Latest News

Friday, November 24, 2017

ရွေ​လောက်​လျှံ၉​လေးလုံး​ကျောက်​မီး​သွေးစက်​ရုံရပ်​ဆိုင်း​ရေးထပ်​မံဆန္ဒပြ​တောင်းဆို

ရွေ​လောက်​လျှံ၉​လေးလုံး​ကျောက်​မီး​သွေးစက်​ရုံရပ်​ဆိုင်း​ရေးထပ်​မံဆန္ဒပြ​တောင်းဆို

လှည်​ကူး/နိုဝင်​ဘာ၂၃

ရန်​ကုန်​တိုင်း​ဒေသကြီး  ​မြောက်​ပိုင်းခရိုင်​ လှည်​ကူးမြို့နယ်​ ​ဖောင်​ကြီးအ​နောက်​​ကျေးရွာနှင့်​ဥယျာဉ်​၀​ကျေးရွာကြားရှိ ကြီး​လေးကြီးအတွင်းတွင်​''ကိုင်​လျှိုကြီး''​ကျေးရွာအနီးတည်​​ဆောက်​ထား​သော​ရွှေ​လောက်​လျှံ၉​လေးလုံး​ကျောက်​မီး​သွေးစက်​ရုံ​ကြောင့်​​ဒေသခံပြည်​သူများစိုးရိမ်​​ကြောင့်​ကြထိတ်​လန်​​သောက​ရောက်​​နေ​ကြောင်းသိရသည်​။ လှည်​ကူးမြို့နယ်​၊ဘုရားကုန်း​ကျေးရွာအနီးဦးသန်းဝင်းက''ဒီစက်​ရုံ​ကြောင့်​​ဒေသခံပြည်​သူ​တွေ​ကြောက်​လန့်​​နေရတယ်​။ ကျန်းမာ​ရေး ကို​ဆိုးဝါးစွာထိခိုက်​မယ်​။စက်​ရုံ​ဆောက်​တာပွင့်​လင်းမြင်​သာမှုမရှိဘူး။ကျေးရွာသူ ​ကျေးရွာသား​တွေသ​ဘောမတူဘူး။ဒါ​ကြောင့်​ကျွန်​​တော်​ဦး​ဆောင်​ပြီး၂၃ ၁၁ ၂၀၁၇ရက်​​နေ့ နံနက်​၉နာရိမှာ၁၁နာရီအထိလူအင်​အား၅၀နဲ့ဆန္ဒပြ​တောင်းဆိုတာဖြစ်​တယ်​။ရပ်​ဆိုင်းမှုမရှိရင်​​တော့အင်​အားတိုးပြီးထပ်​မံဆန္ဒပြ​တောင်းဆိုမှာဖြစ်​ပါတယ်​''ဟုဆန္ဒပြပွဲဦး​ဆောင်​သူဘုရားကုန်း​ကျေးရွာ​နေဦးသန်းဝင်းကသတင်းမီဒီယာကို​ပြောသည်​။ကျောက်​မီး​သွေးစက်​ရုံတည်​​ဆောက်​လည်​ပတ်​မှု​ကြောင့်​ပြည်​သူများအတွက်​ရရှိနိုင်​​သောသုခနှင့်​ဒုက္ခတို့ကိုကွဲပြားခြားနားပုံကိုဧရာဝတီသဘာဝပတ်​၀န်းကျင်​ထိန်းသိမ်း​ရေးတာဝန်​ခံဦးသန့်​ဇင်​က''​ကျောက်​မီး​သွေးစက်​ရုံတည်​​ဆောက်​တာဘယ်​​လောက်​ပွင့်​လင်းမြင်​သာမှုရှိသလဲ။ ပြည်​သူလူထုကိုအသိ​ပေးပြီးနားလည်​သ​ဘော​ပေါက်​​အောင်​ရှင်းပြ​ပြောဆိုဖို့လိုတယ်​။သဘာဝပတ်​၀န်းကျင်​ထိန်းသိမ်း​ရေးပညာရှင်​​တွေနဲ့တိုင်​ပင်​​ဆွေး​နွေးညှိနှိုင်းပြီး၊ပညာရှင်​​တွေ​တွေ့ရှိ​ဖော်​ပြချက်​​တွေကိုတာဝန်​ရှိသူ​တွေကလိုက်​နာပြီးပြည်​သူ​တွေနဲ့အတူပွင့်​ပွင့်​လင်းလင်းတိုင်​ပင်​​ဖြေရှင်းသင့်​တယ်​ဗျာ။ပြည်​သူနဲ့အတူဆိုတဲ့စသားကတီဗွီမှာ သတင်းစာမှာ နံရံမှာ​ပြောကပ်​​နေရုံနဲ့အဆင်​​ပြေမှာမဟုတ်​ပါဘူး။တကယ်​လို့ပြည်​သူနဲ့အတူဆိုလျှင်​ပြည်​သူကြားကိုဆင်းပြီးပြည်​သူ​တွေ​တွေ့ကြုံ​နေရတဲ့​ကျောက်​မီး​သွေးစက်​ရုံဆိုးကျိုး​တွေကို​ဒေသခံအာဏာပိုင်​​တွေလှည်းကူးမြို့နယ်​ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ကြီး​တွေပြည်​သူ့ထံလာ​ရောက်​ပြီးကူညီ​စောင့်​​ရှောက်​​ပေးပါလို့​ပြောချင်​တယ်​ဗျာ''ဟုဧရည၀တီသဘာဝပတ်​၀န်းကျင်​ထိန်းသိမ်း​ရေးသင်​တန်း​ကျောင်းတည်​​ထောင်​သူတာဝန်​ခံဦးသန့်​ဇင်​ကသတင်းမီဒီယာကို​ပြောသည်​။ ​ကျောက်​မီး​သွေးစက်​ရုံနှင့်​ပတ်​သက်​ပြီးအ​သေးစိတ်​အချက်​အမှန်​ရရှိ​ရေးအတွက်​စက်​ရုံတာဝန်​ရှိသူများထံသွား​ရောက်​​တွေဆုံ​မေးမြန်းရာတွင်​လုံခြုံ​ရေးအ​ကြောင်းပြကာစက်​ရုံတံခါးပိတ်​ထားပြီးဆက်​သွယ်​​မေးမြန်းမှုအားတစ်​စုံတစ်​ရာ​ဖြေကြားခြင်းမရှိခဲ့​ကြောင်းသိရသည်။ ​ကျောက်​မီး​သွေးစက်​ရုံတည်​ရှိ​သောရန်​ကုန်​တိုင်း​ဒေသကြီး​မြောက်​ပိုင်းခရိုင်​ လှည်းကူးမြို့နယ်​သည်​ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်း၏မဲဆန္ဒနယ်​​မြေဖြစ်​ပြီးကျူး​ကျော်​ပြဿနာ၊​သောက်​​ရေသန့်​စက်​ရုံပြဿနာ၊​မြေယာပြဿနာများ​ဖြေရှင်း​ဆောင်​ရွှက်​ရာတွင်​ပွင့်​လင်းမြင်​သာမှုအားနဲပြီး ပြည်​သူများအတွက်​ထိ​ရောက်​မြန်​ဆန်​မှန်​ကန်​စွာရပ်​တည်​မှုမရှိ​ကြောင်းသိရသည်​။

ကျော်​လင်းနိုင်

No comments:

Post a Comment