Latest News

Tuesday, October 3, 2017

လူမှုရေး ပြစ်ဒဏ်သာ ကျခံရမည့် မူးယစ်ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်းထားရှိရန် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ လျာထား

လူမှုရေး ပြစ်ဒဏ်သာ ကျခံရမည့် မူးယစ်ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်းထားရှိရန် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ လျာထား

မူးယစ်ဆေးသုံးစွဲသူများ ကို ထောင်ဒဏ်အစား လူမှုရေး ပြစ်ဒဏ်သာ ကျခံစေရမည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုချက်များအတိုင်း ပြည် သူ့လွှတ်တော်ဥပဒေကြမ်း ကော် မတီက အတည်ပြုမည် ဖြစ် ကြောင်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြီးခဲ့သည့် ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးတွင်အ တည်ပြုခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည်။

‘‘ကျွန်တော်တို့က ရေးထုံး တွေပဲ ပြင်ဆင်ပြီးတော့ လွှတ် တော်ကို တင်သွင်းမှာပါ’’ ဟု ဦးကျော်စိုးလင်းက ပြောသည်။

ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် များ၏ ဆွေးနွေးဖြည့်စွက်ချက်များ ရှိပါက ကိုယ်စားလှယ်များနှင့် ပြန် လည်သုံးသပ်ကြားနာကာ ဥပဒေ အတည်ပြုနိုင်ရေး ဆောင်ရွက် မည်ဖြစ်ကြောင်း ဦးကျော်စိုးလင်း ကပြောသည်။

မူးယစ်ဆေးသုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ် ဒဏ်သာ ကျခံစေရမည့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သည့် ဆေးဝါးများဆိုင်ရာ ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း ဦးကျော်စိုးလင်းက ပြောသည်။

အမျိုးသားလွှတ်တော်က အတည်ပြုသည့် ဥပဒေကြမ်းတွင်မူးယစ်ဆေးဝါးသုံးစွဲသူများအား လူမှုရေး အကျိုးပြုလုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ လမ်းတံတားများပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းပြီးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ထည့်သွင်း ထားသည်။ ထိုသို့ဆောင်ရွက်ရာ တွင် ကြီးကြပ်သူများရှေ့၌ သတ် မှတ်ဝတ်စုံကို ဝတ်ဆင်ပြီး တစ် ရက်နှစ်နာရီဖြင့် အနည်းဆုံးနာရီ ၁၈၀ မှ အများဆုံး ၂၄၀ အထိ ကိုယ်ပိုင်လုပ်အားဖြင့် အခမဲ့လုပ် ကိုင်ဆာင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်က ထည့် သွင်းအတည်ပြုခဲ့သည်။

ဆဋ္ဌမအကြိမ်မြောက် ကျင်း ပမည့် လွှတ်တော်အစည်းအဝေး များကို အောက်တိုဘာ ၁၇ ရက် တွင် စတင်ကျင်းပမည်ဖြစ်သည်။

7Day News

No comments:

Post a Comment