Latest News

Monday, October 23, 2017

မြောက်ကိုရီးယား သံတမန်တဦးကို မြန်မာအစိုးရ နှင်ထုတ်

မြောက်ကိုရီးယား သံတမန်တဦးကို မြန်မာအစိုးရ နှင်ထုတ်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့ထားတဲ့ ကုမ္ပဏီနဲ့ အဆက်အစပ်ရှိတဲ့ မြောက်ကိုရီးယား သံတမန်တဦးကို မြန်မာအစိုးရက ဒီနှစ်ဦးပိုင်းမှာ
တိုင်းပြည်ကနှင်ထုတ်ခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင်မှာ ပါရှိပါတယ်။

တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ သမားရိုကျလက်နက်တွေနဲ့ စပ်ဆိုင်တဲ့ ပစ္စည်းကိရိယာတွေ တင်ပို့တဲ့ကုမ္ပဏီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကရော အမေရိကန်ပြည်ထောင်စုကပါ အရေးယူထားပါတယ်။

အဲဒီ ကိုရီးယား သတ္တုလုပ်ငန်းဖွံ့ဖြိုးရေးနဲ့ ကုန်သွယ်ရေးကော်ပိုရေးရှင်းကို  ရန်ကုန်မှာရှိတဲ့ မြောက်ကိုရီးယားသံရုံးမှာ လုပ်ကိုင်နေတဲ့ ဒုတိယအတွင်းဝန်  Kim Chol-nam  ပိုင်ဆိုင်တဲ့အတွက် မြန်မာအစိုးရက လိုအပ်သလို အရေးယူဆောင်ရွက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးက အောက်တိုဘာ  ၆ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒါကို မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့ရေးဆိုင်ရာ  လုံခြုံရေးကောင်စီကော်မတီ ဝက်ဘ်စာမျက်နှာမှာ အောက်တိုဘာ ၉ ရက်က အစီရင်ခံချိန်မှာ မြန်မာနိုင်ငံက ဆောင်ရွက်တာကို တပါတည်း ဖော်ပြတာပါ။

ဒီ သံတမန်ကို နိုင်ငံကထွက်ခွာဖို့ မြန်မာအစိုးရက မြောက်ကိုရီးယားသံရုံးကို ဧပြီ ၂၆ ရက်က အကြောင်းကြားစာပေးပို့ပြီး သံအရာရှိဟာ ဇွန် ၉ ရက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရက အပြည့်အဝလိုက်နာတယ်လို့လည်း သတင်းမျာဖော်ပြပါတယ်။

RFA

No comments:

Post a Comment