း
မနှစ်က နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒက်ရဲ့ နောက်ဆုံးဈာပနအခမ်းအနားကို မိုးသည်းသည်းထန်ထန်ရွာနေတဲ့ကြားကပဲ ထိုင်းပြည်သူအများအပြား တက်ရောက်ဂါရဝပြုဖို့ စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။
နတ်ရွာစံခဲ့တာ တစ်နှစ်နီးပါးကြာခဲ့ပြီဖြစ်တဲ့ ဘုရင်ကြီးအတွက် ၅ ရက်ကြာကျင်းပမယ့် ဈာပနပွဲကို မနက်ဖန် ဗုဒ္ဓဟူးနေ့မှာ စတင်မှာဖြစ်ပြီး ဈာပနပွဲအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၃ ဘီလီယံ သုံးစွဲမယ်လို့ဆိုပါတယ်။
ဘန်ကောက်မြို့လယ် ရင်ပြင်ဟောင်းမှာကျင်းပမယ့် ဈာပနပွဲကို လူပေါင်း ၂ သိန်းခွဲလောက် တက် ရောက်ကြမယ်လို့ ခန့်မှန်းထားပြီး ဒီကနေ့ထဲက ပွဲကျင်းပမယ့်ကွင်းပြင်မှာ နေရာလာဦးထားကြသလို မိုးဒဏ်ကို ကာကွယ်ဖို့ ယာယီတဲတွေလည်း ထိုးထားကြပါတယ်။
ရင်ပြင်ဟောင်းပတ်ဝန်းကျင်က ဟိုတယ်အခန်းတွေဟာ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ကြိုတင်ယူထားသူတွေနဲ့ ပြည့်နေပြီဖြစ်ပါတယ်။
ဘုရင်ကြီးရဲ့ရုပ်အလောင်း မီးသင်္ဂြိုဟ်မယ့် အောက်တိုဘာ ၂၆ ရက်နေ့ကို နိုင်ငံတော်ပိတ်ရက်အဖြစ် ကြေငြာထားပါတယ်။
ဘုရင်ဘူမိဘောဟာ အသက် ၈၈ နှစ်မှာ နတ်ရွာစံခဲ့တာဖြစ်ပြီး သူ့ကိုနိုင်ငံတွင်း နိုင်ငံတည်ငြိမ်မှုရဲ့ မဏ္ဍိုင်အဖြစ် လူထုက တင်စားသတ်မှတ် ကြည်ညိုလေးစားကြပါတယ်။
RFA
No comments:
Post a Comment