Latest News

Saturday, November 18, 2017

ဒုက္ခသည် ပြသာနာ တရုတ် အဆိုပြုချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ


ဘင်္ဂါလီ ဒုက္ခသည်များ ပြသာနာကို နှစ်နိုင်ငံခြင်းသာ ဖြေရှင်းကြရန် တရုတ် နိုင်ငံခြားရေး
ဝမ်ယီ ရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်က ပါယ်ချ လိုက်ပြီး နိုင်ငံတကာ ဖိအား နဲ့ အကျပ်
ကိုင် ဖြေရှင်းမယ် ဆိုတဲ့လမ်းစဉ်ကို ဆက်ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံသည် အမေရိကန် ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာ၏ ဖိအားကို ဆယ်စု
နှစ်ပေါင်းများစွာ အရေး မစိုက် နေလာခဲ့သည်ကို ၎င်းတို့ မေ့လျော့နေပြီး OIC နိုင်ငံများ၏
ဖိအားလောက်ကိုတော့ ဖုတ်လေသိ ငပိ ရှိသည်ဟု ပင် ထင်မည် မဟုတ်သည်ကို
တွက်မထား ကြလေရော့သလား။

သို့ မဟုတ်ပါက ဒုက္ခသည်များ ဗန်းပြပြီး နိုင်ငံတကာ အကူ အညီများ ရယူရေး နှင့်
လာမည် ရွေးကောက်ပွဲ အထိ အချိန်ဆွဲနိုင်ရေး တို့ အတွက် ရည်ရွယ်သည်သာ ဖြစ်ပေမည်။
တရုတ်ကတော့ အဆိုပါ ကိစ္စကို အနောက်နိုင်ငံများက လိုအပ်သည်ထက် ခြေရှုပ်လာ
ကာ ဘင်္ဂလားဒေ့ရှ်အား လက်ရှိ ၎င်းတို့၏သြဇာ စက်ဝန်း အတွင်းမှ ဆွဲထုတ်သွား
နိုင်မယ့် အရေးကို စိုးရိမ်ပူပန်နေပုံရပါတယ်။

တရုတ် တို့ စိုးရိမ်မည်ဆိုကလည်း စိုးရိမ်စရာပေ။ ဂျပန်၊ ဆွီဒင်၊ ဂျာမဏီ
နဲ့ အခြား အီးယူ နိုင်ငံများ မှ နိုင်ငံခြားရေးဝန်ကြီး များ နဲ့ အမေရိကန် ကွန်ဂရက် အမတ်
တွေဘင်္ဂါလားဒေ့ရှ်မှာခြေရှုပ်လာနေကြပါတယ်။
သို့ အတွက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ကနှစ်နိုင်ငံအကြား ဖြန်ဖြေတဲ့ ကဏ္ဍ မှ ဆောင်
ရွကိရန် အဆိုပြုတာကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာပဲ ဗွေဆော်ဦး ပါယ်ချ ခံလိုက်ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကုလညီလာခံရဲ့ ဆုံးဖြတ်ချက်ကိုရုရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်၊ ဇင်ဘာ
ဘွေတို့ နဲ့ အတူ တရုတ်က ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

လက်ရှိ ဘင်္ဂါလီ အကျပ်အတည်းမှာလည်း တရုတ်ကဒေါ်အောင်ဆန်းစုကြည်ဖက်က အမာခံ ရပ်တည်သူ အဖြစ် မဖုန်းမကွယ်ထွက်ပေါ်လာခဲ့ပါတယ်။
အခုလာမယ့် တနင်္လာနေ့ မှာ ကျင်းပမယ့် ASEM လို့ခေါ်တဲ့ အာရှ-ဥရောပ နိုင်ငံခြား
ရေး ၀န်ကြီး အစည်းအဝေးကို တက်ရောက်ဖို့လည်း ရှိနေပါတယ်။

တရုတ် အဖို့က တောင်တရုတ်ပင်လယ် တွင်းက္ဈန်းများ ပိုင်ဆိုင်မှု အငြင်းပွားရာမှာ အာဆီယံ
နဲ့ အုပ်စုလိုက် မဆွေးနွေးပဲ သက်ဆိုင်ရာ အငြင်းပွား နိုင်ငံများ ဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်
ပိုင် အစ ရှိတဲ့ နိုင်ငံတွေနဲ့ နိုင်ငံချင်းလိုက်ဆွေးနွေးမယ်လို့ တသမတ်တည်း ပြောဆိုနေ
ခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်က ကုလသမဂ္ဂ အနေနဲ့ ပြသာနာကိုနှစ်နိုင်ငံချင်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်အောင်
သာ ကူညီသင့်တယ်လို့ ဆိုပါတယ်။
အခုကိစ္စ မှာ ဘင်္ဂလားဒေ့ရှ် မှ မြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားနဲ အကျပ်ကိုင်သွား
မယ် ဆိုတဲ့ မူဝါဒ သည် အမှားကြီး မှားသွားခဲ့ပြီ ဖြစ်ပါတော့တယ်။
လှစိုးဝေ

No comments:

Post a Comment