Latest News

Wednesday, October 4, 2017

အဝေးသင်တက္ကသိုလ်အနီးကပ်သင်တန်းများ အချိန်ပြည့်တက်ရောက်ရန်နှင့် စာမေးပွဲတွင် မသမာမှုများမပြုလုပ်ကြရန် ကြေညာ

အဝေးသင်တက္ကသိုလ်အနီးကပ်သင်တန်းများ အချိန်ပြည့်တက်ရောက်ရန်နှင့် စာမေးပွဲတွင် မသမာမှုများမပြုလုပ်ကြရန် ကြေညာ

အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းများကို ရက် ပြည့်၊ အချိန်ပြည့်တက်ရောက်ရန် နှင့် စာမေးပွဲတွင် မသမာမှုများ မပြုလုပ်ရန် ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေး အဝေး သင်တက္ကသိုလ်က စက်တင်ဘာ နောက်ဆုံးပတ်တွင် ကြေညာ ချက်ထုတ်ပြန်ထားသည်။
 အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအ တွက် အနီးကပ်ပို့ချသင်တန်း သည် ဘာသာရပ်အလိုက်သင်ယူ တတ်မြောက်မှု ဆန်းစစ်ရာ၌ အရေးပါသောသင်တန်းဖြစ်ခြင်း ကြောင့် ရက်ပြည့်၊ အချိန်ပြည့် တက်ရောက်ရန်နှင့် စာမေးပွဲတွင် ရိုးသားစွာဖြေဆိုရန်၊ မသမာမှုမပြုလုပ်ရန် ကျောင်းသား၊ ကျောင်းသူများကို ကြိုတင်အသိပေးထားရန် အဝေးသင်တက္ကသိုလ်များက အဝေးသင်ဌာနခွဲအသီးသီးသို့ ညွှန်ကြားထားသည်။

‘‘အနီးကပ်ရက်ရော၊ စာမေး ပွဲရက်ရော အားလုံးကြေညာပေး ပြီးပါပြီ။ အနီးကပ်တက်တဲ့ရက်က စာမေးပွဲအတွက် တစ်စိတ်တစ် ပိုင်းအရေးပါတယ်။ ဆယ်ရက် လောက်ကို ပြည့်အောင်တက်ဖို့ အသိပေးတဲ့သဘောပါပဲ။ စာမေး ပွဲစည်းမျဉ်းစည်းကမ်းကတော့ အ ရင်နှစ်တွေလိုပါပဲ’’ ဟု ရန်ကုန် အဝေးသင်တက္ကသိုလ်တာဝန်ရှိ သူတစ်ဦးက ပြောသည်။

 အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သည် စာမေးပွဲမဖြေဆိုမီ အနီး ကပ်ပို့ချသင်တန်းများတက် ရောက်ရမည်ဖြစ်ပြီး ဒုတိယအ သုတ်အနီးကပ်ပို့ချသင်တန်းများ ကို အောက်တိုဘာ ၁၅ ရက်မှ ၂၄ ရက်အထိလည်းကောင်း၊ တတိယအသုတ်အနီးကပ်ပို့ချသင်တန်းများကို နိုဝင်ဘာ ၉ ရက်မှ ၁၉ ရက်အထိလည်းကောင်း တက်ရောက်ရမည်ဖြစ်သည်။

ပထမအသုတ်(သိပ္ပံအထူး ပြု)ကျောင်းသား၊ ကျောင်းသူများ သည် အနီးကပ်တက်ရောက်ရန် မလိုအပ်သော်လည်း သိပ္ပံလက် တွေ့သင်တန်းကို ၇၅ ရာခိုင်နှုန်း တက်ရောက်ပြီးမှသာ စာမေးပွဲ ဖြေဆိုခွင့်ရမည်ဖြစ်သည်။

‘‘အနီးကပ်က အရေးကြီး တယ်လို့ ဆရာမတွေက ပြောလို့ တက်တော့တက်ဖြစ်တယ်။ ဒါပေ မဲ့ တစ်ခါတလေလည်း သူငယ် ချင်းတွေနဲ့ဆုံပြီး အပြင်သွားကြ တော့ မတက်ဖြစ်တဲ့ရက်လည်း ရှိတယ်’’ ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်အဝေးသင်တက္ကသိုလ် ဌာနခွဲမှ နောက်ဆုံးနှစ်ကျောင်းသူ မစန်းစန်းလင်းက ပြောသည်။

 အဝေးသင်တက္ကသိုလ်ဌာန ခွဲများတွင် မှတ်ပုံတင်ထားသည့် ပထမအသုတ်(သိပ္ပံအထူးပြု) ကျောင်းသား၊ ကျောင်းသူများ သည် အောက်တိုဘာ ၂ ရက်မှ ၁၂ ရက်အထိလည်းကောင်း၊ ဒုတိ ယအသုတ်(အင်္ဂလိပ်စာ၊ ပထ၀ီ ၀င်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ အထူးပြု)များသည် အောက်တို ဘာ ၂၇ ရက်မှ နိုဝင်ဘာ ၇ ရက် အထိလည်းကောင်း စာမေးပွဲဖြေ ဆိုရမည်ဖြစ်သည်။

တတိယအသုတ် (မြန်မာ စာ၊ မြန်မာမှု၊ ရသစာပေ၊ သ မိုင်း၊ စီးပွားရေးပညာ၊ ပြည်သူ့ ရေးရာ၊ အိမ်တွင်းစီးပွား၊ စီးပွား စီမံအထူးပြု)များသည် နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ စာမေး ပွဲဖြေဆိုရမည်ဖြစ်သည်။

စာစဉ်များတင်သွင်းထားပြီး သတ်မှတ်ရက်အတွင်း စာမေးပွဲ ၀င်ခွင့်လျှောက်လွှာတင်သွင်းပြီးမှ သာ အဝေးသင်ကျောင်းသား၊ ကျောင်းသူများအား စားမေးပွဲဝင် ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး စာမေးပွဲတွင် မသမာမှုများပြုလုပ် ပါက တစ်နှစ်မှ သုံးနှစ်အထိ ကျောင်းမှ ထုတ်ပယ်မည်ဟု အ ဝေးသင်တက္ကသိုလ်စာမေးပွဲဆိုင် ရာ စည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားသည်။

ယခု ၂၀၁၇-၁၈ ပညာသင် နှစ်၌ ရန်ကုန်အဝေးသင်တက္က သိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့အောက်ရှိ ဌာနခွဲ ၃၆ ခုတွင် အဝေးသင်တက္ကသိုလ် တက်ရောက်နေသော ကျောင်း သူ၊ ကျောင်းသားနှစ်သိန်းငါး သောင်းကျော်ရှိပြီး ပုံမှန်ဘွဲ့ကြို (Day) တက်ရောက်သူများထက် နှစ်ဆခန့်များပြားသည်။

7Day News

No comments:

Post a Comment