Latest News

Wednesday, October 4, 2017

ပဲအစားထိုး နွေစပါးပြောင်းလဲစိုက်ပျိုးမည်ဆိုပါက ဆန်စပါးအသင်းချုပ်က ကူညီပေးမည်

ပဲအစားထိုး နွေစပါးပြောင်းလဲစိုက်ပျိုးမည်ဆိုပါက ဆန်စပါးအသင်းချုပ်က ကူညီပေးမည်

ပဲစိုက်ပျိုးသည့် တောင်သူများ နွေစပါးကို ပြောင်းလဲစိုက်ပျိုးရာတွင် ရေရရှိမှု အပါအဝင် အခြားအခက်အခဲများရှိပါက အကူအညီများ တောင်းဆိုနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူးဦးရဲမင်းအောင်က ပြောသည်။

နွေစပါးစိုက်ပျိုးရန် စိုက်ပျိုး ရေး နည်းစနစ်များ ရှိနေခြင်း၊ လက်ရှိအချိန်တွင် ခိုင်မာသည့် ပြည်ပ ဈေးကွက်များ ရှိနေခြင်းကြောင့် ပဲစိုက်ပျိုးသည့် တောင်သူများအ နေဖြင့် နွေစပါးပြောင်းလဲ စိုက်ပျိုး လိုပါက မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်နှင့် အစိုးရပူးပေါင်းကူ ညီပေးရန် စီစဉ်ထားကြောင်း အ ထက်ပါပုဂ္ဂိုလ်က ပြောသည်။

‘‘ရေစုပ်စက်နဲ့ မြစ်ရေတင်စိုက်နိုင်မယ့် နေရာတွေမှာအကူအညီလိုရင် အသင်းချုပ်ကို တင်ပြနိုင်ပါတယ်။ အသင်းချုပ်အနေနဲ့ ကူညီနိုင်တာကူပေးပြီး လိုအပ်တာတွေကိုလည်း အစိုးရကို တင်ပြပေးသွားမယ်’’ ဟု အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု ကန့်သတ်သည်မှာ တစ်လကျော် ကြာမြင့်ပြီဖြစ်သော်လည်း တိကျခိုင်မာသည့် အဖြေတစ်ခုမရခြင်း၊ မကြာမီ ဆောင်းရာသီ ပဲစိုက်ပျိုး မည့် အချိန်ရောက်ရှိလာမည်ဖြစ် ခြင်းကြောင့် တောင်သူလယ်သ မားများအတွက် လိုအပ်ချက်များ ကို အကူအညီပေးနိုင်ရန် စက် တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အသိပေး ချက်ထုတ်ပြန်ခဲ့သည်။

‘‘ဘာသီးနှံစိုက်ရမယ်ဆိုတာအခုအထိ မသိရသေးဘူး။ ကျွန် တော်တို့ကတော့ မတ်ပဲ ပဲဆက်ပြီး စိုက်ရမှာပဲ’’ ဟု ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောသည်။

ဓနုဖြူမြို့နယ်တွင် အနိမ့်ပိုင်း လယ်မြေအချို့၌ နွေစပါး စိုက်ပျိုးနိုင်သော်လည်း ကုန်းကျသည့် ဒေသများတွင် မိုးစပါးပြီးလျှင် မတ်ပဲကိုသာ စိုက်ပျိုးလေ့ရှိသည်။ အခြားသီးနှံပြောင်းလဲစိုက်ပျိုးမည်ဆိုပါက မျိုးရရှိမှု၊ ဈေးကွက်ခိုင်မာမှု အခြေအနေနှင့် မြေဆီလွှာဆုံးရှုံးနိုင်မှုတို့ကို စိုးရိမ်သဖြင့် လက်ရှိအချိန်တွင် မတ်ပဲတစ်မျိုးသာ ဆက်လက် စိုက်ပျိုးရန် စဉ်းစားထားကြောင်း ဦးသိန်းအောင်က ရှင်းပြသည်။လက်ရှိ မတ်ပဲတစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ဈေးရှိနေခြင်း ကြောင့် ဆောင်းရာသီတွင် ပဲစိုက် ပျိုးသည့် တောင်သူလယ်သမား များအနေဖြင့် ပိုးသတ်ဆေး၊ အင် အားဆေးတို့ကို လျှော့ချသုံးစွဲပြီး စိုက်ပျိုးထုတ်လုပ်မှု စရိတ်မကြီး အောင် ထိန်းသိမ်းသင့်ကြောင်း ၎င်းကအကြံပြုသည်။

မြန်မာနိုင်ငံ အပါအဝင် ပြည် ပနိုင်ငံများမှ ပဲမျိုးစုံတင်သွင်းနေ သော အိန္ဒိယနိုင်ငံက သြဂုတ်လ အတွင်း ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ် ပဲတင်သွင်းမှုတန်ချိန် ပမာဏကို ကန့်သတ် လျှော့ချခဲ့သည်။ ထို့ ကြောင့် မြန်မာနိုင်ငံမှ စိုက်ပျိုး ထုတ်လုပ်သည့် မတ်ပဲနှင့် ပဲစင်းငုံ သည် အိန္ဒိယနိုင်ငံကို အဓိကမှီခို အားထားနေရခြင်းကြောင့် ပြည် တွင်း၌ တောင်သူလယ်သမားများ အခက်အခဲ ဖြစ်လာနိုင်သည်ကို အစိုးရဝန်ကြီးဌာနများနှင့် စိုက်ပျိုး ရေး၊ စီးပွားရေးနှင့် သက်ဆိုင် သည့် အသင်းအဖွဲ့များက အဖြေ ရှာနေသည်။

7Day News

No comments:

Post a Comment