တရုတ်ပြည် ကွန်မြူနစ်ပါတီက လက်ရှိသမ္မတ ရှီကျင့်ဖျင်ရဲ့ အမည်ကို ပါတီရဲ့ ဖွဲ့စည်းပုံဥပဒေမှာ ထည့်သွင်း လိုက်တာကြောင့် ရှီကျင့်ဖျင်ဟာ ကွယ်လွန်သူ ခေါင်းဆောင်ကြီး မော်စီတုန်းနဲ့ တတန်းတည်းနေရာရသွားခဲ့ပြီး၊ နိုင်ငံရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်ဖြစ်လာခဲ့ပြီလို့ AFP သတင်းက ဖော်ပြပါတယ်။
အရင်က အခုလို ပါတီဖွဲ့စည်းပုံဥပဒေမှာ နာမည်ထည့်သွင်းဖော်ပြထားတဲ့ တရုတ်ခေါင်းဆောင် နှစ်ဦးပဲ ရှိခဲ့တာပါ။ လက်ရှိ တရုတ် သမ္မတနိုင်ငံ ထူထောင်သူ မော်စီတုန်းနဲ့ တရုတ်ပြည်ကို ဈေးကွက်စီးပွားရေးထဲ ပို့ဆောင်ခဲ့တဲ့ တိန်ရှောက်ဖိန်တို့ ဖြစ်ပါတယ်။ မော်စီတုံးက အယူအဆရေးရာအတွက်ဖြစ်ပြီး၊ တိန့်ရှောင်ဖိန် က နိုင်ငံကို ခေတ်မီရေးနဲ့ ချမ်းသားရေးလမ်းကြောင်းပေါ် တင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ မော်စီတုန်းကို သက်ရှိထင်ရှားရှိစဉ်ကတည်းက နာမည်ထည့်သွင်းဖော်ပြခံခဲ့ရတာဖြစ်ပြီး၊ တိန့်ရှောက်ဖိန်ကတော့ ကွယ်လွန် ပြီးမှ ဖော်ပြခံရတာဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ညီလာခံပိတ်ပွဲအခမ်းအနားမှာ တက်ရောက်လာသူ ကိုယ်စားလှယ် ၂,၃၀၀ က ပါတီဖွဲ့စည်းပုံ ထည့်သွင်းပြင်ဆင်ချက်ကို တခဲနက် အတည်ပြုခဲ့ကြပါတယ်။
အခုလို သမ္မတရှီကျင့်ဖျင် ရဲ့အမည်နဲ့ သူ့ရဲ့ အယူအဆတွေကို ပါတီ ဖွဲ့စည်းပုံမှာ ထည့်သွင်းဖေါ်ပြဖို့ ကွန်မြူနစ်ပါတီက အတည်ပြုခဲ့တဲ့အတွက်၊ ရှီကျင့်ဖျင်ဟာ နိုင်ငံရဲ့သမိုင်းဝင် သြဇာအကြီးဆုံး ခေါင်းဆောင် အဖြစ် ရောက်ရှိသွားပြီဖြစ်ပါတယ်။
RFA
No comments:
Post a Comment