Latest News

Thursday, October 26, 2017

စာရေးသူကိုယ်တိုင်ရေးစာအုပ်အညွှန်း(ကျောင်းသားသူပုန်ဘ၀က တောတွင်းအတွေ့အကြုံများ-မာန်လူငယ်)


ဝန်ခံချက်
ကျောင်းသားသူပုန်ဘ၀က တောတွင်းအတွေ့အကြုံများနှင့်ပတ်သက်၍ ပထမဦးဆုံးဝန်ခံလိုပါသည်။ကျွန်တော်သည် ၈၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးတွင် သူသူငါငါလိုတက်တက်ကြွကြွပါဝင်ခဲ့သူ အညတရတစ်ဦးသာဖြစ်သည်။ရှစ်လေးလုံးအရေးတော်ပုံကြီးကို ၁၃၀၀ပြည့် အရေးတော်ကြီး၏ ရွှေရတု၊ နှစ်ငါးဆယ်ပြည့် ၁၃၅၀ အရေးတော်ပုံကြီးအဖြစ်တင်စားသူများလည်းရှိသည်။၁၃၀၀ပြည်အရေးတော်ပုံကြီးသည် ကိုလိုနီစနစ် ဆန့်ကျင့်ရေး အမျိုးသားလွတ်မြောက်ရေးအတွက် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ကိုလိုနီစနစ်ဆိုး၏ ဖိနှိပ်မှုကို ဆန်ကျင်တော်လှန်ခြင်းလည်းဖြစ်ပေသည်။ထိုအတူ ၁၃၅၀ပြည့် ရှစ်လေးလုံးအရေးတော်ပုံကြီးသည် တစ်ပါတီအာဏာရှင်စနစ်ဆန်ကျင့်ရေး ဒီမိုကရေစီအရေးအတွက် ကမ္ဘာကျော်ခဲ့သည်။လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန်တနိုင်ငံလုံးပါဝင်ခဲ့ကြသည်။

တနည်းအားဖြင့်ကျောင်းသားသပိတ်၊အလုပ်သမားသပိတ်၊ရဟန်ပျိုများသပိတ်၊
အလှဖန်တီးရှင်များသပိတ်၊အိမ်ထောင်ရှင်မများ အနုပညာရှင်များသပိတ် အလွှာပေါင်းစုံ၊လူတန်းစားပေါင်းစုံ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ပါဝင်သပိတ်မှောက်ခဲ့ကြသည်။မှော်ဘီလေတပ်မှ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ ပါဝင်ခဲ့သည်။တနည်းအားဖြင့် ကျောင်းသားလူငယ်များ စတင်ခဲ့သော သပိတ်သည် သပိတ်စုံခဲ့သည်။ သပိတ်စုံ၍ ကျွန်တော်တို့ ကျောင်းသားများ သူပုန်ထခဲ့ခြင်းဖြစ်သည်။ကျောင်းသားများ သူပုန်ထခဲ့ပြီး တောခိုခဲ့သည်။ပခုံးနှစ်ဖက်က ခေါင်းပေါက်သည့်လူသားအချင်း လက်နက်အားကိုးဖိနှိပ်သူများကို လက်နက်ဖြင့်တုန့်ပြန်မှ ရမည်ဟု ၈လေးလုံးသင်ကြားပေးခဲ့သည်။အကြမ်းမဖက်အနုနည်းဖြင့်ငြိမ်းချမ်းစွာလမ်းပေါ်နိုင်ငံရေးလုပ်ကြခြင်းကို ပခုံးနှစ်ဖက်ကခေါင်းပေါက်သောလူသားအချင်ချင်း မောင်းပြန်သေနတ်ဖြင့် မတရားဖိနှိပ်ခံရသဖြင့် လွတ်လပ်မှု၊တရားမျှတမှု၊လူဂုဏ်သိက္ခာအတွက် ခုခံစစ်ကို ဆင်နွဲရန်တောခိုခဲ့သည်။ သူပုန်ဆိုသည့်အဓိပ္ပါယ်တွင် အစိုးရအားဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်သူဆိုသည့်အနက်ရှိသည်။ကျောင်းသားဆိုသည်ကလည်း မြန်မာနိင်ငံ၏ အမျိုးသားလွတ်မြောက်ရေးသမိုင်းတွင် အစဉ်အလာကြီးခဲ့သည်။ထို့ပြင်ကျောင်းသားများသည် လူငယ်များဖြစ်သည်။လူငယ်များပီပီ ရိုးသားသည်။တက်ကြွသည်

အတွေ့အကြုံမရှိ။သို့သော်စွန့်လွတ်စွန့်စားကြသည်အကျိုးကိုမမျှော်ကိုးကြ။ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုလှရွှေပြောသလိုပင် " အမိမြေလွတ်မြောက်ဖို့ အရိုးတွေတောင်လိုပုံရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့အရိုးဟာ အောက်ဆုံးအလွှာမှာရှိနေရမယ်" ဆိုတာကို လက်ဆင့်ကမ်းအမွေဆက်ခံသည်။ခွပ်ဒေါင်းအစဉ်အလာကို ဆက်လက်သယ်ဆောင်ကြသည်။ဤသည်ကိုပင်ကျောင်းသားStran ရပ်တည်ချက်ဟု သဘောပေါက်မိသည်။ ယခုမြို့ပေါ်ပြန်ရောက်တော့ ကျွန်တောတို့ကို သူငယ်ချင်းမိတ်ဆွေတစ်ချို့က “တောပြန်များ” ဟုဝိသေသပြုကြသည်။တကယ်တော့ ကျွန်တော်တို့ တောခိုခဲ့သည် တောတိုးခဲ့သည်။ တောင်တွေကျော် ချောင်းတွေဖြတ်၊မြစ်တွေကူးခဲ့သည်။ တစ်ချို့တောများသည် လူအရောက်ပါက်မရှိသည့် တောများဖြစ်သည်။တနည်းအားဖြင့် တောအတွေ့အကြုံစုံသည်။ချိုမိန်သည့်အတွေ့အကြုံ၊ခါးသည်းသည့်အတွေ့အကြုံ၊သိမ်မွေ့သည့်အတွေ့အကြုံ ရိုင်းစိုင်းခက်ထန်အတွေ့အကြုံများလည်းရှိသည်။တကယ်တော့ အတွေ့အကြုံဆိုတာမျိုးကို ငွေပေးဝယ်လို့မရ။ထိုအတွေ့အကြုံများကို မျှဝေပေးလိုသည်။ကျွန်တော်သားကို အိပ်ရာဝင်ပုံပြင်များအဖြစ်ပြောပြလိုသည်။ပွင့်ပွင့်လင်းလင်းဝန်ခံရလျှင် ကျွန်တော်က သူပုန်တစ်ယောက်ဖြစ်ခဲ့သလို အနုပညာဝါသနာပါသူတစ်ဦးအနေဖြင့် စာမတောက်တခေါက်ရေးတတ်သူတစ်ဦးမို့ ယခုစာစုများကိုရေးပါသည်။ အထူးသဖြင့် ကျဆုံးသွားရဲဘော်များသည်သူတို့၏ အတွေ့အကြုံများကို ပြောခွင့်မကြုံခဲ့ တော့ပေ။ ထိုအတူ ၈၈မှ ယခုအချိန်ထိဦးဆွေးဆံမြည့်ကျောင်းသားတပ်မတော်တွင် တာဝန်ထမ်းနေသော စာရေးခြင်းအတတ်ပညာချို့ငဲ့သည့် ကျွန်တော်တို့ မကဒတရဲဘော်များအတွက် ယခုစာစုများက ရည်ရွယ်ပါသည်။
တော်လှန်သစ္စာဖြင့်
မာန်လုငယ်
၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်

No comments:

Post a Comment