Latest News

Tuesday, October 24, 2017

သခင်ဘသောင်း- ခြေလေးချောင်း တော်လှန်ရေး George Orwell- Animal Farm

….
George Orwell ဟာ ၂၀ ရာစုအကြီးကျယ်ဆုံးစာရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့စာအုပ်တွေ ဖြစ်တဲ့ Animal Farm, 1984 စာအုပ်တွေဟာ ကမ္ဘာ့အကောင်းဆုံးဝတ္ထုစာရင်းမှာ ပါဝင်ခဲ့တယ်…

စာရေးဆရာတွေ ထောင်ချီရှိနေတဲ့ကမ္ဘာကြီးမှာ စာအုပ်အနည်းငယ်ပဲ ရေးခဲ့ပြီး စာပေသမိုင်းတလျှောက် ထွန်းလင်းနေတဲ့စာရေးဆရာအနည်းငယ်မှာ George Orwell ပါဝင်ခဲ့ပါတယ်..
….
မြန်မာနိုင်ငံမှာ ပုလိပ်အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်..
…..
ဘာဖြစ်လို့ George Orwell စာတွေဟာ နာမည်ကြီးခဲ့တာလဲ…
အကြွင်းမဲ့အာဏာရှင်ရဲ့အကျင့်စရိုက်နဲ့ ဆိုးကျိုးကို ကြိုတင်ဟောကိန်းထုတ်ပြီး သရော်ခဲ့လို့ပါ…
ခေတ်သစ်နိုင်ငံရေးဇာတ်ခုံတွင် အာဏာရှင်စနစ်ဆင်နွဲမည့် အရက်စက်ဆုံးရေးဖွဲ့ထားခဲ့ပါတယ်..

George Orwell ရဲ့ Animal Farm စာအုပ်ကို သခင်ဘသောင်းက ၁၉၅၁ တွင် ပထမအကြိမ်အဖြစ် စာပေဗိမာန်ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ပါတယ်…
ဒုတိယအကြိမ်- ၂၀၁၂ ခုနှစ်မှာ ပန်းဝေဝေစာပေမှ ထုတ်ဝေခြင်းဖြစ်ပါတယ်…

၁၉၅၁ ခုနှစ်ဆိုတာ ပါလီမာန်ဒီမိုကရေစီခေတ်ပါ…
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြား နှစ်ပေါင်း ၆၁ နှစ်ကြာပါတယ်…
ဘာဖြစ်လို့လဲ… ထပ်မံထုတ်ဝေခွင့် မပြုလို့ပါ…
ဘာဖြစ်လို့ ထုတ်ဝေခွင့် မပြုရတာလဲ…သိချင်ရင်တော့ စာအုပ်ကို ဖတ်ကြည့်ပါတော့ဗျာ…
….
လူသားတွေရဲ့ ဂုတ်သွေးစုတ်မှုကို တိရိစ္ဆာန်တွေ စုပေါင်း တွန်းလှန်ပြီး ဘာတွေ ဆက်ဖြစ်သလဲ…
တကယ်ပဲ သာတူညီမျှ အခွင့်အရေးတွေရခဲ့ရဲ့လား….
အခွင့်ထူးခံတွေဟာ သူတို့ အာဏာမြဲဖို့ ဘာတွေ လုပ်ကြသလဲ…

မပြီးနိုင်တဲ့ မစားရဝခမန်းစီမံကိန်းကြီးတွေ ဘယ်လိုဆွဲခဲ့ကြသလဲ…
ဆောင်ပုဒ်တွေနဲ့ ဘယ်လို ချုပ်ကိုင်ဖို့ ကြိုးစားကြလဲ….
အမှန်တရားကို ဖေါ်ထုတ်သူတွေကို ဘယ်လို သုတ်သင်ခဲ့သလဲ…
တကယ်တန်းနောက်ကွယ်က သစ္စာဖေါက်တာ ဘယ်သူတွေလဲ…

သူတို့ရဲ့မျိုးဆက်တစ်ခုလုံး ကောင်းစားအောင် ဘယ်လိုကြံဆောင်ကြသလဲ…
အမြဲကောလဟာလတွေ ဘယ်လိုလွင့်ထုတ်ခဲ့သလဲ…
ကယ်တင်ရှင်ကြီးဖြစ်နေအောင် ဘယ်လိုဇာတ်လမ်းတွေနဲ့ လုပ်ကြံထားခဲ့သလဲ…
…..
မြန်မာနိုင်ငံမှာ ပြည်သူတွေဖြတ်သန်းခဲ့တာတွေနဲ့ တ၊ူမတူ တိုက်ကြည့်ကြပါတော့…
သွေးထွက်အောင်မှန်တဲ့ဟောကိန်းတွေနဲ့ အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာတွေဟာ အတူတူပါပဲ…
…..
အဲဒီလိုစာအုပ်တွေကြောင့် ၂၀ ရာစုအကြီးကျယ်ဆုံးစာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်ပါတယ်..
…..
တွေးဆပြီး၊ တစိမ့်စိမ့် စဉ်းစားရင်တော့ အဖြေမှန်ရဖို့ လွယ်လွယ်လေးပါပဲ…
ကျွန်တော်တို့ဟာ အဖြေထဲမှာ နေထိုင်ခဲ့တာ ဒီတသက်လုံးဖြစ်နေလို့ပါပဲ…

တင်ဝင်းထွန်း

တတိယအကြိမ်- ၂၀၁၇ - ရာပြည့်စာပေ
တန်ဖိုး - ၂၀၀၀

No comments:

Post a Comment