Latest News

Thursday, November 23, 2017

တရုတ်ပြည်က လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ အတွက် ထောင်လိုက်သစ်တော များ(China is building vertical forests)


တရုတ်ပြည်က လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ အတွက်
ထောင်လိုက်သစ်တော များကို ပြုစုပျိုးထောင်မှုကိုစပြုလုပ်နေပါတယ်။
ဒီသစ်တောတွေက တစ်နေကို အောက်စီဂျင် ၆၀ ကီလိုဂရမ်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီသစ်တောမျှော်စင်တွေမှာ သစ်ပင်ပေါင်း ၁၂၀၀ နဲ့ အပင်ပေါင်း ၂၅၀၀ ခန့်ပါဝင်မှာ ဖြစ်ပါတယ်။နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ ၂၅ တန်ကို စုပ်ယူနိုင်မှာဖြစ်ပါတယ်။တရုပ်ပြည်ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုအများဆုံးနိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး အခုလို အစီအစဉ်တွေနဲ့ လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်မယ်ဆိုရင်
အနာဂတ်တရုပ်ပြည်ရဲ့ မြို့တွေဟာ လေထုညစ်ညမ်းမှုက ကင်းစင်ပြီး ပိုပြီး စိမ်းလန်း တဲ့ပတ်ဝန်းကျင်ကိုဖန်တီးလာနိုင်မှာဖြစ်ပါတယ်။
ဒီလိုသစ်တောမျိုးတွေကို အီတလီနိုင်ငံ၊မီလန်မြို့မှာ ၂၀၁၄ လောက်ထဲက စတင် စိုက်ပျိုးခဲ့ကြပါတယ်။
SJ(Time Ayeyar)

china build vertical forests

No comments:

Post a Comment