Latest News

Saturday, November 18, 2017

ဟင်္သာတရှိပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လက်အောက်က ဆိုင်ခန်း တစ်ခုတည်း ကွက်၍အခွန်တိုးကောက်ခံခြင်း


ပြည်သူများမှ ရွေးချယ်တင်မြှောက် ထားသော ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ နှင့်
သက်ဆိုင်ရာ အစိုးရ လူကြီးမင်းများ ခင်ဗျား...
ဟင်္သာတမြို့ ပေါ်တွင် အစိုးရ ဌာနဆိုင်ရာ ဝန်ကြီးဋ္ဌာနများ၏ မြေများပေါ်တွင် ဆောက်လုပ်ထားသော ဆိုင်ခန်းပေါင်းများစွာ တည်ရှိပါ၏
#ရဲစခန်းဝန်း၏ မြေပေါ်တွင် တည်ရှိသော ရဲဝန်းဆိုင်ခန်း
# အားကစားကွင်း ပတ်လည်တွင်ရှိသော အားကာဆိုင်ခန်း
#သစ်တောဝန်း အတွင်းရှိ သစ်တောဆိုင်ခန်း
#ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးဆိုင်ခန်း
#အကျဉ်းဦးစီးအောက်ရှိ အကျဉ်းထောင်ဆိုင်ခန်း
#ဆောက်လုပ်ရေး ဝန်ကြီးအောက်ရှိ ဆောက်လုပ်ရေးဆိုင်ခန်း
#ကျန်းမာရေး အောက်တွင်ရှိသော ကျန်းမာရေးဆိုင်ခန်း
#စည်ပင်သာယာအောက်တွင်ရှိသော စည်ပင်ဆိုင်ခန်း စသည့် စသည့် ဆိုင်ခန်းပေါင်းများစွာ ရှိသည့် ကြားမှ အခြား အရောင်းအဝယ် ကောင်းသော နေရာများတွင်ရှိ၍ ဆိုင်ခန်းများမှာ တစ်သောင်း / ကိုးထောင် / လေးထောင်ကျော် ဝန်းကျင်သာ ပေးဆောင်နေရပြီး ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လက်အောက်က
ဆိုင်ခန်း တစ်ခုတည်း ကွက်၍ တစ်သောင်းခွဲ + ကုန်သွယ်ခွန် ၅% ပေးဆောင်နေရာမှ ခြောက်သောင်း +
ကုန်သွယ်ခွန် ၅% ပေးဆောင်ရန် အစိုးရ မှ တောင်းခံပါသည် ဟု မန်နေဂျာ ဦးအေးကိုမှ ပြောကြားလာပါသည်
အစိုးရ အဖွဲ့ဝင် လူကြီးမင်းများ ခင်ဗျား
ဌာနဆိုင်ရာပိုင် ဆိုင်ခန်းပေါင်းများစွာ ရှိသည့်ကြားမှ တစ်ခုတည်းအား ရွေးချယ်၍ တောင်းခံလာခြင်းမှာ အခွန်ထမ်း ပြည်သူများ၏ အကျိုးစီပွားကို ပျက်စီးစေရန် ရည်ရွယ်ပါသလားဟု အခွန်ထမ်း ပြည်သူများ အနေဖြင့် သံသယ ဖြစ်စရာ ဖြစ်လာပါသည် ခင်ဗျား
ဦးအေးကိုပြောကြားသော government ကတောင်းခိုင်း လို့တောင်းရပါသည် ဆိုသည်မှာရော government ကရော ကွက်ကြား တောင်းခံခြင်းမှာ မျှတပါ၏လော ဟု တွေးထင်စရာ ဖြစ်လာပါသည်
ပြည်သူများ ရွေးချယ် တင်မြှောက်ထားသော အစိုးရတစ်ရပ် အနေဖြင့် အခွန်ထမ်း ပြည်သူများ၏ အခက်အခဲကို ဖြေရှင်းပေးနိုင်ပါရန် တင်ပြအပ်ပါသည်...
၁၉.၁၁.၂၀၁၇
ကျော်မင်းနိုင် ၁၄/ဟသတ (နိုင်)၀၄၆၅၃၂
၀၉၇၉၉၉၉၀၂၁၉

No comments:

Post a Comment