Latest News

Saturday, November 25, 2017

မအူပင်မြို့နယ်တွင်နှစ်လောင်းပြိုင်ခေါင်းပျက်သတ်မှုဖြစ်ပွား

မအူပင်မြို့နယ်တွင်နှစ်လောင်းပြိုင်ခေါင်းပျက်သတ်မှုဖြစ်ပွား

       ပုသိမ် l နိုဝင်ဘာလ ၂၅
 
     ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာတွင် နိုဝင်ဘာလ ၂၄ရက်ညနေ၆နာရီခန့်တွင် နှစ်လောင်းပြိုင်ခေါင်းပျက်သတ်မှုဖြစ်ပွားခဲ့ကြောင်း မအူပင်မြို့မရဲစခန်းမှသတင်းရရှိပါသည်။

   တလုပ်လပ်ကျေးရွာတွင်နေထိုင်သော ဦးသိန်းညိုသည် နိုင်ဝင်ဘာလ၂၄ရက် ညနေ၆နာရီခန့်တွင် အရက်သေစာသောက်စားကာ ငါးကန်အလုပ်သမားနှစ်ဦးဖြစ်သော လင်းထွဋ်နှင့်မောင်ထူးတို့အား သတ်ရန်ကြိုတင်ကြံစည်ကာ ထိုသူတို့အလစ်တွင် အသင့်ပါလာသောဓားဖြင့် ဦးခေါင်းများကိုခုပ်ပျက်ကာ ကိုကျော်လင်းငါးကန်ဘောင်ပေါ်တွင် အလောင်းတစ်လောင်းကိုစွန့်ပစ်ကာ ကျန်တစ်လောင်းကိုငါးကန်နွန်အိုင်တွင်စွန့်ပစ်၍ ဦးခေါင်းနှစ်လုံးကိုပီနံအိပ်ဖြင့်ထုပ်ကာသီခြားနေရာတွင်စွန့်ပစ်ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်မှူးရုံမှဦးစီးပထမတန်းအကြီးတန်းအရာရှိ ဒုရဲမှူးကြီး ခင်မောင်လတ်ထံမှသိရှိရသည်။

    "လူသတ်မှုကြီးကကြိုတင်ကြံစည်မှုကြီးပါ နှစ်ယောက်စလုံးအလစ်မှာရက်ရက်စက်စက်ခေါင်းကိုပျက်ကာသတ်တာပါ သူ့ကိုစစ်ဆေးတုန်းကလည်းအရက်သောက်ထားပါတယ် ဆိုးတာကအခုအသတ်ခံရတဲ့သူတွေရဲ့ငါးကန်ပိုင်ရှင်နဲ့ အခုလူသတ်တဲ့သူနဲ့တရားတွေ့ဘူးတယ်တဲ့ အဲ့ကြောင့်ရန်ငြိုးထားပြီး ကြိုတင်အကွက်ကျကျစီစဉ်ပြီမှလုပ်တာ သူကိုရဲတွေသွားဖမ်းတော့လည်း ထွက်မပြေးပါဘူးအေးအေးဆေးဆေးပဲအဖမ်းခံပါတယ်ဟု"ဦခင်မောင်လတ်ကပြောကြားခဲ့သည်။

   ၂၀၁၆ခုနှစ်အတွင်း ယခုအသတ်ခံသောသူများ၏မူလငါးကန်ပိုင်ရှင်ကိုကျော်လင်းနှင့် ဘေးခြင်းကပ်လျှက်နေထိုင်သော ငါးကန်ပိုင်ရှင်လူသတ်တရားခံ ဦးတွန်းညိုတို့မှာ ငါးကန်အငြင်းပွားမှုပြသနာကြောင့် တရားရုံးတော်တွင်တရားတွေ့ခဲ့ကျရာ အခုအသတ်ခံရသောသူနှစ်ဦးမှ ပိုင်ရှင်းဘက်မှလိုက်၍သက်သေထွက်ဆိုမှုအပေါ် သူသတ်တရားခံမှ တစ်စုံတစ်ရာကျေနပ်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ကြိုတင်ကြံစည်ကာ လုပ်ကြံသတ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆတ်လက်ပြောကြားခဲ့သည်။


               လင်းထွဋ်နှင့် မောင်းထူး တို့နှစ်ဦးကိုခေါင်းပျက်သတ်ခဲ့သော တရားခံဦးသိန်းညိုအား မအူပင်မြို့မရဲစခန်းမ (ပ)၅၄၆/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၄အရ အမှူဖွင့်အရေးယူထားကြောင်း မအူပင်မြို့မရဲစခန်းမှသတင်းရရှိပါသည်။

                            ထက်ဝဠာမင်း

No comments:

Post a Comment