Latest News

Monday, November 13, 2017

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ မှာဒေသပေါက်ဈေး ကာလတန်ဘိုး ၁၄၄ သိန်းကျော်တန်ဘိုးရှိမူးယစ်ဆေးဝါးများဖမ်းဆီးရမိ အရေးယူဆောင်ရွက်



 ဧရာဝတီ တိုင်းဒေသကြီး ပုသိမ် နယ်မြေရဲစခန်းအပိုင်အတွင်း နယ်မြေခံမူးယစ်တပ်စု(၄၉)အဖွဲ့နှင့်ပုသိမ်ခရိုင် မှု/ကူ အဖွဲ့ပုသိမ်နယ်မြေရဲစခန်းတို့ပူးပေါင်းသော ရဲတပ်ဖွဲ့ဝင်များက သတင်းအရ အမှတ်(၇)ရပ်ကွက် မှာမူးယစ်ဆေးဝါးများ ဝင်ရောက်ရှာဖွေဖမ်းဆီးကြရာကွင်းဆက်ဖော်ထုပ်ဖမ်းဆီးကြရာ နှစ်နေရာပေါင်း wy စာတန်းပါ ရောင်စုံစုစုပေါင်း ၂၈၉၈ ပြားဒေသပေါက်ဈေးဖြင့် ကာလတန်ဘိုး သိန်းပေါင်း ၁၄၄ သိန်းကျော်ဘိုးဖမ်းဆီးရမိပြီး ထွက်ပြေးတရားခံတဦးဖမ်းဆီးရမိသူနှစ်ဦးတို့အားအမှုဖွင့်အရေးယူထားကြောင်းသိ့ရသည်။

ဖြစ်စဉ်မှာ ၁၂.၁၁.၂၀၁၇.ရက်နေ့ ညနေ (၄)နာရီအချိန်ခန့် ပုသိမ်မြို့အမှတ်(၄၉)မူးယစ်တပ်စုမှ ဒုရဲအုပ်ဇော်ဝင်းဌေးနှင့်ရဲတပ်ဖွဲ့ဝင်များ ပုသိမ်နယ်မြေရဲစခန်း မှအမျိုးသ္မီးရဲမေ ဒုရဲအုပ်တင်နွယ်ဦး အပိုင်နယ်ထိန် ရဲဒုတပ်ကြပ် ကျော်ဝင်းထွန်း ပုသိမ်ခရိုင် မှု/ကူ ဌာနစုမှ နယ်မြေအပိုင်ရဲတပ်ကြပ်ခင်စိုးနှင့်ရဲတပ်ဖွဲ့ဝင်များတို့သည်အတူပူးပေါင်း၍ သတင်အရ ပုသိမ်မြို့ အမှတ် (၇)ရပ်ကွက် ရာမည (၁၁)လမ်း အမှတ် ၂၈၇၇ နေဖြိုးကြီး(ခ)ဇေယျာဖြိုး အသက် ၃၆ နှစ် (ဘ)ဦးကျော်မြင့် နေအိမ်အား သက်သေများနှင့်အတူ မူးယစ်ဆေးဝါးရှာဖွေဝရမ်းအမှတ် ၁၅/၂၀၁၇ ဖြင့်ဝင်ရောက်ရှာဖွေကြရာတခါးဖွင့်ရန်မေတ္တာရပ်ခံနေချိန် ဖြိုးကြီး(ခ)ဇေယျာဖြိုး ကအိပ်ခန်းအတွင်မှန်ဘာဂျာတံခါးမှလက်ထုပ်၍အိပ်ခန်းနှင့်ကပ်လျှက်အပြင်ဘက်ခြံဝန်းအတွင်းသို့အထုပ်များပစ်ချနေသည်တွေ့မြင်ရသဖြင့်ရဲတပ်ဖွဲ့ဝင်များကနေအိမ်ခြံတခါးအားကျော်တက်၍ဝင်ရောက်ရှာဖွေကြရာနေအိမ် အိပ်ခန်းဗိဒိုအတွင်းမှအညိုရောင်စက္ကူဗူးအတွင်မှခဲပြားစက္ကူနှင့်ပတ်လျှက်88/1တဆိပ်ပါနီညိုရောင်စိတ်ကြွရူးသွပ်ဆေး ၆ပြား ပစ်လိုက်သေါအထုပ်မျိုး အတွင်းမှအပြာရောင် ပလပ်စတစ်ကပ်ခွာအိပ်အတွင်းထည့်လျှက် wy စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆ ပြား နောက်အပြာရောင်ပလပ်စတစ်အိပ်အတွင်း wy စာတန်းပါလိမ္မော်ရောင် ၁၇၃ ပြား အဖြူရောင်ပလပ်စတစ်အိပ်ငယ်အတွင်းမှ wy စာတန်းပါ လိမ္မော်ရောင် ၆ ပြား ဆေးပြားစုစုပေါင်း ၁၉၁ ပြားနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင်အသုံးပြုသည်ဟုယူဆရသောလိုင်းကဒ်ပါ ရွှေရောင်လက်ကိုင်ဖုန်းတလုံးတို့အားဥပဒေနှင့်အညီသိမ်းဆည်းခဲ့၏။

ပူးပေါင်းအဖွဲ့က ဖြိုးကြီး(ခ)ဇေယျာဖြိုး အား မူးယစ်တပ်စုရုံးမှာစစ်ဆေးမေးမြန်းခဲ့ကြရာလွန်ခဲ့သော ၄ နှစ်ခန့်ကစိတ်ကြွရူးသွတ်ဆေးပြားအားစတင်သုံးစွဲခဲ့ပြီးတနေ့ ၄/၅ ပြားခန့်ကုန်ကြောင်း ဆေးပြားများကိုတော့ ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်နေ ကိုနေမျိုးသန့် မဝင်းဝင်း(ယုဝတီ ငါးဒိုင်) မှတပြား ၄၀၀၀ ကျပ်ဖြင့်ဝယ်ပြီးသုံးစွဲနေရာက မိမိသုံးစွဲစရိပ်ရရှိစေရန် တပြား ၅၀၀၀ ကျပ်ဖြင့်ပြန်လည်ရောင်းချခဲ့ကြောင်း ယ္ခု ၁၉၁ ပြား တပြား၅၀၀၀ နှင့်စုစုပေါင်းတန်ဘိုး ၉၅၅၀၀၀ ခန့်ရှိကြောင်းဆိုခဲ့၏။

ဖြိုးကြီး(ခ)ဇေယျာဖြိုး ၏ထွက်ဆိုချက်အရ ပူးပေါင်းအဖွဲ့က ဆက်လက်ပြီး စိတ်ကြွရူးသွတ်ဆေးပြားများရောင်းချသူများဖြစ်ကြသောကိုနေမျိုးသန့် မဝင်းဝင်း ယုဝတီ ငါးဒိုင်. ဒိုင်အမှတ် ၁၁ မာတ ကမ်းနားလမ်းသို့မူးယစ်ဆေးဝါးရှာဖွေဖမ်းစီးခွင့်ဝရမ်းအမှတ် ၁၆/၂၀၁၇ ဖြင့်သက်သေများနှင့်အတူရှာဖွေကြရာ နေအိမ်တွင် ကိုနေမျိုးသန့် မရှိဇနီးဖြစ်သူမဝင်းဝင်း တဦးတည်းသာတွေ့ရပြီး နေအိမ်တခါးအားဖွင့်မပေးဘဲအသင့်ပြုလုပ်ထားသောကြမ်းခင်းအပေါက်မှဗူးတဗူးအားမြစ်ရေအတွင်းပစ်ချလိုက်သည်ကိုတပ်ဖွဲ့ဝင်များနှင့်သက်သေတို့မြင်တွေ့လိုက်ရသဖြင့်ဆယ်ယူထားလိုက်ကြ၏။

ပူးပေါင်းအဖွဲ့က ဆက်လက်ပြီး အိမ်အတွင်းရှာဖွေကြရာစားပွဲအန်တွဲအတွင်းစီးကရက်ဗူးအတွင်းနံပါတ်အတူတသောင်းတန်အတု ၂၁ ရွက်တွေရှိရပြီး၎င်းစားပွဲပေါ်မှာမူးယစ်ဆေးဝါးမှီဝဲရာတွင်အသုံးပြုသည့် အအေးစုတ်ပိုက်တပ်လျှက်အဖုံးပါဗူးတခု လက်ကိုင်ဖုန်း တလုံး ရေတဲမှဆည်ယူထားသောဗူးအတွင်းမှ လိမ္မော်ရောင် ၂၀၀ ပြားပါ၁၁ထုပ် ၁၂၁ ပြားပါ တထုပ်အညိုရောင် ၂၀၀ ပါ ၁ ထုပ် ၁၈၆ ပြားပါ ၁ ထုပ် စုစုပေါင်း ဆေးပြား အရေတွက် ၂၇၀၇ ပြား ဒေသပေါက်ဈေး ၁ုပြား ၅၀၀၀ ကျပ်နှင့်စုစုပေါင်း ၁၃ ၅၃၅ ၀၀၀ ကျပ်နှင့်ဆက်စပ်ပစ္စည်းတို့အား ဥပဒေ နှင့် အညီသိမ်းဆည်းခဲ့၏။

ပူးပေါင်းအဖွဲ့က မဝင်းဝင်း အသက် ၄၁ နှစ်(ဘ)ဦးထိန်ဝင်း အားစစ်ဆေးကြရာ လွန်ခဲ့သော ၆ လခန့်က ခင်ပွန်းဖြစ်သူ စိတ်ကြွရူးသွတ်ဆေးများစတင်သုံးစွဲပြီး ရောင်းချခဲ့ကြောင်း ၎င်းမှာလွန်ခဲ့သော ၃ လခန့်က ခင်ပွန်းဖြစ်သူ ကသုံးစွဲကြည့်ရန်ပြောသဖြင့်စတင်သုံးစွဲခဲ့ကြောင်း ခင်ပွန်းဖြစ်သူ ကမည်သူမည်ဝါထံကဝယ်လာသည်ကိုပြောပြခြင်းမရှိကြောင်း မိမိတို့သုံးစွဲနေရင်အမြတ်ရ၍ရောင်းချနေကြောင်းဆိုခဲ့၏ ။

ယင်းဖြစ်စဉ်အား ပုသိမ်မြို့ အမှတ် (၄၉)မူးယစ်တပ်စုမှ ဒုရဲအုပ် ဇော်ဝင်းဌေး တရားလိုပြုတိုင်ကြားသော ကြောင့် ပုသိမ် နယ်မြေ ရဲစခန်းမူးယစ်(ပ)၈/၂၀၁၇.မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးမျာဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် ဖြိုးကြီး(ခ)ဇေယျာဖြိုး မဝင်းဝင်း နေမျိုးသန့် အသက် ၄၁ နှစ်(ဘ)ဦးချစ်သိန်းတို့အားအမှုဖွင့်၍အမှုအားဒုရဲအုပ်အောင်သူကတာဝန်ယူစစ်ဆေးဆောင်ရွက်ခဲ့သည် ။
နောက်ပုသိမ်နယ်မြေရဲစခန်း မူးယစ်(ပ)၉/၂၀၁၇.မူးယစ်ဆေးဝါးနှင်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့်မဝင်းဝင်းနှင့်ခင်ပွန်းနေမျိုးသန့်တို့အား အမှုဖွင့်၍ ၎င်းနောက် မဝင်းဝင်း အားဆက်လက်ပြီး တသောင်းတန်ငွေ အတုများကိုင်ဆောင်တွေ့ရ၍ပုသိမ်နယ်မြေရဲစခန်း (ပ)၃၀၀/၂၀၁၇. မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့်အမှုဖွင့်၍ အရေးယူဆောင်ရွက်နေပြီး အမှုအား လုံးအားဒုရဲအုပ်ဇော်ဝင်းဌေးကတရားလိုပြုတိုင်တန်းခဲ့ပြီးအမှုအားလုံးအား ဒုရဲအုပ်အောင်သူ ကတာဝန်ယူစစ်ဆေးဆောင်ရွက်ခဲ့၏ ။

အမှုစစ်မှ ရဲလုပ်ငန်းများ အမြန်ပြီးပြတ်အောင်ဆောင်ရွက်၍ အမှုအား သက်ဆိုင်ရာတရားရုံးတို့တွင်တရားစွဲတင်သွားဖြစ်ကြောင်းသိ့ရပါသည်။
ရွှေဘို ဝဠာ










No comments:

Post a Comment