Latest News

Tuesday, October 3, 2017

ပန်းချီကားကို ပြန်ပို့လိုက်ပါ အောက်စ်ဖို့ဒ်

ပန်းချီကားကို ပြန်ပို့လိုက်ပါ အောက်စ်ဖို့ဒ်

စက်တင်ဘာ ၃၀ ရက် ထုတ် 7 Day Daily သတင်းစာပါ သတင်း တစ်ပုဒ်ကိုဖတ်မိပြီး စာရေးသူ စိတ်မကောင်းဖြစ်ရသလို ခံပြင်းစိတ်လည်းဖြစ်မိသည်။ Oxford တက္ကသိုလ် ကျောင်းသူဟောင်း တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ပုံတူပန်းချီကို ဖယ်ရှား ပြီး အခြားပုဂ္ဂိုလ်တစ်ဦး၏ပန်းချီ ကားနဲ့ အစားထိုးချိတ်ဆွဲဖို့ အဆို ပါတက္ကသိုလ်ရဲ့ ဆက်သွယ်ရေး မန်နေဂျာရဲ့ The Swan Student သတင်းစာအား ပြောကြားချက် ကို ဖော်ပြထားတဲ့သတင်းပါ။

ကျန်ခဲ့တဲ့သြဂုတ် ၅ ရက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီး တောင် မောင်တောဒေသကို ARSA အကြမ်းဖက်သမားများ၏  တိုက်ခိုက်ခံရမှုဖြစ်စဉ် နောက်ပိုင်း မှာ ကမ္ဘာ့မီဒီယာတွေ၊ ဗြိတိန်၊ အမေရိကန်နဲ့ UN အဖွဲ့အစည်း တွေဟာ မြန်မာနိုင်ငံကိုသာမက မြန်မာခေါင်းဆောင်ကိုပါ အပြင်း အထန်ဝေဖန်ထိုးနှက်တိုက်ခိုက် လာကြပါတယ်။ အထူးသဖြင့် မြန်မာပြည်သူလူထုက လွန်စွာ အားကိုးယုံကြည်တဲ့လူထုခေါင်း ဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံကို ပိုပြီးဖိအားပေးလာကြပါတယ်။ အဲဒီအထဲမှာ တခြားသော မွတ်စ လင်နိုင်ငံအချို့က သူတို့ရဲ့ဘာ သာရေးအယူအဆအရ မြန်မာနဲ့ မြန်မာခေါင်းဆောင်အပေါ်ကို စွပ်စွဲပြစ်တင်တာတွေ နားလည် လက်ခံလို့ရပေမယ့် ဗြိတိန်၊ အမေရိကန်လို နိုင်ငံတွေက လို အပ်တာထက်ပိုပြီး ပြောဆိုဖိအား ပေးနေတာ စာရေးသူနားမလည် နိုင်အောင် ဖြစ်ရပါတယ်။ တစ် ချိန်က မြန်မာ့ဒီမိုကရေစီအရေး အတွက် သူမမှတစ်ပါး အခြားမရှိ ပြီဆိုတာကို နားလည်လက်ခံထား တဲ့ ဒီနိုင်ငံတွေက ခုချိန်မှာဘာ ကြောင့်များ ဒီလောက်တောင်ပြင်းပြင်းထန်ထန် စကားလုံးတွေ၊  အပြုအမူတွေနဲ့ ထိုးနှက်တိုက်ခိုက်နေကြလဲဆိုတာ မေးချင်ပါတယ်။

UN လုံခြုံရေးကောင်စီတင် ဖို့ အရေးကိစ္စကို အတက်ကြွဆုံး ဆောင်ရွက်နေသူက ဗြိတိန်အစိုး ရဖြစ်နေတာက ပိုပြီးအံ့သြစရာ ကောင်းလှပါတယ်။ ပြီးခဲ့တဲ့ လုံ ခြုံရေးကောင်စီတံခါးဖွင့်အစည်း အဝေးပွဲမှာ ဗြိတိန်အစိုးရဟာ မြန်မာကိုသမိုင်းအမှန်ဘက်က ရပ်တည်ပြီးဖြေရှင်းမလား၊ လုံခြုံ ရေးကောင်စီက အရေးယူလုပ် ဆောင်တာကို ရင်ဆိုင်မလားဆို ပြီး အံ့အားသင့်စရာ မေးခွန်းထုတ် ခဲ့ပါတယ်။ တစ်ခါ ဗြိတိန်အခြေ စိုက် ဘီဘီစီသတင်းဌာနရဲ့ သတင်း ဖော်ပြချက်တွေဟာလည်း မြန်မာပြည်သူတွေရဲ့ စိတ်နှလုံးမချမ်းမြေ့ရရုံမျှမက သံတမန်တွေရဲ့ ရခိုင်ခရီးစဉ်ရာသီဥတုကြောင့် ရွှေ့ဆိုင်းရမှုအပေါ် သတင်းဖော်ပြပုံ အကောက်အယူ လွဲမှားမှုကြောင့် ဌာနေသတင်းထောက်တွေ ကိုယ့်တာဝန်ကိုယ် ယူပါလိမ့်မယ်ဆိုပြီး ဦးဇော်ဌေးမှ သတိပေးရတဲ့အထိပါပဲ။

အဲဒီလိုဖြစ်ရပ်တွေ တိုက် ဆိုင်စွာပေါ်ပေါက်လာပြီးနောက် မှာ ဗြိတိန်ကို မြန်မာနိုင်ငံသားတစ် ယောက်အနေနဲ့ များစွာသောမေး ခွန်းများ မေးမြန်းလိုစိတ်ဖြစ်မိပါ တယ်။ ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ် ပေါ်နေသမျှ အခက်အခဲအကျပ် အတည်းတွေအတွက် ဗြိတိန်အ စိုးရ အဆက်ဆက်မှာ တာဝန်ကင်းတယ်လို့ ခံစားရပါသလား။ ၁၈၂၄ ရခိုင်အရေးကစခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကစလိုက်ရ တဲ့ ဆိုးရွားတဲ့မြန်မာနိုင်ငံရဲ့ အခြေ အနေဟာ အခု ၂၀၁၇ အရောက် ရာစုနှစ် နှစ်စုနီးပါးတိုင်သည်အ ထိ မငြိမ်းနိုင်အောင်ဖြစ်ခဲ့ရတာ တွေရဲ့အစကို သိစေချင်ပါတယ်။ ဒီနေ့ ရခိုင်ပြည်နယ်ရဲ့ အခြေအ နေဆိုးကို စတင်သန္ဓေတည်မွေး ဖွားပေးခဲ့သူတွေဟာ ဗြိတိသျှကျူး ကျော်သူတွေက စတင်ခဲ့တဲ့ အ ခြေအနေဆိုတာ ဗြိတိန်အစိုးရ မေ့များနေလေရော့သလား။ အ ချုပ်အခြာအာဏာပိုင် နိုင်ငံတစ် ခုရဲ့ ဘုရင်နဲ့ တော်ဝင်မိသားစု တွေကို ဖမ်းဆီးခေါ်ဆောင်သွား ခြင်း၊ ဘုရင်နဲ့ မိဖုရားအပေါ် ပြုမူ ဆက်ဆံခဲ့ပုံတွေ၊ မြန်မာ့နန်းတွင်း အဖိုးတန်ရတနာများ ပျောက်ရှ မှု၊ အာဇာနည်နေ့ဖြစ်ပေါ်ခဲ့ရတာ တွေ၊ ပြည်တွင်းစစ်ရှည်ကြာခဲ့ရ တာတွေ၊ ယခုနောက်ဆုံးဘင်္ဂါလီ အရေးအထိ ဘယ်တစ်ခုကိုများ ကျုပ်တို့မှာလည်း တာဝန်ရှိခဲ့ပါ တယ်လို့ ထုတ်ဖော်ပြောခဲ့ဖူးပါ သလဲ။

မပြေးသော်ကန်ရာရှိ ယခု ဘင်္ဂါလီအရေးမှာ ပြဿနာကို စတင်သန္ဓေတည်ပေးခဲ့သူ ဗြိတိန် အနေနဲ့ သမိုင်းကြောင်းတစ်ပတ် အလည်မှာ ၎င်းတို့အပေါ် ထိုးလာမယ့်လက်ညှိုးတွေကို ရှောင်ရှား နိုင်ဖို့အတွက် တစ်ချိန်က ၎င်းတို့ အကြီးအကျယ်မျှော်လင့်ခဲ့တဲ့ မြန်မာခေါင်းဆောင်အပေါ် ဦး အောင်ပြစ်တင်ကဲ့ရဲ့နေတယ်လို့ ပဲ ခံစားရပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက် ရင် ကမ္ဘာပေါ်မှာ အချိုးဖောက် ဆုံးနိုင်ငံဖြစ်သော်လည်း ဘယ် တော့မှ ပြစ်တင်ဝေဖန်ခံရခြင်း၊ အရေးယူခံရခြင်းမရှိတဲ့ အမေရိ ကန်ကလည်း တခြားနိုင်ငံတွေရဲ့ လူ့အခွင့်အရေးကို အရမ်းပဲ တက် တက်ကြွကြွ ပြောဆိုပြစ်တင်နေ  တာတွေကလည်း ဟာသတစ်ခု လိုပါပဲ။ ၉/၁၁ ဖြစ်ရပ်အတွင်း ထောင်ပေါင်းများစွာသော အမေ ရိကန်ပြည်သူတွေရဲ့ အသက်ဇီ ၀ိန်အတွက် သန်းပေါင်းများစွာ သော အာဖဂန်ပြည်သူတွေကို စစ်ဘေးဒဏ်သင့်စေခဲ့တာ၊ ဆက် ဒမ်ဟူစိန်ရဲ့ လေးလုံးထွားမှုကို အ ခွင့်ကောင်းယူအကြောင်းပြပြီး အီရတ်ပြည်သူနဲ့ အီရတ်နိုင်ငံကို ထောင်းလမောင်းကြေအောင် ခြေမွှပစ်ခဲ့တာ၊ ဂွမ်တာနာမိုအကျဉ်းစခန်းရဲ့ လူ့အခွင့်အရေးစံပြလုပ် ဆောင်ချက်တွေအတွက် အမေ ရိကန်ရဲ့ အကြောင်းပြချက်က ဘာလဲ။ အမေရိကန်ရဲ့ အချုပ် အခြာအာဏာနဲ့ အမေရိကန်ပြည် သူတွေအတွက်ဆိုပြီး ဖြေပါလိမ့် မယ်။ ဒါဆို လုံခြုံရေးရဲကင်းစခန်း ပေါင်း ၃၀ ကျော်ကို နံနက်နေမ ထွက်ခင် ရာပေါင်းများစွာသော အကြမ်းဖက်သမားတွေက ညာ သံပေးတိုက်ခိုက်ခံခဲ့ရတဲ့ မြန်မာ နိုင်ငံအတွက် တရားမျှတမှုကို ကော ဗြိတိန်၊ အမေရိကန်နဲ့ ကုလ သမဂ္ဂတို့က ဘယ်ကနေရှာပေးမှာ ပါလဲ။ ပိုပြီးပြင်းပြင်းထန်ထန် စွပ် စွဲလာတာက လူမျိုးတုံးသတ်ဖြတ် မှုဆိုတဲ့ စကားလုံးကိုပဲကြီးလှော် ၀ါးသလို အချိန်တိုင်းသုံးနှုန်းထည့် ပြောနေတာပါပဲ။ ပြောရရင်သတ္တ ၀ါနဲ့ လက်နက်မမျှအောင်ကို တိုက်ခိုက်နေတော့တာပါပဲ။ မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုက ရေစီအရေးနဲ့ ပတ်သက်ရင် သူမ မိသားစု၊ သူမဘ၀၊ သူမအသက်ကိုပင် အနှမြောမရှိပေးဆပ် တိုက်ပွဲဝင်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပင် ယခုအခါမှာ ပြစ်မှုကျူးလွန်သူ တစ်ဦးပမာ ဆက်ဆံပြောဆိုနေတာတွေဟာ ဗြိတိန်၊ အမေရိကန်နဲ့ UN တို့အနေနဲ့ တရားမျှတပါသလားလို့ မေးပါရစေ။

 ၎င်းတို့ဟာ စက်တင်ဘာ ၁၂ ရက်က အတိုင်ပင်ခံရဲ့ နိုင်ငံ တော် အခြေပြမိန့်ခွန်းကိုလည်း မျက်ကွယ်ပြုနေတာကို တွေ့နေရ ပါတယ်။ မြန်မာခေါင်းဆောင်ပိုင်း ရော အစိုးရ၊ တပ်မတော်ကပါ ရခိုင်အရေးနဲ့ပတ်သက်ပြီး ကမ္ဘာ ကို လိမ်ညာနေတာ မရှိပါဘူး။ ကမ္ဘာကစိုးရိမ်နေမှု၊ ထောက်ပြ ဝေဖန်နေမှုတွေကိုလည်း မျက်စိ စုံမှိတ်ပြီး ငြင်းဆန်နေတာလည်း တစ်ခုမှမလုပ်ပါဘူး။ မလုပ်တဲ့အ ပြင် ကမ္ဘာ့ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံတာ၊ ဖုန်းဆက် သွယ်ပြောဆိုတာ၊ သံတမန်တွေ စေလွှတ်ဖြေရှင်းပေးနေတာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ အခု နောက်ဆုံး ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်ကို ရခိုင် ပြည်နယ်လာဖို့အထိ ဖိတ်ကြားခဲ့ ပါတယ်။

 နိုင်ငံတော်အတိုင်ပင်ခံက အရင်အစိုးရတွေနဲ့ မတူညီတဲ့ ချဉ်းကပ်မှုပုံစံအသစ် တစ်မျိုးနဲ့ ကမ္ဘာကိုချဉ်းကပ်ပြီး ပူးပေါင်း ဆောင်ရွက်အဖြေရှာဖို့ လက်ကမ်းနေသည့်တိုင် ဘာကြောင့်အသိအ မှတ်မပြုချင်ရတာပါလဲ။ ၎င်းတို့ရဲ့လုပ်ရပ်က မြန်မာကိုမှားကြောင်း ၀န်ခံဖို့နဲ့ အဲဒီအတွက် သူတို့ပြောတာ နားထောင်ဖို့ဆိုတဲ့ အနိုင်ကျင့်တဲ့ လမ်းကိုရွေးချယ်နေတယ်လို့ ထင်မြင်မိပါတယ်။

ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံ ဟာ အသက်အရွယ်နဲ့ မမျှတ အောင်ကြီးလေးတဲ့တာဝန်တွေအ တူ ဖိအားတွေနဲ့ ရင်ဆိုင်နေရဆဲ ဆိုတာ အင်အားကြီးနိုင်ငံတွေ နားလည်ဖို့ ကောင်းတယ်။ မြန်မာ ပြည်မှာ ရခိုင်ပြဿနာတစ်ခု တည်းရှိတယ်ဆိုတဲ့ လွဲမှားတဲ့ Brainwash များလုပ်ခံနေရသ လားတောင် ထင်မိပါတယ်။ ဗြိတိ သျှတွေရဲ့ ဆိုးမွေဖြစ်တဲ့ နှစ် (၆၀) ကျော်ကြာ ပြည်တွင်းစစ်မီးငြိမ်း အောင် ငြှိမ်းနေရသလို ခေတ်အ ဆက်ဆက်ယိုယွင်းပျက်စီးခဲ့ရတဲ့ စံချိန်စံညွှန်းတွေကိုလည်း ပြင် ဆင်နေရတယ်။ အညွန့်တက်ခါ စ ဒီမိုကရေစီပင်ပျိုလေကို ၀ိုင်းပြီး တူးဆွထိုးဆိတ်နေကြတဲ့ ရန်ကိုလည်း ကာကွယ်ရသလို ပြိုကျလုမတတ်ဖြစ်နေတဲ့ ပြည်တွင်း စီးပွားရေး အခြေနေနဲ့လည်း နပန်းလုံးနေရပါတယ်။ ဒါ့အပြင် ပြည်တွင်းထဲကနေ ဒေါ်အောင် ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရပြုတ်ကျရင်ပြီးရော၊ နောက် ဆုံးဘယ်လိုမှ ဖြုတ်ချမရရင်တောင် သိက္ခာကျရင်ပြီးရော တိုင်းပြည်ဘာဖြစ်ဖြစ်ဆိုတဲ့ အောက်တန်းကျတဲ့နည်းတွေနဲ့ ထိုးနှက်တိုက်ခိုက်နေကြတဲ့ တိုင်းပြည်ရဲ့ သစ္စာဖောက်တွေရန်ကလည်း လွတ် အောင်ရုန်းကန်နေရသေးတယ်။

ဒီလိုခက်ခဲကြမ်းတမ်းတဲ့ အ ခြေအနေတွေကို ရင်ဆိုင်ဖြတ် သန်းနေရတဲ့ အသက်(၇၂)နှစ်အ ရွယ် အမျိုးသမီးခေါင်းဆောင် တစ်ဦးကို သမိုင်းကြောင်းဆိုင်ရာ တာဝန်မကင်းတဲ့ နိုင်ငံကြီးတွေရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှုတွေက တရားမျှတပါရဲ့လား။ ဘင်္ဂါလီ မဟုတ်တဲ့ ကျန်တဲ့မြန်မာနိုင်ငံ သားတိုင်းရင်းသားတွေအပေါ်မှာ ကော တရားမျှတပါရဲ့လား။ တစ် ချိန်က ငါတို့စိတ်တိုင်းကျခြယ် လှယ်လို့ ရမယ်အထင်နဲ့ ကူညီခဲ့ သူဟာ အခုတော့ သူ့နိုင်ငံနဲ့ သူ့ ပြည်သူတွေဘက်ကနေ ရပ်တည် ကာကွယ်ပေးနေလို့များ မချိတင် ကဲဖြစ်နေတာလား။

ဒီဆုတော့ သိမ်းလိုက်မယ်၊ ဒီပန်းချီကားတော့ ဖြုတ်ချလိုက် ပြီဆိုတဲ့ မက်လုံး၊ ခြောက်လုံးတွေ နဲ့တော့ လူထုခေါင်းဆောင်ကို ရော မြန်မာပြည်သူလူထုကိုပါ ဆွယ်ဖို့၊ ခြောက်ဖို့မကြိုးစားပါနဲ့။ သူမကိုပြည်သူကအားကိုးတာ၊ ချစ်တာ၊ ၀န်းရံတာဟာ အတိုင်း တိုင်းအပြည်ပြည်က ပေးနေတဲ့ ဂုဏ်ထူးဆောင်ဆုတွေကြောင့် မဟုတ်သလို သူမကလည်း ဘယ် ဆုတံဆိပ်ရဲ့ အနှောင်အဖွဲ့တွေ ကြောင့်မှ ဒီနိုင်ငံနဲ့ ပြည်သူတွေ အတွက် တာဝန်ယူနေတာ မဟုတ်ပါဘူး။ သူမက ဒီနိုင်ငံအတွက် သူမကိုယ်သူမ တာဝန်ရှိတယ်လို့  ခံယူလို့လုပ်နေတာဖြစ်သလို လူ ထုကလည်း သူမရဲ့အဲဒီစိတ်ကို ချစ်လို့ ၀န်းရံထောက်ခံပေးနေ တယ်ဆိုတာ Oxford နဲ့ ကမ္ဘာကို သိစေချင်တယ်။

ခင်ဗျားတို့ အလိုကျ မလုပ် ဆောင်ခဲ့လို့ အသိအမှတ်မပြုချင် တဲ့ မြန်မာပြည်သူလူထုခေါင်း ဆောင်ရဲ့ ပန်းချီကားကို ချိတ်မ ထားချင်တော့ရင်လည်း မြန်မာပြည်ကိုသာ ပြန်ပို့လိုက်ပါ... Ox-ford ရေ။ မြန်မာနိုင်ငံက လေဆိပ်ကနေ အခမ်းအနားနဲ့ စောင့်ကြိုနေပါလိမ့်မယ် ။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

7Day News

No comments:

Post a Comment