Latest News

Tuesday, November 21, 2017

သီတဂူဆရာတော်ကို ဝေဖန်ပြစ်တင်မှုများအတွက် သီတဂူတပည့်များက တုံ့ပြန် ကြေညာချက်ထုတ်

သီတဂူဆရာတော်ကို ဝေဖန်ပြစ်တင်မှုများအတွက်
သီတဂူတပည့်များက တုံ့ပြန် ကြေညာချက်ထုတ်

နိုဝင်ဘာ(၂၁) ၂၀၁၇ ရန်ကုန်

အောက်တိုဘာလ (၃၀)ရက်က ဘုရင့်နောင်တပ်မြို့၌
သီတဂူဆရာတော် ဟောကြားခဲ့သောဘုရင်ဒုဋ္ဌဂါမဏိ
ရာဇဝင်ပါ ဟောကြားချက်များနှင့်ပတ်သက်၍ ဝေဖန်မှုများ
အပေါ် သီတဂူ ဆရာတော်၏ တပည့်ဆရာတော်များက တုံ့ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

သီတဂူဆရာတော်၏ ဟောပြောချက်နှင့် ပတ်သက်၍
မန္တလေးမြို့၊ မြဝတီမင်းကြီး ကျောင်းတိုက် နာယကဆရာတော် ဦးအရိယဝံသာဘိဝံသက ယခုလ (၁၃)ရက် နေ့တွင် R F A အသံလွှင့်ဋ္ဌာနမှ တဆင့် " ဒီလိုပြောဆိုမှုဟာ သာသနာ့
အသရေကို အများကြီး ညှိုးနွမ်းစေတယ်လို့ပဲ မြင်တယ်၊
ဒါကြောင့် သူ့ကိုတော့ဟိုနား အောက်တိန်းပက်၊ ဒီနား
ဓာတ်ဆီဖြန်းတဲ့ ကိုယ်တော်ကြီးလို့ ဘုန်းကြီးကတော့
အဲဒီအတိုင်းပဲ မြင်နေတယ်" ဟု ပြောကြားခြင်းမှာ
သီတဂူဆရာတော်ကို မတရားသဖြင့် စွပ်စွဲပုတ်ခတ်ခြင်း ဖြစ်ကြောင်းသီတဂူဆရာတော်၏ တပည့်များက မိန့်သည်။

" ဒကာကြီးတို့အနေနဲ့လည်း မိဘက မွေးတဲ့သားသမီး။ ဘုန်းကြီးတို့ကလည်း သီတဂူသည် ဘုန်းကြီးတို့ရဲ့ ပဲ့ကိုင်ရှင်၊
ဖခင်၊ မီးအိမ်ရှင်။ အဲဒီတော့ ခံစားပေးဖို့ကတော့ ကိုယ်မိ့ဘကို သားသမီးရှေ့မှာဆဲရင် အဲဒီသားသမီးသည် ဘယ်လိုခံစား
ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်စဉ်းစားမိရင်ဘုန်းကြီးတို့ရဲ့ တုံ့ပြန်ရတဲ့အကြောင်းကို သိနိုင်ပါတယ် " ဟု သီတဂူ
ကြယ်တစ်ပွင့် အရှင်ပညာနန္ဒ က မိန့်သည်။

ယခုတုံ့ပြန်ကြေညာသော သဘောထားကြေညာချက်သည် သီတဂူဆရာတော်ကြီး၏ မိန့်မှာ ညွှန်ကြားချက်မဟုတ်ဘဲ မခံရပ်နိုင်သည့်တပည့်သား သံဃာများကသာထုတ်ပြန်ခြင်း
ဖြစ်ကြောင်း၊ သီတဂူဆရာတော်ကြီးအနေဖြင့် ပရဟိတလုပ်ငန်း
များကိုသာ အာရုံစူးစိုက်လုပ်ကိုင်နေကြောင်း အရှင်ပညာနန္ဒ က ဆက်မိန့်သည်။

မြန်မာဗုဒ္ဓသာသနာ သမိုင်းတွင် မဟာဝံသကျမ်း၌ ပါရှိသော ဘုရင်ဒုဋ္ဌဂါမဏိ၏ ရာဇဝင်ကို ကန့်ကွက် ရှုတ်ချသော သံဃာ တစ်ပါးတစ်လေမှ မရှိခဲ့ကြောင်း။သို့သော် ယနေ့ဒီမိုကရေစီ
ခေတ်တွင် ယင်းဒုဋ္ဌဂါမဏိရာဇဝင်၌ ပါရှိသော ရဟန္တာမထေရ်များ၏ မိန့်ကြားချက်တို့ကို လောကကျင့်ဝတ်နှင့် ဓမ္မကျင့်ဝတ်ကို နားမလည်ကြသည့် တချို့ရဟန်းတော်များက ကန့်ကွက် ရှုတ်ချနေကြကြောင်း၊သီတဂူဆရာတော်၏ ဟောပြောချက်သည် စာပေကျမ်းဂန် နှင့် ညီညွတ်သကဲ့သို့ ကျီးသဲလေးထပ် ဆရာတော်၊မဟာဂန္ဓာရုံဆရာတော် စသော ရှေးဆရာတော်များ၏ အယူအဆ နှင့်လည်း ညီညွတ်ကြောင်း သီတဂူဆရာတော်၏
တပည့်များက အကိုးအကားများဖြင့် တုံ့ပြန်ခဲ့သည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယဝံသာဘိဝံသ၏
ယင်း စွပ်စွဲပုတ်ခတ်မှုသည် သီတဂူဆရာတော်ကိုသာ မတရားသဖြင့်
စွပ်စွဲ ပုတ်ခတ်သည် မဟုတ်ဘဲ ရဟန္တာ (၈)ပါးကိုလည်း
စွပ်စွဲပုတ်ခတ်ရာ ရောက်ကြောင်း၊ထို့ကြောင့် သီတဂူဆရာတော်၏ တပည့်များအနေဖြင့် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယဝံသာဘိဝံသကို အပြင်းအထန် ကန့်ကွက်
ရှုတ်ချကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးအရိယဝံသာဘိဝံသအနေဖြင့် ဆက်လက်၍ သီတဂူဆရာတော်နှင့် ရှေးဆရာတော်ကြီးများကို မတရားသဖြင့် စွပ်စွဲပုတ်ခတ်မည် ဆိုပါက လုပ်ထုံးလုပ်နည်းအရ တုံ့ပြန်ဖြေရှင်းသွားမည် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - သီတဂူ ရန်ကုန်

The Nyang News

No comments:

Post a Comment