Latest News

Friday, October 27, 2017

MNA ​လေယာဉ်​၁၅မိနစ်​ခန့်​ပျံသန်းပြီးမှစစ်​​တွေ​လေယာဉ်​ကွင်းသို့ပြန်​ဆင်းသက်​ခဲ့ရ

MNA ​လေယာဉ်​၁၅မိနစ်​ခန့်​ပျံသန်းပြီးမှစစ်​​တွေ​လေယာဉ်​ကွင်းသို့ပြန်​ဆင်းသက်​ခဲ့ရ

စစ်​​တွေ\​အောက်​တိုဘာ၂၇

အောက်​တိုဘာ၂၆ရက်​ည​နေ၅နာရီခန့်​တွင်​စစ်​​တွေ​လေယာဉ်​ကွင်းမှရန်​ကုန်​သို့ပြန်​ရန်​ပျံတက်​ခဲ့သည့်​MNAမြန်​မာအမျိုးသား​လေ​ကြောင်းလိုင်း​လေယာဉ်​သည်​၁၅မိနစ်​ကြာ​ကောင်းကင်​​ပေါ်ပျံတက်​ပြီး​နောက်​အ​ရေး​ပေါ်စစ်​​တွေ​လေယာဉ်​ကွင်းသို့ပြန်​လည်​ဆင်းသက်​ခဲ့ရသည်​ဟုသိရသည်​။ ​လေယာဉ်​အမှတ်​UB206သည်​​အောက်​တိုဘာ၂၆ရက်​​နေ့၅နာရီ၁၅မိနစ်​ခန့်​ကခရီးသည်​၉၇ဦးတင်​​ဆောင်​၍စစ်​​တွေမှရန်​ကုန်​သို့ပျံသန်းစဉ်​​လေယာဉ်​​မောင်းအခန်းအတွင်းသို့​လေ၀င်​​ကြောင်းသိရသဖြင့်​စစ်​​တွေ​လေဆိပ်​သို့၅နာရီ၅၅မိနစ်​အချိန်​တွင်​အ​ရေး​ပေါ်ပြန်​လည်​ဆင်းသက်​ခဲ့ရ​ခြင်းဖြစ်​​ကြောင်းစစ်​​တွေ​လေဆိပ်​မှတာဝန်​ရှိသူတစ်​ဦးကအတည်​ပြု​သတင်းမီဒီယာကို​ပြောသည်​။ 'ဒီဖြစ်​စဉ်​​​ကြောင့်​ခရီးသည်​​တွေနဲ့​လေယာဉ်​ထိခိုက်​မှုမရှိခဲ့ပါဘူး'ဟုအဆိုပါတာဝန်​ရှိသူက​ပြောသည်​။ ယင်း​နောက်​စစ်​​တွေ​လေဆိပ်​သို့ဆက်​သွယ်​ရာ​လေယာဉ်​၀န်​ထမ်းတစ်​ဦးက​လေယာဉ်​ဆင်းသက်​ခဲ့ရသည်​မှာဟုတ်​မှန်​​ကြောင်းပြင်​ဆင်​ပြီး​နောက်​ည၉နာရီ၁၇မိနစ်​အချိန်​တွင်​ရန်​ကုန်​သို့ပြန်​လည်​ထွက်​ခွာသွားပြီဟုသိရသည်​။ ယင်းသို့ပြန်​လည်​ထွက်​ခွာရာတွင်​ခရီးသည်​၆၃ဦးသာလိုက်​ပါသွားပြီးကျန်​ခရီးသည်​၃၄ဦးမှာမိမိသ​ဘောဆန္ဒအရလိုက်​ပါသွားခြင်းမရှိခဲ့​ကြောင်းသိရသည်​။ အဆိုပါ​လေယာဉ်​သည်​ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​သို့​အောက်​တိုဘာ၂၆ည၁၀နာရီ၁၈မိနစ်​အချိန်​တွင်​​အောင်​မြင်​စွာ​ရောက်​ခဲ့​ကြောင်းသိရသည်​။
ကျော်​လင်းနိုင်

No comments:

Post a Comment