Latest News

Sunday, October 29, 2017

လပွတ္တာ ဘက်တွင် ရေငန်တား တာများကို တစ်ပေခွဲခန့် ပို့မြှင့်

လပွတ္တာ ဘက်တွင် ရေငန်တား တာများကို တစ်ပေခွဲခန့် ပို့မြှင့်



Photo –Myo  Min  Paing -လပွတ္တာ မြို့ နယ် ကတန်းလေးကျေး ရွာကလယ်ယာလုပ်ငန်းခွင်တစ်ခုမှလယ်သမားတစ်ဦးကိုတွေ့ရစဉ်

ရာသီဥတုဖောက်ပြန်ပြောင်းပြောင်းလဲမှု ဖြစ်စဉ်တစ်ခုဖြစ်သော ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို ကာကွယ်ရန်အတွက်ဟုဆိုကာ ရေငန်တား ပတ်တာများကို ယခင်ကထက် တစ်ပေခွဲခန့် ပို့မြင့်အောင် ဖို့လာကြောင်း လပွတ္တာ ဒေသရှိ လယ်သမားများထံမှသိရသည်။

 လယ်ကွင်းများထဲကို ပင်လယ်ရေငန် မ၀င်အောင် ပတ်ပြီးကာထားသည့် တာများသည် ယခင်က နှစ်ပေခန့်သာအမြင့်ရှိသော်လည်း ယခုအခါ သုံးပေးခွဲအထိဖြစ်အောင်  တစ်ပေခွဲခန့် ပိုဖို့လာကြောင်း လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်က လယ်သမားဦးလှထွေးကပြောသည်။
“ပက်တာတွေကို ရေငံမ၀င်အောင် ပြန်လည်ပြီးတော့ တတ်နိုင်တဲ့ အင်အားနဲ့ ပေါက်ပြီးထပ်မြှင့်ကြတာပေါ့ မမြှင့်လို့ လည်းမရဘူး လေ ကျွန်တော်တို့ ဒေသကလယ်သမားတွေရဲ့ ဘ၀က ရေငံ ကအသက်ပဲ အချိန်မတန်ပဲ ရေငံရောက်သွားရင်ကုန်ရော ခုနောက်ပိုင်းရေငံဝင်ရောက်မှုကများလာတော့ လယ်သမားအားလုံးက လိုက်မြှင့်ကြတယ် “ဟုလပွတ္တာမြို့ နယ်ခွဲ ပြင်စလူမြို့  က လယ်သမားဦးလှထွေးကပြောသည်။

ရေငန်ဝင်ရောက်လျှင် စပါးပင်များ သေဆုံးကုန်တတ်သကဲ့သို့ မသေဘဲ ရှင်ကျန်သည့်စပါးပင်များသည်ဆန်စေ့မအောင်ဘဲ စပါးအထွက် ထက်ဝက်ခန့် အထိလျှော့ကျတတ်ကြောင်း လယ်သမားများက ပြောဆိုသည်။
၂၀၁၆ ခုနှစ်ကရေငံကာတား ပက်တာကိုကျော်၍ ရေငံဝင်ရောက်မှုကြောင့် လပွတ္တာမြို နယ် အောက်ပိုင်းကတန်းလေးကျေးရွာတွင် လယ်ဧက (၁၀၀၀)ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ ဖူးကြောင်းယင်းဒေသခံများကပြောသည်။

တစ်ရွာလုံးကလယ်တွေကုန်သလောက်ပျက်စီးကုန်တာ ဖြစ်တာက ဘယ်လိုဖြစ်တာလဲဆိုတော့ အချိန်မတန်ခင် ရေငံဝင်တော့ စပါးတွေကပြာပြီး သေကုန်တာ ဟု ဒေသခံ ဦးကျော်မင်းကရှင်းပြသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ရေငံဝင်ရောက်မှုများကို ဖြေရှင်းနိုင်ရန် လပွတ္တာဒေသတွင် ရေငံဒဏ်ခဲ မျိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာနက ဖြန့် ဖြူးမှုများပြုလုပ်နေသလို ရေငံကာတာ (ပက်တာ)တွေကိုလည်း တတ်နိုင်သလောက်မြှင့်ဖို့ ပညာပေးမှုများဆောင်ရွက်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းစိုးကဆိုသည်။

ရေငံဒဏ်ခံနိုင်တဲ့ မျိုးစပါးတွေဖြန့် ပေးထားတယ်ခုဆိုဆားငံဒဏ်ခံဆင်းသွယ်လက်ဖြန့် ပေးနေတယ်ကျနော့်အနေနဲ့ ပြောရရင်တော့ရေငံတားတာ လုပ်တာတော့ အကောင်းဆုံးနဲ့ အသေချာဆုံးပဲ ဒီလိုလုပ်ထားတာ့ မိုးရေလှောင်လို့ လဲရတယ် အဲ့ တော့ အောင်ရေအတွက် စိတ်ပူစရာမလိုတော့ ဘူး နောက်တစ်ခါ ဘိုကိတ်ပဲလွန်းဖြူ နေကြာအစရှိတဲ့ ဆောင်းသီးနှံတစ်ချို့ လည်းတော်တော်များများစိုက်လို့ ရတယ် “ဟု ၄င်းကဆက်ပြောသည်။

ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် အခြေနေများကို ပြည်သူ နှင့် အစိုးရပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို အစိုးရအနေဖြင့် လည်း ရေငံဝင်ရောက်မှုကြောင့် ဖြစ်လာနိင်သည့် အခြနေများ ကြိုတင်စဉ်းစားကာ စိုက်ပျိုးရေး နှင့်သက်ဆိုင်သော စီမံကိန်းများ ရေးဆွဲထားသင့်ကြောင်း မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့  က ကိုစိုင်မွန်ကအကြံပြုသည်။

လာမည့် နှစ်သုံးဆယ်အတွင်းလပွတ္တာဒေသတွင် လက်တွေ့ ကျသော စိန်ခေါ်မှုတစ်ခုဖြစ်သည့် ဆားငံရေ ၀င်ရောက်မှုကြောင့် ဒေသခံပြည်သူများကို သက်ရောက်စေနိုင်ပြီး ပင်လယ်ဆားငန်ရေ အမြင့် ၄၂ စင်တီမီတာ အထိမြင့်တက်လာနိုင်သည်ဟု၂၀၁၇ခုနှစ်ထုတ် မြန်မာနိုင်ငံ ရာသီဥတုပြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့ ၏ စစ်တမ်းတွင်ထုတ်ပြန်ထားသည်။

မျိုးမင်းပိုင်

No comments:

Post a Comment