Latest News

Monday, November 13, 2017

မိန်းမလှလေးတစ်ယောက်ကို ပတ်ပြေးနေတဲ့လက်ဝှေ့ကျော်


တိုင်းဧရာထူးခြားဆန်းပြားကမ္ဘာတလွှားကဏ္ဍ။
...............................
ဒီဗီဒီယိုထဲမှာ MMA Fighter တစ်ဦးက ထိုးသတ်ပြီးလို့
အနိုင်ရခဲ့ချိန်မှာ သူ့ရဲ့အောင်မြင်မှုကို ဂုဏ်ပြုမယ့်
မိန်းမချောလေးကို ကြိုးဝိုင်းထဲပတ်ပြေးနေတာတွေ့ရမှာပါ။
ကြိုးဝိုင်းထဲမှာ သူ့ရဲ့ပြိုင်ဖက်ကို မကြောက်မရွံ့ထိုးသတ်ခဲ့တဲ့
ဒီလက်ဝှေ့ကျော်ကြီးက ဘာကြောင့်များ
ချောချောလှလှ မိန်းကလေးတစ်ယော်က်ကို ထိတ်လန့်ပြီး
လှည့်ပတ်ရှောင်ဖယ်ပြေးနေပါလိမ့်။
မိန်းကလေးကိုကြောက်တတ်သူလား၊
မိန်းကလေးတွေနဲ့ထိတွေ့ဆက်ဆံရမှာကို
ရှက်တတ်သူလား။
...........................
............................

တကယ်တော့ ခုလိုမိန်းမချောလေးကို ပတ်ပြေးနေရတဲ့
အကြောင်းကတော့မိန်းကလေးတွေနဲ့ထိတွေ့ဆက်ဆံရမှာ
ကြောက်တတ်၊ရှက်တတ်လို့မဟုတ်ပါဘူး။
ဒီဗီဒီယိုထဲက လက်ဝှေ့ကျော်က
တောင်ကိုးရီးယားနိုင်ငံက ဖြစ်ပြီးသူနာမည်က
ပါ့ခ်ဒေးစွန် လို့ခေါ်ပါတယ်။
ဒီပွဲမတိုင်ခင် နိုင်ခဲ့တဲ့ပွဲတစ်ပွဲမှာ ခုလိုပဲအောင်ပွဲခံတော့
ကောင်မလေးရဲ့ခါးကို သူက ခပ်ကြမ်းကြမ်းဆွဲဖက်ပြီးအောင်ပွဲခံခဲ့ပါတယ်။
ဒီအပြုအမူကြောင့်ကောင်မလေးက သူကို့
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တယ်ဆိုပြီး
တရားစွဲခံခဲ့ရတာကြောင့် လက်ဝှေ့ကျော်ကြီးခင်မြာ
ဒီတကြိမ်အောင်ပွဲခံချိန်မှာတော့
" ကောင်မလေးကိုမထိနဲ့ " ဆိုတဲ့ အဆိုတော်မနောရဲ့
သီချင်းစာသားလိုပဲမထိရဲမတို့ရဲနဲ့ခဲမှန်ဖူးတဲ့စာသူငယ်လို့
ကြိုးဝိုင်းထဲပတ်ပြေးနေရတဲ့ဘ၀ကို ရောက်ခဲ့ရခြင်းပါပဲ။
SZ(Time Ayeyar)
ယခုလို ထူးခြားဆန်းပြား အဖြစ်အပျက်အပျက်များကို
ဖတ်ရှုချင်ရင်တော့ တိုင်းဧရာ (Time Ayeyar ) page ကို
Like , see first လုပ်ထားကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်။


No comments:

Post a Comment