Latest News

Tuesday, November 21, 2017

မိုးစပါးစံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်

မိုးစပါးစံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်

ဖျာပုံ    နိုဝင်ဘာ     ၂၁

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုမြို့နယ် အေးသာယာကျေးရွာအုပ်စု ကွင်းအမှတ်-၄၁၉ ဦးပိုင်အမှတ်-၁၂/၂ ရှိ တောင်သူ ဦးမျိုးအောင်၊ တောင်သူ ဦးအောင်ခိုင်ဝင်း၏ လယ်မြေ၌ စိုက်ပျိုးထားရှိသော ပေါ်ဆန်းရင် စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းကို ၁၃.၀၀ ဧက(Rs To Cs)  အားစံကွက် ရိတ် သိမ်းခြင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါလယ်မြေတွင် ဆောင်ရွက်သည်။

မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုစားလှယ်ဦးဘိုဘိုမင်းဇော်၊ ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လှိုင်တို့ ကအမှာစကားပြော ကြားကြပြီးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က စံကွက်စပါးစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားသို့စိုက် ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများ မှော်ဘီကျေးရွာ၊ အောင်သာယာ ကျေးရွာ၊ အေးသာယာကျေးရွာနှင့် သမိန်ထောကျေးရွာများမှတောင်သူများစုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ကြပြီး စံကွက်ရိတ် သိမ်းခဲ့ရာ တစ်ဧက လျှင်၆၀ ဒသမ ၁၆ တင်း နှုန်းထွက်ရှိကြောင်း သတင်းရရှိသည်။

အောင်ဝင်းနိုင် ဖျာပုံခရိုင်ပြန်ဆက်

No comments:

Post a Comment