(၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ ဆက်စပ်ထိပ်သီးအစည်းအဝေးများနှင့် အာဆီယံ-အေးပက်ခေါင်းဆောင်များ
သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်မည်
နေပြည်တော် နိုဝင်ဘာ ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရီုဒရီဂို ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ရန် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ မကြာမီ သွားရောက် မည်ဖြစ်သည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင် ကွမ် ၏ ဖိတ်ကြားချက် အရ ဒါနန်းမြို့တွင် ကျင်းပမည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့် တွေ့ဆုံပွဲသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Myanmar State Counsellor Office
No comments:
Post a Comment