကိုဖိတ်​​ခေါ်

ကရင်​/နိုဝင်​ဘာ၂၅

ကရင်​ပြည်​နယ်​အတွင်းရင်းနှီးမြှပ်​နှံရန်​စိတ်​ပါဝင်​စားသည့်​ပြည်​တွင်းပြည်​ပရင်းနှီးမြှပ်​နှံလိုသူများကိုပြည်​နယ်​အစိုးရအ​နေဖြင့်​ပူး​ပေါင်းကူညီ​ဆောင်​ရွက်​​ပေးသွားမည်​ဖြစ်​​ကြောင်းနိုဝင်​ဘာ၂၄ရက်​မှ၂၅ရက်​တွင်​ကျင်းပသည့်​Karen state Investment fair-2017ကရင်​ပြည်​နယ်​ရင်းနှီးမြှပ်​နှံမှုပြပွဲတွင်​ပြည်​နယ်​၀န်​ကြီးချုပ်​နန်းခင်​​ထွေးမြင့်​ကဖိတ်​​ခေါ်​ပြောကြားခဲ့သည်​။

၎င်းက''ကရင်​ပြည်​နယ်​အစိုးရအ​နေနဲ့ပြည်​တွင်းပြည်​ပရင်းနှီးမြှပ်​နှံလိုသူများကရင်​ပြည်​နယ်​အတွင်းလာ​ရောက်​လုပ်​ကိုင်​ကြရာမှာအဆင်​​ပြေ​ချော​မွေ​စေ​ရေးအတွက်​လိုအပ်​သည်​များကိုပူး​ပေါင်းကူညီ​ဆောင်​ရွက်​​ပေးသွားမှာဖြစ်​ပါတယ်​''ဟု၎င်းရင်းနှီးမြှပ်​နှံရန်​​ရွှေးချယ်​နိုင်​​ကြောင်းလည်းဝန်​ကြီးချုပ်​ကဖိတ်​​ခေါ်သည်​။ အဆိုပါရင်းနှီးမြှပ်​နှံမှုပြပွဲကိုကရင်​ပြည်​နယ်​အစိုးရမြန်​မာနိုင်​ငံရင်းနှီးမြှပ်​နှံမှု​ကော်​မရှင်​နှင့်​ဂျပန်​အပြည်​ပြည်​ဆိုင်​ရာပူး​ပေါင်း​ဆောင်​ရွက်​​ရေး​အေဂျင်​စီ(IIca)တို့ပူး​ပေါင်းပြီးကရင်​ပြည်​နယ်​အတွင်းနိုင်​ငံခြားရင်းနှီးမြှပ်​နှံမှုမြှင့်​တင်​​ရေးစီမံကိန်း၏ကဏ္ဍတစ်​ရပ်​အ​နေဖြင့်​ပြည်​တွင်းပြည်​ပရင်းနှီးမြှပ်​နှံသုများဝင်​​ရောက်​လာနိုင်​​ရေးကျင်းပခြင်းဖြစ်​သည်​ဟုသိရသည်​။ ကရင်​ပြည်​နယ်​ အတွင်းပထမဆုံးအကြိမ်​ကျင်းပသည့်​အဆိုပါရင်းနှီးမြှပ်​နှံမှုပြပွဲကိုဘားအံ့မြို့ သီရီဘားအံ့ဟိုတယ်​တွင်​ကျင်းပခဲ့ခြင်းဖြစ်​ပြီးပြည်​နယ်​၀န်​ကြီးချုပ်​နန်းခင်​​ထွေးမြင့်​နှင့်​အစိုးရအဖွဲ့ဝင်​များမ​ကွေး မွန်​ ကယား ချင်းစသည့်​တိုင်းနှင့်​ပြည်​နယ်​များမှဝန်​ကြီးချုပ်​များ NCA လက်​မှတ်​ ​ရေးထိုးထားသည့်​ကရင်​တိုင်းရင်းသားလက်​နက်​ကိုင်​​တော်​လှန်​​ရေးအဖွဲ့များမှ​ခေါင်း​ဆောင်​များတက်​​ရောက်​ခဲ့ကြသည်​။ ထို့အပြင်​ထိုင်း တရုတ်​ ဗီယက်​နမ်​ ဂျပန်​စသည့်​ပြည်​ပနိုင်​ငံများမှရင်းနှီးမြှပ်​နှံရန်​စိတ်​ပါဝင်​စားသူများ ပြည်​တွင်းစီးပွား​ရေးလုပ်​ငန်းရှင်​များအပါအ၀င်​လူဦး​ရေ၆၃၀​ကျော်​တက်​​ရောက်​ခဲ့ကြပြီးရင်းနှီးမြှပ်​နှံမှုပြပွဲတွင်​အစိုးရဌာနဆိုင်​ရာနှင့်​ပြည်​တွင်းလုပ်​ငန်းရှင်​များပါဝင်​ပြသသည်​ပြခန်း၂၂ခန်းကိုပါဖွင့်​လှစ်​ပြသထားသည်​။ နိုဝင်​ဘာ၂၄ရက်​မှ၂၅တွင်​ပြုလုပ်​သည့်​ပွဲတွင်​ကရင်​ပြည်​နယ်​အတွင်းဟိုတယ်​နှင့်​ခရီးသွားလာ​ရေး စွမ်းအင်​လျှပ်​စစ်​ ပို့​ဆောင်​ဆက်​သွယ်​​ရေး သဘာဝသယံဇာတနှင့်​ဓာတ်​သတ္တုတူး​ဖော်​​ရေးအခွင့်​အလမ်းများသိုက်​ပျိုး​ရေးနှင့်​ဖွံ့ဖြိုး​ရေးစသည့်​ရင်းနှီးမြှပ်​နှံမှုဆိုင်​ရာအခွင့်​အလမ်းများအ​ကြောင်းကိုသက်​ဆိုင်​ရာလုပ်​ငန်းရှင်​များအစိုးရဌာနဆိုင်​ရာတာဝန်​ရှိသူများမှရှင်းလင်းတင်​ပြမှုများပြုလုပ်​ခဲ့ကြသည်​။ မြန်​မာနိုင်​ငံ ရင်းနှီး မြှပ်​နှံမှု​ကော်​မရှင်​ဥက္ကဋ္ဌ စီမံကိန်းနှင့်​ဘဏ္ဍ​ရေးဝန်​ကြီးဌာနပြည်​​ထောင်​စုဝန်​ကြီးဦး​ကျော်​၀င်းက''တိုင်းရင်းသားညီအစ်​ကို​တွေအားလုံးတူညီတဲ့အ​တွေးအမြင်​ညီညွတ်​မှု​တွေနဲ့​ဆောင်​ရွက်​လို့ရှိရင်​ကျွန်​​တော်​တို့ကရင်​ပြည်​နယ်​ကြီးဟာအခြား​သော​ဒေသများနည်းတူရင်​​ဘောင်​တန်းပြီးဖွံ့ဖြိုးနိုင်​တဲ့အလားအလာ​ကောင်း​တွေရှိတယ်​။ကရင်​ပြည်​နယ်​ကြီးဟာသယံဇာတ​မြောက်​မြားစွာရှိတယ်​။ကျွန်​​တော်​တို့ပိုင်​ဆိုင်​​ထားတဲ့ဥစ္စဓန​တွေကိုစနစ်​တကျမျှမျှတတနဲ့ရင်းနှီးလုပ်​ကိုင်​နိုင်​ခဲ့လို့ရှိရင်​တိုးနက်​ကြမှာဖြစ်​ပါတယ်​''ဟု​ပြောကြားသည်​။ ၎င်းအပြင်​ပြည်​နယ်​အတွင်းရှိတိုင်းရင်းသားလူငယ်​များအလုပ်​အကိုင်​အခွင့်​များရရှိ​ရေးအတွက်​ခရီးသွားလုပ်​ငန်းများနှင့်​ချိတ်​ဆက်​ကာသဘာဝအ​ခြေခံခရီးသွားလုပ်​ငန်းများအားမြန်​မြန်​ဆန်​ဆန်​အ​ကောင်​အထည်​​ဖော်​ရန်​လိုအပ်​​ကြောင်း၎င်းကတိုက်​တွန်း​ပြောဆိုသည်​။ ကရင်​ပြည်​နယ်​ အတွင်းသဘာဝသယံဇတ​ပေါကြွယ်​၀ပြီးငြိမ်းချမ်းမှုများရှိလာသည့်​အတွက်​ရင်းနှီးမြှပ်​နှံလိုသူများစိတ်​၀င်​စားမှုရှိ​သော်​လည်းယ​နေ့အထိပြည်​နယ်​အတွင်းရှိလူငယ်​အများစုမှာအလုပ်​အကိုင်​အခွင့်​အလမ်းနည်းပါးမှု​ကြောင့်​တစ်​ဖက်​အိမ်​နီးခြားနိုင်​ငံဖြစ်​သည့်​ထိုင်းနိုင်​ငံတွင်​သွား​ရောက်​အလုပ်​လုပ်​ကိုင်​မှုများရှိ​နေဆဲပင်​ဖြစ်​သည်​။ ကရင်​ပြည်​နယ်​ အတွင်းပြုလုပ်​သည့်​ရင်းနှီးမြှပ်​နှံမှုပြပွဲကိုနိုဝင်​ဘာ၂၄ရက်​မှ၂၅ရက်​​နေ့အထိဆက်​လက်​ကျင်းပခဲ့ပြီးဖြစ်​​ကြောင်းအလားတူပြပွဲမျိုးကိုမန္တ​လေးတိုင်း​ဒေသကြီးနှင့်​ရှမ်းပြည်​နယ်​များတွင်​အသီးသီးပြုလုပ်​ခဲ့ပြီဖြစ်​​ကြောင်းသိရသည်​။

No comments:

Post a Comment