Latest News

Tuesday, October 3, 2017

ရခိုင်အရေးနဲ့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာ

ရခိုင်အရေးနဲ့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာ

(၁)

ဆရာကြီးပါမောက္ခဒေါက် တာလှထွန်းအောင်ရဲ့ ‘ပထ၀ီဝင် နိုင်ငံရေး(ခေတ်ဟောင်းနှင့် ခေတ် ပြိုင် ပထ၀ီဝင်နိုင်ငံရေးအခရာ များ)’ စာအုပ်မှာ ဖော်ပြထားတဲ့ ပြက်လုံးလေးတစ်ခုကို မျှဝေပေး လိုပါတယ်။ အငြိမ်းစားသံအမတ် ကြီး ဦးအောင်သန့်ရဲ့ ရေးသား ထားချက်အရ ကုလသမဂ္ဂနဲ့ပတ် သက်ပြီး ဝေဖန်ဆန်းစစ်သူတွေ ပြောလေ့ရှိတဲ့ ပြက်လုံးတစ်လုံး ဖြစ်တယ်လို့ ဆရာကြီးဒေါက်တာ လှထွန်းအောင်က ဆိုပါတယ်။

‘‘နိုင်ငံငယ်ကလေးနှစ်ခု ကု လသမဂ္ဂတရားခွင်သို့ ရောက်လာ လျှင် နှစ်နိုင်ငံအကြားရှိ ပဋိပက္ခ ပြဿနာမှာ ပြေလည်ပပျောက် ကောင်း ပပျောက်ပေလိမ့်မည်။ နိုင်ငံကြီးတစ်နိုင်ငံနှင့် နိုင်ငံငယ် လေးတစ်ခု ပဋိပက္ခဖြစ်၍ ကုလ သမဂ္ဂသို့ တက်သွားလျှင် ပြဿ နာမပျောက်ဘဲ နိုင်ငံငယ်ကလေး ပျောက်သွားနိုင်သည်။ နိုင်ငံကြီး နှစ်နိုင်ငံ ပဋိပက္ခဖြစ်၍ ကုလသ မဂ္ဂသို့ ရောက်လာလျှင်မူ ပြဿ နာမပျောက်ဘဲ ကုလသမဂ္ဂ ပျောက်သွားနိုင်သည်’’ဆိုတဲ့ ပြက် လုံးပါပဲ။

ပြက်လုံးလေးရဲ့ ဆိုလိုရင်း ကတော့ ကုလသမဂ္ဂမှာ အင်အား ကြီးနိုင်ငံတွေက သြဇာလွှမ်းမိုး ထားတယ်ဆိုတာကို ဖော်ပြလို ရင်းဖြစ်တယ်လို့ နားလည်မိပါ တယ်။ တစ်ချိန်တည်းမှာ အဲဒီ ပြက်လုံးလေးနဲ့ပတ်သက်ပြီး ဆက်စပ်တွေးတောကြည့်သင့်တာက ကုလသမဂ္ဂရဲ့ လုပ်ငန်းလုပ် ဆောင်ချက်တွေ၊ ဆုံးဖြတ်ချက် တွေကရော ဘယ်မျှလောက် ဘက်လိုက်မှုကင်းပါသလဲ၊ အမှန် တရားကို ဘယ်လောက်ကိုယ်စား ပြုပါသလဲ၊ တရားမျှတတဲ့ ရလဒ် အဖြေကို ဘယ်လောက်ဖော် ဆောင်ပေးနိုင်ပါသလဲဆိုတဲ့ အ  ချက်တွေပဲ ဖြစ်ပါတယ်။

(၂)

ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ(UN Security Council) မှာ ဆွေးနွေးမှုတွေပြု လုပ်ခဲ့ကြပြီး နောက်ဆုံးအကြိမ်အ နေနဲ့ စက်တင်ဘာ ၂၈ ရက်က အ စည်းအဝေးကျင်းပရာမှာ ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီအ စည်းအဝေးမှာ အင်မတန်ပြင်း ထန်တဲ့ စကားလုံးတွေနဲ့ မြန်မာ နိုင်ငံကို ဝေဖန်တိုက်ခိုက်ခဲ့ကြ တာကို တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်အ ရေးနဲ့ပတ်သက်ပြီး ဘယ်လိုစီမံ ဆောင်ရွက်သွားမလဲဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာ ၁၉ ရက်ကတည်းက သံတမန်တွေကို ရှင်းလင်းပြောဆို ပြီး ဖြစ်ပါတယ်။ အဲဒီလိုပြောဆို ရာမှာ ‘‘မြန်မာဘက်ကနေ ဘင်္ဂ လားဒေ့ရှ်ဘက်ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက် ခံဖို့ တိုက်တွန်းပြောကြားထားတာ ရှိပါတယ်။ ပြန်လည်လက်ခံနိုင် ရေးအတွက် မြန်မာနိုင်ငံမှာ အမှန်တကယ်နေထိုင်ခဲ့ကြောင်း စိစစ် မှုလုပ်ငန်းစဉ်(Verification Process) ကို အချိန်မရွေးစတင် နိုင်ဖို့အတွက် ကျွန်မတို့ပြင်ဆင် ထားပါတယ်။ နှစ်နိုင်ငံအကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေ ကို မူတည်ပြီး ၁၉၉၃ ကတည်းက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် တစ်ခု ထူထောင်ထားပြီးဖြစ်ပါ တယ်။ အဲဒီအပေါ်မူတည်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မ တို့အဆင်သင့်ရှိပါတယ်’’ လို့ ထည့်သွင်းပြောဆိုသွားပါတယ်။ ဒါပေမဲ့ ကုလအထွေထွေအတွင်း ရေးမှူးချုပ်ကတော့ ‘ဘင်္ဂါလီ(မူ ရင်းရိုဟင်ဂျာ)တွေကို အိမ်ပြန်ခွင့် မဖြစ်မနေပေးရမယ်။ (Rohingya must be Allowed to Return Home)’ လို့ စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပတဲ့လုံခြုံရေး ကောင်စီအစည်းအဝေးမှာ အာ ပေါင်အာရင်းသန်သန်နဲ့ ဆိုပြန် ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အ တိုင်ပင်ခံ ပြောခဲ့သလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားက ဒုက္ခသည်ပြန်လည်လက်ခံရေး ၁၉၉၃ သဘောတူညီချက်အရ ဒုက္ခသည်တွေကို ပြန်လည်လက် ခံမယ်ဆိုတာဟာ လုပ်ငန်းစဉ်ရဲ့ အစကောင်းဖြစ်ပေမယ့် လက်ရှိ အခြေအနေနဲ့ မကိုက်ညီဘူး။ (The 1993 Joint Statement of the Foreign Ministers of Bangladesh and Myanmar could be a useful starting point, but it is not sufficient in the present circumstances) လို့ ဆိုပါတယ်။ ဒီမှတ်ချက်စကား ဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပဋိ ညာဉ်၊ ဂုဏ်သိက္ခာ၊ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီပါရဲ့လားဆိုတာ ကို မေးခွန်းထုတ်စရာ ဖြစ်ပါ တယ်။ နိုင်ငံနှစ်နိုင်ငံကြားမှာ ဆယ်စုနှစ်နှစ်ခုကြာ တည်ရှိခဲ့တဲ့ စာ ချုပ်တစ်ခုဟာ အခြေအနေတစ် ခုနဲ့ မကိုက်ညီဘူးဆိုတဲ့ စကား ဟာ တာဝန်မဲ့လွန်းပြီး အဲဒီစာချုပ် ကို ချိုးဖောက်ဖို့ ဖိအားပေးတာ ဟာ မဖြစ်သင့်တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ‘ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင် တွေကို နိုင်ငံသားဖြစ်ခွင့်ပေးရ မယ်။ (The Muslims of Rakhine state should be Granted Nationality)’လို့ ပြော ဆိုခဲ့ကြောင်း လုံခြုံရေးကောင်စီ ရဲ့ဝက်ဘ်ဆိုက်က ဖော်ပြထားပါ တယ်။ အဲဒီနိုင်ငံသားဖြစ်ခွင့်ပေး ရမယ်ဆိုတဲ့ မွတ်စလင်တွေဟာ တခြားနိုင်ငံက ခိုးဝင်လာနေတဲ့ ဘင်္ဂါလီတွေကို ရည်ညွှန်းတာဆို ရင်တော့ ဒါဟာမြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေကို ပြောင်ပြောင် တင်းတင်း ၀င်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းတာသာ ဖြစ်ပါတယ်။ တကယ်လို့ ၁၉၈၂ နိုင်ငံသားဖြစ် မှုဥပဒေဟာ လူ့အခွင့်အရေးနဲ့ မညီညွတ်ဘူးဆိုရင်၊ ဒါမှမဟုတ် နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက် ညီခဲ့ဘူးဆိုရင် ၁၉၈၉ ကနေ ၂၀၁၆ အထိ ကျင်းပခဲ့တဲ့ ကုလ သမဂ္ဂအထွေထွေညီလာခံတွေ၊ လုံခြုံရေးကောင်စီအစည်းအဝေး တွေမှာ ပြောကြ ဆိုကြဖို့ ကောင်း ပါတယ်။ အဲဒီလိုတစ်ခါမှ မပြောခဲ့၊မဆိုခဲ့ကြဘဲ နှစ်ပေါင်း ၃၀ ကျော်တည်ရှိခဲ့တဲ့ မြန်မာ့ဥပဒေကို ချိုးဖောက်ဖို့ ၀င်ရောက်စွက်ဖက်တာဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တစ်ယောက် ရဲ့ ဂုဏ်သိက္ခာနဲ့ ဆီလျော်တဲ့လုပ် ရပ် မဟုတ်ဘူးလို့ ထင်မြင်ယူဆ မိပါတယ်။

အထွေထွေအတွင်းရေးမှူး ချုပ်က သူ့ရဲ့မိန့်ခွန်းထဲမှာ ၁၉၉၃ သဘောတူညီချက်နဲ့ ဒုက္ခသည် တွေကို ပြန်လည်လက်ခံခြင်း သည် ဒုက္ခသည်တွေ ရွှေ့ပြောင်း ခြင်းရဲ့ အဓိကအကြောင်းရင်း ကို မဖြေရှင်းနိုင်ဘူး။ (It does not refer to resolving the root cause of Displacement) လို့ လည်း ဆိုခဲ့ပါသေးတယ်။ ဒါဖြင့် ပြဿနာရဲ့ အဓိက အကြောင်း ရင်းဟာ ဘာလဲဆိုတာကို ထုတ် နုတ်ဆင်ခြင်ကြည့်သင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေက ၂၀၁၆ မှာ ၅၂ သန်းကျော်ရှိပါ တယ်။ ခန့်မှန်းသတ်မှတ်ထားတဲ့ စံနှုန်းတွေအရဆိုရင် ၂၀၁၇ မှာ ၅၄ သန်းကျော်လောက် ရှိပါလိမ့် မယ်။ တစ်ကမ္ဘာလုံးလူဦးရေနဲ့ ၀ ဒသမ ၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ကနေ အနည်းဆုံးအထိ စီလိုက် ရင် မြန်မာနိုင်ငံက အဆင့် ၂၆ မှာ ရှိပါတယ်။ စုစုပေါင်းဧရိယာအ ကျယ်အ၀န်း ၆၅၃,၄၀၇ စတုရန်း ကီလိုမီတာ (၂၅၂,၂၈၂ စတုရန်း မိုင်)ရှိတဲ့ နိုင်ငံမှာလူဦးရေ သိပ် သည်းဆကိုပြန်တွက်ကြည့်ရင် တစ်ကီလိုမီတာပတ်လည်မှာ ၈၄ ယောက်နှုန်း (တစ်မိုင်ပတ်လည် မှာ ၂၇၂ ယောက်နှုန်း) လောက်နေထိုင်ကြတယ်လို့ ခန့်မှန်းလို့ရပါ တယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ လူဦးရေ ၁၆၅ သန်း ခန့်ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိတယ်။ ကမ္ဘာပေါ် မှာ လူဦးရေအများဆုံး နံပါတ် (၈) လိုက်တဲ့ နိုင်ငံဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံဧရိယာက ၁၃၀,၁၇၂ စတု ရန်းကီလိုမီတာပဲ ရှိတာကြောင့် တစ်ကီလိုမီတာပတ်လည်မှာ လူဦးရေ ၁,၂၆၆ ဦးနေထိုင်နေရ တယ်။

တစ်ကီလိုမီတာပတ်လည် မှာ လူဦးရေ ၁,၂၆၆ ဦး နေထိုင်နေ ရတဲ့ နိုင်ငံနဲ့ တစ်ကီလိုမီတာမှာ ၈၄ ဦးပဲ နေတဲ့နိုင်ငံတို့ အိမ်နီးနား ချင်းဖြစ်တဲ့အခါ လူဦးရေကွာဟ မှုရဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်မနေ ကြုံတွေ့ရမှာပါပဲ။ တ ကယ်ဖြေရှင်းရမယ့် ပြဿနာကို လျစ်လျူရှုထားပြီး မြန်မာနိုင်ငံ ကို အပြစ်တွေအကုန်ပုံချတာဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဂုဏ် သိက္ခာနဲ့ လျော်ညီရဲ့လားဆိုတာ တွေးဆကြည့်သင့်ပါတယ်။

(၃)

ပြီးခဲ့တဲ့အပတ်ထဲက နိုင်ငံ တကာသံတမန်တွေရဲ့ ရခိုင်ပြည် နယ်ခရီးစဉ်ကို ရာသီဥတုဆိုးရွား တဲ့ အခြေအနေနဲ့ သံတမန်များအ ဖွဲ့ နာယကရဲ့ မေတ္တာရပ်ခံချက် ကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။ဒါနဲ့ပတ်သက်ပြီး ဘီဘီစီသတင်း ဌာနက စက်တင်ဘာ ၂၈ ရက်မှာ ‘‘Rohingya Crisis: Myanmar Postpones Diplomats' Rakhine Visit’’ခေါင်းစဉ်နဲ့ သတင်း တစ်ပုဒ်ဖော်ပြပါတယ်။ ဘီဘီစီက အဲဒီသတင်းရဲ့ အရင်း အမြစ်ကို ကုလသမဂ္ဂလို့ဖော်ပြ ပါတယ်။ ဒါ့အပြင် ‘A UN Spokesperson in Yangon Initially told the BBC no reason was given for the movebut later said it was due to bad Weather’ လို့ တင်ပြခဲ့ပါ တယ်။ ရန်ကုန်မှာရှိတဲ့ ကုလသ မဂ္ဂပြောရေးဆိုခွင့်ရှိသူ တစ် ယောက်က ခရီးစဉ်ကိုအကြောင်း ပြချက်မရှိဘဲ ရွှေ့ဆိုင်းခဲ့တယ်။ နောက်ပိုင်းမှာတော့ ရာသီဥတု ဆိုးရွားလို့ ပြောတယ်’’ဆိုတဲ့ အဲဒီ သတင်းဟာ အဖြစ်မှန်နဲ့ ကင်း ကွာတာနေတာကို ပြည်တွင်း သတင်းမီဒီယာတွေမှာ စာဖတ်သူ တွေအားလုံး ဖတ်ရှုပြီးဖြစ်ပါလိမ့် မယ်။ ဘီဘီစီသတင်းဌာနအနေနဲ့ အမှန်တကယ်ပဲ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူထံက သတင်း ရယူခဲ့တာ မှန်တယ်ဆိုရင် အဲဒီ သတင်းရင်းမြစ်ကို ထုတ်ဖော်ပြောဆိုဖို့ လိုအပ်သလို အဲဒီပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရ မှာ ဖြစ်ပါတယ်။  ဒီလိုသာ မဟုတ်ရင်တော့ အလိမ်အညာ သတင်းဖြန့်တဲ့ အဖွဲ့အစည်းအဖြစ်နဲ့ သိက္ခာကျမှာ ဖြစ်ပါတယ်။

(၄)

အခုတင်ပြချက်ဟာ ကုလ သမဂ္ဂနဲ့ မြန်မာပြည်သူကြားမှာ အငြင်းပွားစရာဖြစ်အောင် စေ့ ဆော်ပေးခြင်း လုံးဝ(လုံးဝ)မဟုတ် ပါဘူး။ အဲဒီလို ပြဿနာတွေ၊ အငြင်းပွားမှုတွေ များလေလေ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းက ပိုမိုရှည်လျားလေဆိုတာကို နား လည်လက်ခံထားတာမို့ ဒီမိုကရေ စီခရီးကို လမ်းလွဲစေမယ့် ဘယ် ကိစ္စကိုမဆို ရှောင်ရှားချင်တာ မြန်မာပြည်သူ ပြည်သားအားလုံး ရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ သို့သော် တစ်ဖက်သတ်ကျလွန်း၊ မမျှတလွန်းတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စွပ်စွဲချက်၊ ဝေဖန်ပြစ်တင်ချက်တွေ ဟာလည်း ဒီမိုကရေစီယာဉ်ရ ထားရဲ့ ဦးတည်ရာလမ်းကြောင်း ကို ပြောင်းလဲစေတတ်တာမို့ တင် ပြရခြင်းဖြစ်ပါတယ်။ ဘာသာ စကားကျွမ်းကျင်သူတွေ၊ မီဒီယာ တွေက ထောက်ပြပေးနိုင်ဖို့ အကြံပေးတင်ပြခြင်းသာ ဖြစ်ပါတယ်။ ပြက်လုံးထဲက ကုလသမဂ္ဂမဖြစ် သွားဖို့လည်း ၀ိုင်းပြီးသတိပေးကြ ပါဦးလို့ တိုက်တွန်းပါရစေ။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

7Day News

No comments:

Post a Comment