Latest News

Friday, October 27, 2017

ကျိုက်​ထီးရိုး ​တောင်​တက်​​ကေဘယ်​ကားများစမ်းသပ်​​မောင်းနှင်

ကျိုက်​ထီးရိုး ​တောင်​တက်​​ကေဘယ်​ကားများစမ်းသပ်​​မောင်းနှင်

ကျိုက်​ထို\​အောက်​တိုဘာ၂၇

မွန်​ပြည်​နယ်​၊ကျိုက်​ထိုမြို့နယ်​ရှိဆံ​တော်​ရှင်​ကျိုက်​ထီးရိုး​စေတီတွင်​ဇSkyAsiaကုမ္ပဏီမှတာဝန်​ယူ​ဆောက်​လုပ်​​နေတဲ့​ကေဘယ်​ကားစီမံကိန်းကိုဒီဇင်​ဘာလဆန်းပိုင်းမှာဖွင့်​လှစ်​​ပြေးနိုင်​ဖို့အတွက်​​အောက်​တိုဘာလ၂၄ရက်​ကစတင်​စမ်းသပ်​​မောင်းနှင်​မှုတွင်​ပြုလုပ်​​နေပြီဖြစ်​တယ်​လို့​ကေဘယ်​ကားစီမံကိန်းရုံးကတာဝန်​ရှိသူဦးမျိုး​ဝေက​ပြောသည်​။ SkyAsiaကုမ္ပဏီမှအထူးအကြံ​ပေးဦးမျိုး​ဝေက'လုပ်​ငန်းအ​နေနဲ့၉၅ရာခိုင်​နှုန်းပြီးစီး​နေပါပြီ။တွဲဆိုင်းအားလုံး၄၃ဆိုင်းကိုတပ်​ဆင်​ထားပါတယ်​။အောက်​တိုဘာ၂၄ရက်​စမ်းသပ်​ပြီး​မောင်းနှင်​​နေပါတယ်​။နိုဝင်​ဘာလဆန်း​လောက်​ကျရင်​လူတစ်​ဦးရဲ့အ​လေးချိန်​နဲ့ညီမျှတဲ့သဲအိတ်​၈အိတ်​တင်​ပြီး​တော့အကြိမ်​ကြိမ်​အခါခါစမ်းသပ်​​မောင်းနှင်​သွားပြီးဒီဇင်​ဘာလဆန်းပိုင်း​လောက်​မှဖွင့်​လှစ်​သွားမှာပါ'လို့၎င်းကဆိုသည်​။ရ​သေ့​တောင်​စခန်းမှရပြင်​​တောင်​အနီးစခန်းအထိ​ပြေးဆွဲမယ့်​​ကေဘယ်​ကား​ပြေးဆွဲ​ရေးစီမံကိန်းလုပ်​ငန်းရဲ့တပ်​ဆင်​စမ်းသပ်​တဲ့လုပ်​ငန်းမှာလည်းပြင်​သစ်​၊ကိုရီးယားနဲ့၊မြန်​မာနိုင်​ငံကကျွမ်းကျင်​တဲ့အင်​ဂျင်​နီယာ​တွေပူး​ပေါင်းပြီးစနစ်​တကျစစ်​​ဆေးသွားမှာဖြစ်​ပြီးလုံခြုံစိတ်​ချတဲ့အဆင့်​​ရောက်​မှသာဖွင့်​လှစ်​ပြုလုပ်​ဖို့စီစဉ်​ထား​ကြောင်းသိရသည်​။ ​ကေဘယ်​စီးနင်းခကိုလည်းပြည်​တွင်းဘုရားဖူးတစ်​ဦးကို​ငွေကျပ်​၃၀၀၀ကျပ်​၊ပြည်​ပဘုရားဖူးတစ်​ဦးကိုအ​မေရိကန်​​ဒေါ်လာ၅​ဒေါ်လာနဲ့အာမခံအတွက်​ကျသင့်​​ငွေကို​ပေးရမှဖြစ်​ပြီးလက်​မှတ်​အ​ရောင်းစနစ်​ကိုကွန်​ပျူတာစနစ်​နဲ့စီစဉ်​​ဆောင်​ရွှက်​​နေတယ်​လို့စီမံကိန်းရုံးမှသိရသည်​။ Sky Asiaကုမ္ပဏီမှ​ကေဘယ်​ကား​ပြေးဆွဲ​ရေးစီမံကိန်းကိုအ​မေရိကန်​​ဒေါ်လာသန်း၂၀ရင်းနှီးမြှပ်​နှံပြီးမြန်​မာနိုင်​ငံရင်းနှီးမြှပ်​နှံမှု​ကော်​မရှင်​ဖMIcရဲ့ခွင့်​ပြုချက်​နဲ့​ဆောင်​ရွှက်​​နေပြီးကျိုက်​ထီးရိုး​ဘေးမဲ့​တောနယ်​​မြေမှာ​မြေဧက၁၃ဒသမ၅ဧကကိုနှစ်​ရှည်​ငှါးရမ်းစာချုပ်​နဲ့လုပ်​ကိုင်​​နေတာဖြစ်​ပါတယ်​။တွဲဆိုင်း​ပေါင်း၄၃တွဲချိတ်​ဆွဲပြီးအရန်​၁တွဲထားရှိကာ၁တွဲလျင်​လူ၈ဦးစီးနင်းနိုင်​တယ်​လို့သိရရသည်​။'​ကေဘယ်​ကားစီမံကိန်းလုပ်​ငန်းမှာတာဝန်​ထမ်း​ဆောင်​ကြမယ့်​လုံခြုံ​ရေးများ၊ဆရာဝန်​၊သူနာပြု​တွေနဲ့တခြားလိုအပ်​တဲ့ဝန်​ထမ်းအဆင့်​ဆင့်​ကိုလည်းစိစစ်​​ရွှေးချယ်​ထားပြီးဖြစ်​ကာနိုဝင်​ဘာလပထမအပတ်​တွင်​၀န်​ထမ်းခန့်​အပ်​သွားမှာဖြစ်​ပြီး​ကေဘယ်​ကားစီးခရီးသည်​​တွေအတွက်​အသပ်​အမခံထားရှိ​ရေးကိုလည်းက​မ္ဘေဇဘဏ်​နဲ့ညှိနှိုင်း​ဆောင်​ရွှက်​ထားတယ်​'လို့ဦးမျိုး​ဝေကသတင်းမီဒီယာကို​ပြောသည်​။ SkyAsiaကုမ္ပဏီရဲ့​ကေဘယ်​ကား​ပြေးဆွဲ​ရေးစီမံကိန်းဟာကျိုက်​ထီးရိုး​တောင်​စိမ်းလန်းစိုပြည်​​ရေးအတွက်​သစ်​ပင်​မျိုးစုံ၅၀၀၀ပင်​ကိုစိုက်​ပျိုးထားပြီးကျိုက်​ထီးရိုး​စေတီ​တော်​နယ်​​မြေမီး​ဘေးကာကွယ်​​ရေးအတွက်​မီးသတ်​ကား(၂)စီးဝယ်ယူရန်​​ငွေကျပ်​သိန်း၆၀၀ကိုမွန်​ပြည်​နယ်​အစိုးရအဖွဲ့ရုံးမှာ​အောက်​တိုဘာလ၁၀ရက်​​နေ့ကသွား​ရောက်​လှူဒါန်းခဲ့တယ်​လို့လည်းသိရှိရသည်​။
ကျော်​လင်းနိုင်

No comments:

Post a Comment