Latest News

Saturday, November 25, 2017

ဇင်ဘာဘွေနိုင်ငံမှာ မြို့တော် ဟာရာရေမှာ အမ်မာဆန် မနန်ဂါဂွါဟာ သမ္မတသစ် အဖြစ် သောကြာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆို


သမ္မတသစ် အမ်မာဆန် မနန်ဂါဂွါဟာ သမ္မတဟောင်း ရောဘတ် မူဂါဘီ ရဲ့ လက်ကျန် သမ္မတသက်တမ်း
ပြီးဆုံးပြီး ၂၀၁၈ ရွေးကောက်ပွဲ ကျင်းပ သည် အထိ သမ္မတ တာဝန်ကို ထမ်းဆောင်မှာပါ။
သမ္မတဟောင်း မူဂါဘီ က ရာထူးက မဆင်းခင် နိုဝင်ဘာ ၆ရက်မှာ သူ့ကို ဒုသမ္မတ အဖြစ်ကနေ
ထုတ်ပယ်အပြီး နိုင်ငံအပြင်ကို ထွက်ပြေးခဲ့ရတဲ့ မနန်ဂါဂွါဟာ ဗုဒ္ဓဟူးနေ့ ညနေက ဇင်ဘာဘွေ နိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။

 မူဂါဘီ ကတော့ စစ်တပ်နဲ့ ပြည်သူတွေရဲ့ ဖိအားကြောင့် အင်္ဂါနေ့က ရာထူးကနေ နှုတ် ထွက် ပေးခဲ့
ရတောပါ၊ နောက်တနေ့မှာပဲ လက်ရှိ အာဏာရ ဇာနု ပီအဲ့ဖ် ပါတီက မနန်ဂါဂွါကို သမ္မတအဖြစ် နာမည်စာရင်း သွင်းခဲ့ပါတယ်။မနန်ဂါဂွါ ကတော့ ပြည်သူကို အမှုထမ်းမယ် ဇင်ဘာဘွေ ပြည်သူအားလုံး ညီညွတ် ကြဖို့ လိုတယ် အလုပ်အကိုင် ဖန်တီးဖို့ စီးပွားရေး တိုးတက်အောင် လုပ်မယ် လို့ ဗုဒ္ဓဟူးနေ့ မှာ ပြောတဲ့ ပထမဆုံး မိန့်ခွန်းမှာ ကတိပေးခဲ့ ပါတယ်။
အိမ်နီးချင်း တောင်အာဖရိက နိုင်ငံမှာ နေထိုင် ကြတဲ့ ထောင်နဲ့ချီ တဲ့ ဇင်ဘာဘွေ နိုင်ငံသားတွေကတော့ ခေါင်းဆောင်သစ်ရဲ့ လမ်းညွှန်ချက် ကို စောင့်နေကြ တာပါ. မူဂါဘီကို ရာထူးက ဆင်းဖို့ ဖိအားပေးခဲ့ပေမယ့် တချိန်က တိုင်းပြည်တာဝန် ဘယ်လို ထမ်းဆောင် ခဲ့တယ်ဆိုတာကို မမေ့ခဲ့ ဘူး လို့လဲ သူတို့က ပြောပါတယ်. ဘယ်သူကမှ ရာနှုံးပြည့် မမှန်ကန်နိုင် ဘူး မူဂါဘီရဲ့ တခုတည်းသော ပြသနာက မျိုးနွယ်စု ဖွဲ့မှုဝါဒီ ဖြစ်နေတာပဲ လို့လဲ တောင်အာဖရိက ရောက် ဇင်ဘာဘွေ နိုင်ငံသား တယောက်က ပြောခဲ့ပါတယ်။
သီရိထက်စံ

No comments:

Post a Comment