Latest News

Tuesday, November 21, 2017

ဖျာပုံမြို့နယ် အမှတ် (၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ဖျာပုံမြို့နယ် အမှတ် (၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား


ဖျာပုံ နိဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် အမှတ် (၂) ရပ်ကွက်အနော်မာလမ်းတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀း၁၅ မိနစ် အချိန်က ဘုရားစင် မီးပူဇော်ထားစဉ် လျှပ်စစ်မီးသီး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖျာပုံမြို့နယ် အမှတ် (၂) ရပ်ကွက်အနော်မာလမ်း၊ အမှတ် (၉၈) နေ ဦးကျင်စွမ်း(ခ) ဦးလှထွန်း အသက် ၈၁ နှစ် အဘ ဦးစင်ကား ဝက်သားလိုင်စင်လုပ်ငန်း လုပ်ကိုင်သူ ပိုင်ဆိုင်သော အလျား ၆၀ ပေ ၊ အနံ ၄၀ပေ၊ အမြင့်၂၀ပေရှိ RC (၂)ထပ်တိုက်တစ်လုံးနေအိမ်အပေါ်ထပ် ဘုရားစင်တွင် မီးပူဇော်ထားစဉ် လျှပ်စစ်မီးသီးမီး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်ရာသို့ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းရွှေ ဖျာပုံခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးဝေ ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂)ဦး၊ အရန်မီးသတ်(၂၂)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့် ဦးစီးသော ရဲတပ်ဖွဲ့ဝင်(၂၃)ဦး၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား (၄၀၀) ကျော်တို့သည် မီးသတ်ရေယာဉ် (၄)စီး၊ အုပ်ချုပ်မှုယာဉ် ( ၁ )စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၅၀ မိနစ်အချိန် တွင် လုံးဝမီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် RC (၂)ထပ်တိုက်နှင့် အတွင်းပရိဘောဂ ပစ္စည်းများအားလုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆသူ ဦးကျင်စွမ်း(ခ) ဦးလှထွန်းအား ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် ဖျာပုံမြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment