Latest News

Friday, October 27, 2017

မိမိတို့ပါတီသည် ခလုတ်တိုက် လဲသည့်အဆင့်သာရှိပြီး ထာဝရလဲနေခြင်းမဟုတ်ကြောင်း ကြံ့ဖွတ် ပါတီဥက္ကဋ္ဌ ပြော

မိမိတို့ပါတီသည် ခလုတ်တိုက် လဲသည့်အဆင့်သာရှိပြီး
ထာဝရလဲနေခြင်းမဟုတ်ကြောင်း ကြံ့ဖွတ် ပါတီဥက္ကဋ္ဌ ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ခလုတ်တိုက်လဲ
သည့်အဆင့်သာရှိပြီး ထာဝရလဲနေခြင်းမဟုသဖြင့် ထိုသို့မခံယူဘဲ ကြိုးစားကြရန် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြို့နယ်ပါတီဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ပြည်ခိုင်ဖြိုးပါတီ ခလုတ်တိုက်သွားတဲ့အဆင့်ပဲ ရှိပါတယ်။ လောကကြီးဟာ သင်္ခါရပါ။ နိုင်ပြီဆိုပြီး တစ်သက်လုံးနိုင်ပြီ
ထင်ရင်လည်း ဒုက္ခရောက်မယ်။ တစ်ကြိမ်တစ်ခါ ခလုတ်တိုက်လဲ
သွားတာကို ထာဝရလို့ ထင်နေရင် အဲဒီတော့မှ တကယ်လဲမှာပါ” ဟု ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တစ်ခဏ ရှုံးသွားခြင်းဖြစ်ပြီး ထာဝရရှုံးသွားခြင်းဟု လူအချို့ဝေဖန်သည်မှာ မဟုတ်ကြောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီက ၇ နေရာ နိုင်ထားကြောင်း ၎င်းက ပြောသည်။

“ ကျွန်တော်တို့ပါတီဟာ အာဏာမရှိဘူး၊ အဲဒီတော့ ဘယ်သူ့ကမှ ခြိမ်းခြောက်စရာလည်းမရှိဘူး။ ပါတီဝင်လာတဲ့သူတွေဟာ သူတို့ဆန္ဒ သူတို့သဘောထားယုံကြည်ချက်အရ ဝင်လာတာဖြစ်တယ်” ဟု ဦးသန်းဌေးက ဆိုသည်။

အကုန်သိ

No comments:

Post a Comment