အမရပူရမြို့နယ်ရှိ ရှေး ဟောင်းကျုံးကို ထိန်းသိမ်းနိုင်ရန် ကျူးကျော်နေထိုင်သူများကို ရှင်း လင်းမည်ဖြစ်ကြောင်း မန္တလေး ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။
နှစ်ပေါင်းများစွာ ထိန်းသိမ်း မှုမရှိခဲ့သည့် အမရပူရကျုံးသည် ကျူးကျော်နေထိုင်သူများနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကြောင့် ပျက်စီးလာသဖြင့် ထိန်း သိမ်းမှုများ ပြုလုပ်နိုင်ရန် ပဏာမ ဆွေးနွေးနေကြောင်း ၎င်းက ပြောသည်။
‘‘တကယ်တန်ဖိုးထားသင့် တဲ့အရာတစ်ခုကို မပျက်စီးအောင်ထိန်းသိမ်းဖို့ ဆွေးနွေးပါမယ်’’ဟု ဦးရဲမွန်က ဆိုသည်။ ပဏာမဆွေး နွေးမှုအဖြစ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့မိ၊ မြို့ဖများ တွေ့ဆုံဆွေးနွေးနေသည်။
ပြုပြင်ထိန်းသိမ်းမှုများပြု လုပ်ရန် လုပ်ငန်းစီမံချက် အစည်း အဝေး ပြုလုပ်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြကာ လမ်းညွှန်မှု ခံယူမည်ဖြစ်ကြောင်း ဦးရဲမွန်က ပြောသည်။
‘‘လုပ်ငန်းစီမံချက် အစည်း အဝေးပြီးရင် ကျူးကျော်တွေကို ရှင်းသွားမယ်။ အခုလောလော ဆယ်တော့ ကျူးကျော်တွေမရှိတဲ့ ကျုံးရဲ့ အစိတ်အပိုင်းတွေမှာ အ မှိုက်ဆယ်တာတွေလုပ်နေပြီ’’ဟု ၎င်းက ဆိုသည်။
အမရပူရမြို့သည် ရှေး ဘုရင်များ နန်းစိုက်ခဲ့သည့် မြို့ ဖြစ်သောကြောင့် ရှေးဟောင်း သမိုင်းဝင်နေရာများစွာရှိပြီး ပြန် လည်ဖော်ထုတ်နိုင်ရန် သက်ဆိုင် ရာ အဖွဲ့အစည်းများအားလုံး ပါဝင်ဆောင်ရွက်ရန်လိုကြောင်း ဦးရဲမွန်က ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်အတွင်း က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ် တော်သတ္တမပုံမှန်အစည်းအဝေး တွင် အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ဦးမြင့်ဆွေက အမရ ပူရမြို့နယ်ရှိ သမိုင်းဝင်နေရာများ ကို ထိန်းသိမ်းစောင့်ရှောက်ဖော် ထုတ်ရန် ရှိ၊ မရှိ မေးမြန်းရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ဘတ်ဂျက် ရန်ပုံငွေအရ လတ်တလောတွင် ထိန်းသိမ်းရန် မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြန်လည်ဖြေကြားသည်။
7Day News
No comments:
Post a Comment