Latest News

Tuesday, October 3, 2017

ထိုင်းသံဃာတပါး ထီပေါက်ပြီး ဆုငွေ ဘတ် ၁၈ သန်းရရှိ

ထိုင်းသံဃာတပါး ထီပေါက်ပြီး ဆုငွေ ဘတ် ၁၈ သန်းရရှိ

ဒီလထွက်တဲ့ ထိုင်းအစိုးရ အောင်ဘာလေထီဖွင့်ပွဲမှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူရင်းခရိုင်က ဦးဇင်းတပါး ထီပေါက်ပြီး ဆုငွေ ဘတ် ၁၈ သန်း ရရှိခဲ့ပါတယ်။

ဖရဆုမ်ထစ် အနာလ်ယိုး အမည်ရှိ ဦးဇင်းတပါးဟာ အဲဒီထီလက်မှတ်တွေကို ဆူရင်းခရိုင် ကျွမ်ဖရမြို့နယ် ခုမ့်ဆိုင်ရပ်ကွက်ရှိ ဈေးထဲကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ပထမဆု ထီပေါက်စဉ် နံပါတ် ၉၉၀၇၁၄ ကို ၃ စောင် ပေါက်ခဲ့တဲ့အတွက် ဆုငွေ ဘတ် ၁၈ သန်း ရရှိမှာပါ။

ဦးဇင်းဟာ ထီလက်မှတ်ကိုယူပြီး မိဘဆွေမျိုးတွေနဲ့တကွ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာပဲ ကျွမ်ဖရရဲစခန်းမှာ လာရောက်အကြောင်းကြားခဲ့ပြီး ရက်ပိုင်းအတွင်း ဘန်ကောက်မှာ ငွေသွားထုတ်မယ်လို့ ဆိုပါတယ်။

ထီပေါက်တဲ့ငွေတချို့ကို ကွယ်လွန်ပြီးတဲ့ ဘိုးဘွားတွေကိုရည်စူး အလှူအတန်းပြုကာ တချို့ကို သာသနာပြန့်ပွားရေးအတွက် အသုံးပြုသွားမှာဖြစ်ကြောင်း၊ ဦးဇင်း သီတင်းသုံးရာကျောင်းတိုက်နဲ့ နေရပ်လိပ်စာကို ဖော်ပြဖို့တော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ဦးဇင်းက ငြင်းဆိုထားပါတယ်။

လောဘကို ထိန်းချုပ်ရမယ့် သံဃာတော်တွေအနေနဲ့ ထီထိုးတာဟာ ဝိနည်းနဲ့ညီမညီ ဆိုတာကိုလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။

DVB

No comments:

Post a Comment