Latest News

Saturday, November 25, 2017

ရွှေကချင်မှန်လုံယာဉ်ပေါ်မှာ တရားမဝင် ​ကျောက်​စိမ်းအရိုင်းတုံး ပိဿာချိန်​ ၁၃၀၀ ကျော် ဖမ်းမိ


အင်း​တော်​မြို့နယ်​အတွင်းမှ တရားမဝင်​​ကျောက်​စိမ်း အရိုင်းတုံးများ ဖမ်းမိ
စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်​၊ အင်း​တော်​မြို့နယ်​​ မန္တ​လေး - မြစ်​ကြီးနားသွား ကားလမ်း​ပေါ်မှာ ​ကျောက်​စိမ်းအရိုင်းတုံး ပိဿာချိန်​ ၁၃၃၆.၇၃ ပိဿာအား "​ရွှေကချင်​"မြစ်​ကြီးနား -ရန်​ကုန်​ခရီးသည်​တင်​ မှန်​လုံယာဉ်​ပေါ်၌ ယာဉ်​​မောင်းနှင့်​အတူ ဖမ်းမိခဲ့​ကြောင်း သိရပါသည်​။

ဖြစ်​စဉ်​မှာ ၂၄၊၁၁၊၁၇ ရက်​​နေ့ည​နေ(၇)နာရီအချိန်​ခန့့်​တွင်​ အင်း​တော်​မြို့နယ်​၊ နဘားရဲကင်းစခန်းမှူးရဲအုပ်​ခင်​​ဇော်​ထိုက်​နှင့်​ ရဲတပ်​ဖွဲ့ဝင်​များသည်​ သက်​​သေများနှင့်​အတူ အင်း​တော်​မြို့နယ်​ မ္တ​လေး - မြစ်​ကြီးနားသွားကားလမ်းမိုင်​တိုင်​အမှတ်​ ၁၄၄/၅ ​နေရာတွင်​ သတင်းအရ​စောင့်​ဆိုင်း​နေစဉ်​ ချစ်​မင်းဆိုသူ ​မောင်းနှင်​၍ ယာဉ်​​နောက်​လိုက်​နိုင်​လင်းထွန်း​ လိုက်​ပါလာ​သော 7C/5899 "​ရွှေကချင်​"မြစ်​ကြီးနား -ရန်​ကုန်​ခရီးသည်​တင်​ မှန်​လုံယာဉ်​အား မသင်္ကာ၍ ရပ်​တန့်​စစ်​​ဆေးရှာ​ဖွေရာ ၎င်းယာဉ်​​ပေါ်မှ ပုံပါအတိုင်းပီနံအိပ်​များဖြင့်​ ထည့်​၍သယ်​​ဆောင်​လာ​သော ​ကျောက်​စိမ်းအရိုင်းတုံးများထည့်​ထား​သောအိပ် ​(၅၈)အိပ်​ ၁၃၃၆.၇၃ ပိဿာ အား ရှာ​ဖွေစစ်​​ဆေး​တွေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ မှန်လုံယာဉ် ယာဉ်​မောင်းချစ်​မင်း ၊ ​ကျောက်​အိုက်​​ကျေးရွာ၊ ထီးချိုင့်​မြို့နယ်​​နေသူနှင့်​ ၊နိုင်​လင်းထွန်း၊ မုတ်​ခမူ​ကျေးရွာ၊ ​ညောင်​​လေးပင်​မြို့နယ်​​နေသူတိုအား အင်း​တော်​မြို့မရဲစခန်းမှ ဥပ​ဒေအရဖမ်းဆီး အ​ရေးယူ​ဆောင်​ရွက်​ ထား​ကြောင်း ရဲအုပ်​ခင်​​ဇော်​ထိုက်​မှ ​ပြောပြသိရှိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment