Latest News

Friday, November 24, 2017

ဧရာဝတီတိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၁၀၀ ကျော် ပြန်ရွေးမည်

ဧရာဝတီတိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၁၀၀ ကျော် ပြန်ရွေးမည်

အရင်အစိုးရလက်ထက် ရွေးချယ်ထားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂၁၀၀ ကျော်ကို ပြန်လည်ရွေးချယ်သွားမယ်လို့ ဒီကနေ့ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

တတိယအကြိမ်ပြင်ဆင်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေအရ ရွေးချယ်သွားမှာဖြစ်ပြီး အစိုးရသစ် စတင်တာဝန်ယူတဲ့ ၂၀၁၆ ဧပြီ နောက်ပိုင်းရွေးချယ်တဲ့ အုပ်ချုပ်ရေးမှူး အယောက် ၉၀ ကျော်ကိုတော့ ပြန်လည်ရွေးချယ်မှာမဟုတ်ဘူးလို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တိုင်းအစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးကျော်မြင့်ကပြောပါတယ်။

တတိယအကြိမ်ပြင်ဆင်ထားတဲ့ ရပ်/ ကျေးအုပ်ချုပ်ရေး ဥပဒေမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့သက်တမ်းကို သမ္မတသက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြင်ဆင်ထားတာပါ။

ဒါကြောင့် တနိုင်ငံလုံးက တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ရေးကိစ္စတွေကို ဆောင်ရွက်နေကြတာပါ။

ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ မနေ့က အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး/ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံညှိနှိုင်းပြီး အရင်အစိုးရလက်ထက် ရွေးချယ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

DVB

No comments:

Post a Comment