Latest News

Tuesday, October 3, 2017

ကျပ်သန်းငါးထောင်ကျော်သုံးပြီး တောင်ကြီးတွင် ပထမဆုံး နိုင်လွန်ကတ္တရာလမ်းခင်း

ကျပ်သန်းငါးထောင်ကျော်သုံးပြီး တောင်ကြီးတွင် ပထမဆုံး နိုင်လွန်ကတ္တရာလမ်းခင်း

တောင်ကြီးမြို့ လမ်းပိုင်း ငါးမိုင်ကို ကျပ်သန်းငါး ထောင်ကျော်သုံးစွဲကာ နိုင်လွန် ကတ္တရာခင်းနေပြီး ယင်းမှာ ရှမ်း ပြည်နယ်အတွင်း ပထမဆုံးနိုင် လွန်ကတ္တရာလမ်းဖြစ်လာမည်ဟု ရှမ်းပြည်နယ် လမ်းဦးစီးဌာန(မြို့ ပြ)ညွှန်ကြားရေးမှူး ဦးကျော်ဇေ ယျက ပြောသည်။

 တောင်ကြီးမြို့အဝင်မှ တောင်ကြီးဆေးတက္ကသိုလ်အထိ လမ်းပိုင်းငါးမိုင်ကို စက်တင်ဘာ က စတင်ကာ နိုင်လွန်ကတ္တရာခင်း ခြင်းဖြစ်ပြီး ၂၀၁၈ မတ်လအပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

‘‘ခန့်မှန်းကုန်ကျစရိတ်က တော့ မြန်မာကျပ်ငွေ ငါးဘီလီယံ အထက်မှာရှိတယ်။ အခုလုပ်ငန်း တွေကိုလည်း BOT ရထားတဲ့ ကုမ္ပဏီနှစ်ခုက စတင်ဆောင်ရွက် နေပြီဖြစ်တယ်’’ဟု ဦးကျော်ဇေယျ က ဆိုသည်။

တောင်ကြီးမြို့အဝင် ကရင် မရေထွက် မိုင်တိုင် (၁၁၃) မှ ရှမ်းပြည်နယ်လွှတ်တော်မိုင်တိုင် (၁၁၆)အထိ လမ်းပိုင်း သုံးမိုင်ကို တောင်ပေါ်ဒေသ လမ်းဆောက် လုပ်ရေးကုမ္ပဏီနှင့် ရှမ်းပြည်နယ် လွှတ်တော်ရုံးရှေ့ မိုင်တိုင် (၁၁၆)မှ တောင်ကြီးဆေးတက္ကသိုလ်အ ကျော် မိုင်တိုင် (၁၁၈)အထိ လမ်း ပိုင်း နှစ်မိုင်ကို နေမင်းရောင်ကုမ္ပ ဏီတို့က တာဝန်ယူဆောင်ရွက် နေသည်။

နိုင်လွန်ကတ္တရာ လမ်းခင်း ခြင်းကို စက်ယန္တရားများအသုံး ပြုဆောင်ရွက်ပြီး သာမန်ကတ္တရာလမ်းခင်းခြင်းထက် ကုန်ကျစရိတ်နှစ်ဆခန့်ပိုမိုကာ ကြာရှည်ခံခြင်း နှင့် အသုံးပြုရာတွင် ပိုမိုညက် ညော ကောင်းမွန်မည်ဖြစ်သည်။

အဆင့်မြင့်နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းကို လမ်းမျက်နှာပြင် နှစ်ဖက်အကျယ် ၆၆ ပေ အ ထိ  အပြည့်ခင်းမည် ဖြစ်သည်ဟု တောင်ပေါ်ဒေသ လမ်းဆောက် လုပ်ရေးကုမ္ပဏီမှ နိုင်လွန်ကတ္တ ရာခင်းခြင်းလုပ်ငန်းစီမံကိန်းမန် နေဂျာ ဦးသီဟထွန်းက ပြော သည်။  ‘‘ရှမ်းပြည်နယ်မှာ နိုင်လွန် ကတ္တရာခင်းတာ အခုမှစတာဆို တော့ ကျွန်တော်တို့ဘက်က အ ကောင်းဆုံးဖြစ်အောင် စေတနာ ပါပါနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးသီဟထွန်းက ပြောသည်။

အဆင့်မြင့်နိုင်လွန်ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းကို ရှမ်း ပြည်နယ် တောင်ကြီးမြို့တွင် ပထမဆုံးဆောင်ရွက်ခြင်းဖြစ်ပြီး ညောင်ရွှေ၊ လားရှိုး စသည့်မြို့ တွင်းလမ်းများ၌လည်း ဆောင် ရွက်ရန် လျာထားကြောင်း ရှမ်း ပြည်နယ်လမ်းဦးစီးဌာန တာဝန် ရှိသူအချို့က ပြောသည်။

နိုင်လွန်ကတ္တရာ ခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်ခြင်း အခမ်းအနားဖွင့်ပွဲကို တောင်ကြီး မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရှမ်းပြည်နယ်လမ်းဦးစီးဌာနရုံး ရှေ့တွင် အောက်တိုဘာ ၁ ရက် က ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လမ်းဦးစီး ဌာန၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တောင်ကြီးဒေသခံမြို့မိ၊ မြို့ဖများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

7Day News

No comments:

Post a Comment