Latest News

Friday, October 6, 2017

ညောင်တုန်းမြို့နယ်၌ တွန်းသင်္ဘော(၂)စီးတိုက်မှု


၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့၊ ၁၃၀၅ အချိန် ညောင်တုန်းမြို့နယ် အရွှဲ ကျေးရွာ အနီး ပန်းလှိုင်မြစ်ကြောင်း မြစ်ကွေ့၌ တွန်းသင်္ဘော(၂)စီးတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 ရန်ကုန်မှ မန္တလေးသို့ ရေယာဉ်အုပ် ဦးစိုးမြင့် (၄၈)နှစ် ဗမာ/ဗုဒ္ဓ (ဘ)ဦးသန်းမောင် ခရမ်းသုံးခွမြို့နေသူ မောင်းနှင်လာသည့် အင်ဂျင်ဝိုင်နှင့် ဆားများ တင်ဆောင်လာသော "ရွှေထူး" တွန်းသင်္ဘော(ရေစူး ၈.၅၃ ပေ၊ အလျား ၉၉.၇၄ ပေ၊ အကျယ်၂၁ ပေ)နှင့် ရွှေကျင်မှ ရန်ကုန်သို့ ရေယာဉ်အုပ် ဦးတင်ထွန်းဦး(၅၀)နှစ် ကရင်/ဗုဒ္ဓ (ဖ)ဦးကျော်လှိုင် (၃)ရပ်ကွက် လှိုင်မြို့နယ်နေသူမောင်းနှင်လာသည့် ကျောက်စရစ်(၂၁၅)ကျင်း တင်ဆောင် လာသော "သံသာထိပ်တန်း" တွန်းသင်္ဘော (ရေစူး ၆.၉ပေ၊ အလျား ၈၉ ပေ၊ အကျယ် ၁၈.၇ ပေ)တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောတိုက်မှုကြောင့် "သံသာထိပ်တန်း" တွန်းသင်္ဘောနှင့် တွဲလာသည့် ကျောက်စရစ် ကျင်း(၅၀)ပါ CB-390 တွဲမှာ ကြိုးပြတ်ပြီးနစ်မြုပ်သွားခဲ့ပါသဖြင့် ၁၇၀၅ အချိန်တွင် စိုးမြင့်(ဖမ်းမမိ)အား မဲဇလီနယ်မြေရဲစခန်း(ပ)၂၁၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၀(ရေယာဉ်အား အရမ်းဦးစီးသွားလာစေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment