Latest News

Monday, October 23, 2017

ဒုက္ခသည်တွေ ဝင်မလာအောင် ထိန်းနေရတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

ဒုက္ခသည်တွေ ဝင်မလာအောင် ထိန်းနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်ြြေြေေ
ပာ

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ကနေ နောက်ထပ်ဝင်လာဖို့ စောင့်ဆိုင်းနေတဲ့ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်မလာအောင် ထိန်းထားနေရတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ နှစ်နိုင်ငံနယ်စပ်က ကြားခံနယ်မြေအတွင်း သုံးရက်ကြာ သောင်တင်နေခဲ့ကြတဲ့ ဒုက္ခသည် တသောင်းဝန်းကျင်ကို  ဘင်္ဂလားဒေ့ရှ်က ဝင်ခွင့်ပြုခဲ့ပါတယ်။

ဒ့ါပြင် နှစ်နိုင်ငံနယ်စပ် နတ်မြစ်ကို ဖြတ်ကူးပြီး လူ နှစ်ရာလောက် ဝင်ရောက်လာခဲ့ပြီးတဲ့နောက်၊ နောက်ထပ် ထောင်နဲ့ချီတဲ့လူတွေ မြစ်ကိုဖြတ်ကူးဖို့ တဖက်ကမ်းမှာ  စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

အဇူမန်ပရာ ပြည်နယ်ဘက်မှာတော့ ဒုက္ခသည် တသောင်းခွဲလောက်ကို ပြန်မောင်းထုတ်ခဲ့ရတယ်လို့ ဒေသခံ နယ်ခြားစောင့်တပ်ဖွဲ့ပြောပါတယ်။

ဒါ့ပြင် မြန်မာစစ်တပ်ကလည်း ဒုက္ခသည်တွေကို နယ်စပ်ဆီမသွားဖို့ ဟန့်တားခဲ့တယ်လို့ ကြားသိရကြောင်း နယ်ခြားစောင့်တပ် ပြောခွင့်ရသူတဦးက ပြောဆိုကြောင်း AFP သတင်း ကဖေါ်ပြပါတယ်။

အခုဆိုရင် ဘင်္ဂလာေးဒ့ရှ်ရောက် ဒုက္ခသည်ပေါင်း ၆ သိန်းကျော်ရှိသွားပြီလို့ ကုလသမဂ္ဂ က ပြောပါတယ်။

RFA

No comments:

Post a Comment