Latest News

Tuesday, October 24, 2017

ရခိုင်မှာ လူ့အခွင့်အရေး ဖောက်ဖျက်ခဲ့သူတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ အမေရိကန် စီစဉ်

ရခိုင်မှာ လူ့အခွင့်အရေး ဖောက်ဖျက်ခဲ့သူတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ အမေရိကန် စီစဉ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း စစ်တပ်ရဲ့ ဆောင်ရွက်ပုံ အပြုအမူတွေနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အောက်တိုဘာလ ၂၃ ၇က်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခအတွင်း အလွန်အကျွံ အင်အားသုံးခဲ့တာ၊ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တခြား လူ့အသိုင်းအ၀ိုင်းတွေအပေါ် မတော်မတရား ပြုမူခဲ့တာတွေကြောင့် ရပ်ရွာကို စွန့်ပြီး အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ကြရတဲ့အပေါ် တာဝန်ရှိသူတွေကို တစ်ဦးချင်း ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Heather Nauert က ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အရင်ကတည်းက မြန်မာ့တပ်မတော်အပေါ် အကန့်အသတ်နဲ့ ဆက်ဆံနေတာဖြစ်ပြီး၊ စစ်လက်နက်ပစ္စည်း ရောင်းချမှုတွေ ကန့်သတ်ထားတာလည်း ကာလကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အခုတခါ အဲဒီကန့်သတ်မှုတွေကို ထပ်လောင်းတိုးမြှင့်ဖို့ ဖြစ်ပါတယ်။
ဒါ့ပြင် ၂၀၀၈ ခုနှစ်က ချမှတ်ထားတဲ့ JADE Act အရ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်ပြည်ဝင်ခွင့် ဆက်လက်တားမြစ်ထားမှာဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ဖေါက်ဖျက်ကျူးလွန်ခဲ့ကြသူတွေကို တစ်ဦးချင်းပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

RFA

No comments:

Post a Comment