Latest News

Wednesday, October 4, 2017

မျိုးမြင့်ရန်နောင် ဘုရားရှိခိုးနှင့် တဲရှင်တို့နိုးကြားပါစေ

မျိုးမြင့်ရန်နောင် ဘုရားရှိခိုးနှင့် တဲရှင်တို့နိုးကြားပါစေ

(တစ်)

စာရေးဆရာကြီးမင်းဆွေ၏ ‘ဓား’၀တ္ထုကို မြန်မာစာဖတ်သူတို့ အဖတ်အရှုများပါသည်။ ထူးထူး ဆန်းဆန်းဇာတ်ဆောင်များကို မိမိ ၏စံပြဇာတ်ရုပ်(Ideal Character) အဖြစ် စိတ်ကူးယဉ်ဝင်စားလေ့ရှိ သော လူငယ်စာဖတ်သူတို့ဘ၀က ထို‘ဓား’၀တ္ထုထဲက ‘မျိုးမြင့်ရန် နောင်’ ဆိုသည့်ဇာတ်လိုက်ကို စာ ဖတ်သူလူငယ်အများစု သဘော ကျခဲ့ကြဖူးပါသည်။ ‘မြင်မြင်’ဆို သည့်ထူးဆန်းသည့် နာမည်ပိုင်ရှင် အမျိုးသမီးက မျိုးမြင့်ရန်နောင် မရှိခိုက် သူ၏ဓားကိုဓားအိမ်မှ ချွတ်၍ကြည့်မိလေရာ မျိုးမြင့်ရန် နောင်ပြန်ရောက်လာခိုက်နှင့် ကြုံ ပြီး ကျုပ်ဓားကထုတ်ပြီးရင် သွေး သောက်ရမှဟုဆိုကာ ကြောင်က လေးကို ခုတ်လိုက်သည့်ဇာတ် ကွက်မျိုးကို ကျွန်တော်တို့စွဲငြိခဲ့ကြ သည်ပဲဖြစ်ပါသည်။

‘ဓား’၀တ္ထုထဲ၌ ကျွန်တော်တို့ စွဲငြိခဲ့ကြသည့်တစ်ကွက်မှာ မျိုး မြင့်ရန်နောင်၏ ဘုရားရှိခိုးဖြစ်ပါ သည်။ သူ၏ဘုရားရှိခိုးစာသား တွေက ကြောက်ခမန်း၊ လန့်ခမန်း။ လာမယ့်ဘေးပြေးတွေ့တဲ့။ အိမ် ရှင်ကို ဧည့်သည်မစော်ကားရတဲ့။ အာမဘန္တေတဲ့။ မင်းသမီးမြင်မြင် သာမက ကျွန်တော်တို့စာဖတ်သူ တွေကလည်း ထိုလူထူးလူဆန်း မျိုးမြင့်ရန်နောင်ကို စိတ်ဝင်စားမိ ခဲ့သည်ပဲဖြစ်ပါသည်။ ဘယ်လို ဘုရားရှိခိုးကြီးပါလိမ့်။

ဆရာမြသန်းတင့်ကလည်း သူ၏‘ကျွန်တော်ဆက်၍ ရေးချင် သောဝတ္ထုများ’ ထဲ၌ သည်ဝတ္ထု ကိုပဲ ဝေဖန်စောကြောခဲ့ပါသေး သည်။ စာဖတ်သက်ရင့်သန်လာ သောအခါ သည်ဝတ္ထုမျိုးတွေက ရင်ထဲတွင် သိပ်မငြိတွယ်ချင် တော့။

သို့သော် ယခုမည်သို့ဖြစ်ပြန် သည်မသိ။ ‘ဓား’ ၀တ္ထုကိုပြန်ပြီး သတိရနေပြန်ပါသည်။ ထုတ်ပြီး လျှင် သွေးသောက်ရမှဆိုသည် များ၊ လာမည့်ဘေးပြေးတွေ့ဆို သည်များ၊ အိမ်ရှင်ကို ဧည့်သည် မစော်ကားရဆိုသည်များ။

ယခု ကျွန်တော်တို့က ဧည့် သည်၏ အစော်ကားကိုခံနေရ သည့် အိမ်ရှင်တွေ မဟုတ်လား။ လာမည့်ဘေးပြေးတွေ့လိုက်ကြ ရုံသာ။

(နှစ်)

၁၈၂၄ ခုနှစ် ဘကြီးတော် ဘုရားလက်ထက်တွင် ဖြစ်ပွားခဲ့ သည့် အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ရခိုင်နှင့်တနင်္သာရီတို့ အင်္ဂလိပ် လက်အောက်သို့ ကျရောက်သွား ခဲ့ရသည်မှစကာ အင်္ဂလိပ်ကိုလိုနီ အိန္ဒိယနှင့်မြန်မာတို့ ထိုဒေသများ ၌ တစ်ဆက်တစ်စပ်တည်းဖြစ်သွား ကြပါသည်။ ထိုစဉ်က အိန္ဒိယ သည် အိန္ဒိယသာဖြစ်ပြီး ပါကစ္စ တန်လည်းမဖြစ်သေး၊ ဘင်္ဂလား ဒေ့ရှ်လည်း မဖြစ်သေး။ ဤတွင် ရခိုင်နှင့် အိန္ဒိယအကူးအလူး အရောအထွေးတွေ များကုန်ပါ သည်။

ထိုစစ်ပွဲအပြီး ၁၈၂၄ အလွန် ၃၉ နှစ်အကြာ ၁၈၆၃ ၌ အင်္ဂလိပ် အစိုးရက ရခိုင်ပြည်နယ်နယ်စပ် တစ်လျှောက်ရှိ လယ်ယာမြေများ ကို ၁၂ နှစ်ဆက်တိုက်လုပ်ကိုင် လျှင် အပိုင်ပေးမည်ဟူသော မက် လုံးဖြင့်ဆွဲဆောင်ရာ ယခုဘင်္ဂ လားဒေ့ရှ်နယ်က ဘင်္ဂါလီအများ အပြား ရခိုင်ပြည်နယ်အတွင်းသို့ ရောက်လာကာ တိုးပွားလာကြ ရာက လူနည်းစုဖြစ်သွားရသူ မြန် မာနိုင်ငံဒေသခံတိုင်းရင်းသားတို့ အပေါ်နှင့် အချုပ်အခြာအာဏာ အပေါ် ဘေးအန္တရာယ်ကျရောက် လာခဲ့ရခြင်းဖြစ်ပါသည်။

နယ်မြေဒေသလုံခြုံရေးအ တွက် တာဝန်ထမ်းဆောင်နေသည့် စခန်းများ အစီးခံရသည်။ ဒေသခံ တိုင်းရင်းသားတို့ အသတ်ခံရ သည်။ မွေးရပ်ဌာနေကို စွန့်ခွာ ထွက်ပြေးရသည်။

သည့်အတွက် နိုင်ငံသားတို့ ၏ အသက်အိုးအိမ်စည်းစိမ်နှင့် မြန်မာ့မြေတည်ငြိမ်အေးချမ်းဖို့ ရာ တာဝန်ရှိသူတို့က နယ်မြေရှင်း လင်းရေးလုပ်ရသည်မှာ ဘာမှ ထူးဆန်းလှသည့်ကိစ္စမဟုတ်။ ဧည့်သည်က အိမ်ရှင်ကိုစော်ကား သဖြင့် အရေးယူဆောင်ရွက်ရ သည့်ကိစ္စ။

သို့သော် ကဏန်းညှပ်သည် ကို လူမသိ၊ မိအေးအော်သည်ကို တော့ လူသိသည်ဟုဆိုသလို မြန် မာနိုင်ငံကပဲ လူမျိုးတုံးသုတ်သင် သယောင်ယောင် သတင်းမှား သ တင်းကားများဖြင့် ၀ိုင်းဝန်းထိုးနှက် လာကြသည်မှာ အံ့ဩစရာကြီးပဲ ဖြစ်ပါသည်။

ဗြိတိန်ကဲ့သို့၊ အမေရိကန်ကဲ့ သို့၊ ပြင်သစ်ကဲ့သို့နိုင်ငံများက ဦး ဆောင်ကာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီခေါ်ဖို့၊ မြန်မာနိုင်ငံကို အရေးယူဖို့စသည်ဖြင့် လုပ်ဆောင် လာကြသည်မှာ အံ့ဩစရာပဲဖြစ် ပါသည်။

ဥရောပသမဂ္ဂထဲက ဗြိတိန် ထွက်ရန်ဆုံးဖြတ်သည်မှာ မိမိနိုင် ငံအတွင်း၌ အခြားသူတို့လာ ရောက်အခြေစိုက်သည်ကို အလို မရှိ၍မဟုတ်ဘူးလား။ အမေရိ ကန်တို့ ဒေါ်နယ်ထရန့်ကို ရွေးခဲ့ သည်က ထိုသမ္မတ၏အမေရိကန် မှ အမေရိကန်ကွဟူသည့် အမျိုး သားအကျိုးစီးပွားအလေးထားမှု ကို သဘောကျ၍မဟုတ်ဘူးလား။ ဂျာမနီဝန်ကြီးချုပ်မာကယ်လ်ကို ဂျာမန်လူထုအကြိုက်လျော့သွား သည်မှာ လူ့အခွင့်အရေးကိုရှေ့ တန်းတင်လွန်းပြီး အမျိုးသားလုံခြုံ ရေးကို လျော့ရဲရဲနိုင်သည်ဟု ယူ ဆကြ၍ မဟုတ်လား။ ပြင်သစ်တို့ အမျိုးသားရေးကိစ္စကို ရှေ့တန်း တင်လာကြသည်မှာ မိမိတို့မြေ ပေါ်၌ အကြမ်းဖက်ဝါဒခေါင်း ထောင်လာမည်ကို အလိုမရှိ၍ မဟုတ်လား။ ထိုင်းနိုင်ငံက သူ့နိုင် ငံထဲရှိ အကြမ်းဖက်တို့ကို အပြတ် ရှင်း၊ ဖိလစ်ပိုင်နိုင်ငံက သူ့နိုင်ငံ ထဲရှိ အကြမ်းဖက်တို့ကို အပြတ် ရှင်းကြစဉ် မြန်မာနိုင်ငံကိုမှ ကွက် ကာ အပြစ်ဖို့နေကြခြင်း၏နောက် ကွယ်၌ သံခင်းတမန်ခင်းလောက၊ မီဒီယာလောက၊ ကိုယ်ကျိုးစီးပွား လောကများသို့ ပိုက်ဆံခင်း၍ လက်ဦးမှု ရယူထားကြပုံပေါ်ပါ သည်။

(သုံး)

အင်္ဂလန်၌ ဆေးပညာဘွဲ့ထပ်ယူရန် သွားရောက်ခဲ့ပြီးလမ်း တစ်ဝက်က လှည့်ပြန်လာခဲ့သူမိတ် ဆွေဆရာဝန်က ဘတ်စ်ကားပေါ်၌ သူ့ဘေးတွင် ထိုင်ခုံလွတ်နေပါလျက် နှာခေါင်းရှုံ့ကာ ၀င်မထိုင် သူများကို ကြည့်ကာခံပြင်းခဲ့ရပါ ကြောင်း ရင်ဖွင့်ပါသည်။

ထိုင်းနိုင်ငံတစ်လွှားရှိ မြန်မာများ ထိုင်းနိုင်ငံသားဖြစ်ရန်လွယ် ပါသလားဟု မေးကြည့်စေချင်ပါသည်။ ထို့အတူ မလေးရှား။ ထို့အတူ စင်ကာပူ၊ ထို့အတူ ဂျပန်။ ဧည့်သည်ပီပီ ကျွန်တော်တို့ သည်းခံကာနေထိုင်ရုန်းကန်ကြရသည် ပဲ ဖြစ်ပါသည်။ အိမ်ရှင်ကို မထီမဲ့ မြင်လုပ်၍ မရနိုင်ပါ။

ယခု Peace Zone ခေါ် ငြိမ်း ချမ်းရေးဇုန်အမည်ဖြင့် နိုင်ငံသား မဟုတ်သူတို့နေရန် နယ်မြေသတ်မှတ်ပေးရလေမတဲ့။ ဖြစ်နိုင်ပါ့မလားစဉ်းစားစရာဖြစ်ပါသည်။ ဧည့်သည်က အိမ်ရှင်ဆီကနေ အ ခန်းတစ်ခန်းအပိုင်တောင်းနေခြင်း ဖြစ်ပါသည်။

အမြီးကလေးဝင်ပါရစေ၊ ဖင်ပိုင်းကလေးဝင်ပါရစေနှင့်ကုလားအုတ်ကြီးတစ်ကောင်လုံးတဲအတွင်း ရောက်လာတော့မှ တဲရှင် အပြင်ထွက်ပေးရသည့် ပုံပြင်ထဲကလို မဖြစ်ရန် သတိကြီးဖို့လိုပါ မည်။

အိမ်ရှင်တို့ ဧည့်သည်မစော်ကားရဟူသည့် ဘုရားရှိခိုးကို ကျွန်တော်ပြန်သတိရနေပါသည်။ လာမည့်ဘေးပြေးတွေ့ဆိုသည့်ဘုရားရှိခိုးစာသားကလည်း အသစ်တစ် ဖန်ပြန်လည်ကြားယောင်၍နေမိ ပါကြောင်း။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)


Byမောင်သာချို

7Day News

No comments:

Post a Comment