Thursday, November 30, 2017
ဒေသခံသက်ငယ်မိန်းကလေးအား ကျောက်မိုင်းက စက်ဆရာ ဆိုသူ ကျုးလွန်သောမုဒိမ်းမှု ကျောက်မိုင်းလုပ်သားမှ ၎င်း၏သားဖြစ်သူအား ရဲထံသက်သေထွက်ဆိုချက်မပေးစေပဲပြန်လည်ခေါ်ယူသွား
ပေါင်မြို့နယ် မိုးနှိုင်းရပ်ကွက် စွယ်တော်ပိုင်းတွင် လာရောက်လုပ်ကိုင်နေသော ဦးမောင်မောင်စိုးကျောက်
မိုင်းဟု အများခေါ်ဆိုနေသည့် ကျောက်ထုတ်ကုမ္ပဏီတွင် ကျာက် မိုင်း စက်မောင်းသူ(မုဒုံမြို့အမှတ်
၂ရပ်ကွက်မှ)ဖိုးလုံး ဆိုသူက အဆိုပါကျောက်မိုင်းတွင် တစ်ရက်၃ထောင်ကျပ်ဖြင့် နေ့စားလာရောက်လုပ်
ကိုင်နေသူ အသက်၁၅နှစ်ကျော်ခန့်အရွယ်ဒေသခံမိန်းကလေးအား နိုဝင်ဘာ၂၄ ရက်နေ့က မုဒိမ်းမှုကျုးလွန်ခဲ့သည်။
အဆိုပါအမှုအားမျက်မြင်တွေ့သူ ကလေး၃ ယောက်ရှိခဲ့ပြီး ရဲအမှုစစ်အရာရှိက နိုဝင်ဘာ၂၈ ရက်နေ့တွင်ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးသို့ ခေါ်ယူမေးမြန်းခဲ့စဉ် ကျောက်မိုင်းဝင်းထဲတွင်နေထိုင်ပြီး အခြားမြို့မှ ခေါ်ယူလာသည့်ကျောက်မိုင်းလုပ်သားတစ်ဦးက ၎င်း၏သားဖြစ်သူအားသက်သေထွက်ဆိုခွင့်မပြုပဲ ရပ်ကွက်
အုပ်ချုပ်ရေးမှုးရုံးက နေ ပြန်ခေါ်သွားခဲ့သည်။
"သူ့သားကို ချက်ချင်းလာပြန်ခေါ်သွားတယ်။ အမှုစစ်နေတာက ပေါင်ရဲစခန်းမှုးကိုယ်တိုင်ဖြစ်ပါတယ်။ သူက မိုင်းထဲမှာနေတဲ့အခြားဒေသကလာလုပ်စားတဲ့ သူပါ။ ဒီလို ကိုယ့်ဒေသကမိန်းကလေးကိုစော်ကားသွားတဲ့ကိစ္စ သူတို့ကအချင်းချင်း ဆိုတော့ သက်သေထွက်ဆိုဖို့ ပေးမလုပ်တာဖြစ်နိုင်တယ်"ဟု သက်သေထွက်ဆို
ရန်ကူညီခေါ်ပေးခဲ့ရသူ ဦးခေမိန် ကဆိုသည်။
အဆိုပါကိစ္စအပေါ် ပေါင်ရဲစခန်းမှုးအားတွေ့ဆုံမေးမြန်းခဲ့ရာ"သူ့မိဘက လာပြန်ခေါ်တယ် ရဲက
ဝတ္တရားအတိုင်းမေးမြန်းတာကိုသူကခွင့်မပြုဘူးဆိုတော့လည်း ကလေးမိဘဆန္ဒအတိုင်းပြန်ထည့်ပေးလိုက်ရပါတယ် " ဟု အမှုစစ်ရဲအရာရှိ ဖြစ်သူ ပေါင်ရဲစခန်းမှုး ဒုရဲမှုးထွန်းဇော်ဦးက ရှင်းပြခဲ့သည်။
၎င်း၏ အဆိုအရ ကလေးကိုခေါ်လာသဖြင့်နေ့စားလုပ်ငန်းအတွက် ရရှိငွေနစ်နာ ကြောင်းပြောဆိုခဲ့ပြီး
"နေ့စား အတွက်ဘယ်သူက ပေးမှာလဲ"ဟုသက်သေဖြစ်သူ ကလေး၏ဖခင် မှပြောသဖြင့်ထိုကလေး
အပါအ၀င် ၃ဦးစလုံးအတွက် ငွေ ၆ ထောင်ကျပ်အား ရဲစခန်းမှုးကပင် ကိုယ်ပိုင်ငွေဖြင့်ပင်စိုက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောက်မိုင်းသည် သာသနာ့နယ်မြေ နှင့်လည်းကောင်း ဒေသခံပြည်သူများသုံးစွဲနေသော ရေ
အရင်းအမြစ်နေရာဖြစ်နေ၍လည်းကောင်း စေတီပုထိုးများနှင့်နီးစပ်နေ၍လည်းကောင်းမြို့ပေါ် ရပ်ကွက်
အတွင်းလာရောက် လုပ်ကိုင်နေခြင်းဖြစ်၍လည်းကောင်းကျောက်မိုင်းမှ စီးဆင်းသောသဲမြေများ
ကြောင့်ချောင်းမြောင်းများတိမ်ကောပျက်ဆီးနေခြင်းအားကူညီပေးမှုမရှိပဲတာဝန်မဲ့မှုကြောင့်လည်းကောင်း
ဒေသခံများမှကန့်ကွက်ခြင်းများရှိနေပြီးယခုကဲ့သို့ ဒေသခံသက်ငယ်မိန်းကလေးအပေါ်မုဒိမ်းမှုကျုးလွန်လာသည့်ဖြစ်ရပ်များကြောင့် လုပ်ငန်း ပိတ်သိမ်းဖယ်ရှားစေရေး အတွက်ထိရောက်စွာ စုပေါင်းလုပ်ဆောင်ကြတော့မည်ဖြစ်ကြောင်းအချင်းဖြစ်နေရာပတ်ဝန်းကျင်တွင်လိုက်လံမေးမြန်းသိရသည်။
Paung Daily
ဒေသခံသက်ငယ်မိန်းကလေးအား ကျောက်မိုင်းက စက်ဆရာ ဆိုသူ ကျုးလွန်သောမုဒိမ်းမှု ကျောက်မိုင်းလုပ်သားမှ ၎င်း၏သားဖြစ်သူအား ရဲထံသက်သေထွက်ဆိုချက်မပေးစေပဲပြန်လည်ခေါ်ယူသွား
Reviewed by timeayeyar
on
9:10 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment