Sunday, October 29, 2017
ရန်ကုန်-မဲဆောက် လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြိုနဲ့ ရန်ကုန်ကိုသွားသွားမဲ့ လေကြောင်းခရီးစဉ်ကိုအောက်တိုဘာလ ၂၉ရက်နေ့ကစတင်ပြေးဆွဲနေပြီဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့ မဲဆောက်က ထိုင်းဘုရားဖူးခရီးသည်များ စတင်သွားကြတာဖြစ်ပြိး လေယဉ်ပေါ်မှာလူ၈၀ကျော်လိုက်ပါသွားခဲ့ပါတယ် ဒီလိုမဲဆောက်ရန်ကုန်ကို လေယာဉ်ခရီးရှိတဲ့အတွက် ကုန်သည်တွေအတွက်ကော ဆေးကုသမဲ့သူတွေအတွက်ပါ အဆင်ပြေချောမွေ့ နိုင်တယ်လို့ ဆိုကြပါတယ် မအေးအေးမာကသတင်းပေးပို့ထားပါတယ်
ထိုင်းလေကြောင်းတခုဖြစ်တဲ့ Nok air လေကြောင်လိုင်းဟာ မဲဆောက် ရန်ကုန်ခရီးစဉ်ကိုစတင်ပြေးဆွဲနေပြိဖြစ်ပါတယ် တပတ်ကို ၃ရက်ခရီးစဉ်ရှိပြီးခရီးသည်တဦးကို ၁၂၉၉ ဘတ် နဲ့(မြန်မာငွေနဲ့ဆို ကျပ်ငွေငါးသောင်းကျော် ကုန်ကျမှာဖြစ်ပါတယ်အခုလို လေကြောင်းခရီးစဉ်ရှိလာတဲ့အတွက်ရန်ကုန်မဲဆောက်သွားလာနေတဲ့ကုန်သည်တွေအတွက် အဆင်ပြေနိုင်တယ်လို့မဲဆောက်မြိုကကုန်သည်တဦးကပြောပြပါတယ်
"ကုန်သည်တွေဘာတွေအတွက်ကတော့ကျနော်ထင်တာစာအုပ်နဲ့လာမယ်ဆို၇င်အဆင်ပြေသွားမှာပဲ ဆေးရုံဆေးခန်းတွေလည်းအလာများတယ် ကုန်သည်ငယ်တွေကတော့ အရောင်းအ၀ယ်ကိစနဲလာတာများတယ် အဆင်ပြေမလားဆိုတော့လမ်းပမ်းဆက်သွယ်ရေးအရမ်းအဆင်ပြေသွားမယ် အချိန်တိုတိုနဲ့ရောက်တဲ့အခါကျတော့ ကုန်သည်တွေအတွက်ဝယ်ရပြုရဆိုတာ့ခေတ္တ အချိန်နည်းနည်းပဲသုံးရတော့တာပေါ့ "
အောင်တိုဘာလ ၂၉ရက်နေ့ကစတင်ပြေးဆွဲတဲ့မဲဆောက် ရန်ကုန်Nok air လေယဉ်ကို စီးသွားတဲ့ ခရီးသည် ၈၅ဦးရှိပြိး အများစုကတော့ ရန်ကုန်ကိုဘုရားဖူးသွားကြသူတွေများပါတယ် ထိုင်းနဲ့မြန်မာနိုင်ငံကူးလက်မှတ်၇ှိတယ်ဆိုရင်တော့ ဗီဇာမလိုပဲ သွားလာနိုင်တာဖြစ်ပါတယ်လေကြောင်းလိုင်းဖွင့်ပွဲလုပ်ခဲ့တဲ့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက တော့ ကုန်သွယ်ေ၇းဆိုင်ရာလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေနဲ့လူမူရေးဆိုင်ရာလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေမဲ့လေကြောင်း ခရီးစဉ်အဖြစ် ပြောဆိုပါတယ်
လေကြောင်းလိုင်းကတော့အပတ်စဉ်တနင်္ဂနွေ အဂီါနဲ့ဗုဒဟူးနေတွေမှာ မနက် ၁၁နာရီချိန်တိုင်း ပြေးဆွဲမှာဖြစ်ပါတယ် ဒီအတွက် ရန်ကုန်ကနေ မဲဆောက်မြို အင်တာနေရှင်နယ်ဆေးရုံးကြီးမှာ ဆေးလာကုမဲ့သူတွေလည်းအဆင်ပြေနိုင်သလို လေကြောင်းခရီးစဉ်ကြောင့် အချိန်မကုန်ပဲ နဲ့ခရီးသွားလာရေးလွယ်ကူစေနိုင်တယ်ဆိုပြီး မြန်မာဘက်ကကုန်သည်တွေကပြောဆိုနေကြပါတယ်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရန်ကုန်-မဲဆောက် လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ
Reviewed by timeayeyar
on
10:06 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment