မြန်မာနိုင်ငံဟာ ၂၀၁၉ ဇွန်လမှာ အမေရိကန်ဒေါ်လာ ၁၅၅ မီလီယံခွဲကျော်ကုန်ကျမယ့် MyanmarSat-2 ဆိုတဲ့ ကိုယ်ပိုင်ဂြိုဟ်တုစနစ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ စနေနေ့ထုတ် Global New Light of Myanmar သတင်းစာမှာဖော်ပြပါတယ်။
အစိုးရပိုင် ဂြိုဟ်တုစနစ်အတွက် တခြားနိုင်ငံက transponder ကို ငှားပြီး သုံးတာ၊ ပူးတွဲပိုင်ဆိုင်တာနဲ့ လုံးဝပိုင်ဆိုင်တဲ့ နည်းလမ်းသုံးသွယ်နဲ့ လုပ်နိုင်တဲ့အကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက နေပြည်တော်မှာ ပြောကြားတယ်လို့ ဆိုပါတယ်။
လောလောဆယ်သုံးနေတဲ့ MyanmarSat- 1 ဟာ အငှားစနစ်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး MyanmarSat-2 ကို ပူးတွဲလုပ်မယ်လို့ ပြောပါတယ်။
ပြည်ပကုမ္ပဏီနဲ့ ငှားရမ်းလုပ်ငန်းတဲ့စာချုပ် သက်တမ်းကုန်သွားရင် MyanmarSat-2 ကို MyanmarSat-1 က ငှားရမ်းဖို့လည်း MyanmarSat-1 ကို လည်ပတ်နေတဲ့ ဝန်ကြီးဌာနတွေကို ဒု-သမ္မတ ဦးမြင့်ဆွေက တိုက်တွန်းပါတယ်။
Photo: Myanmar News Agency
RFA
No comments:
Post a Comment