Latest News

Tuesday, October 3, 2017

တိုင်းနှင့် ပြည်နယ် အခွင့်အလမ်း

တိုင်းနှင့် ပြည်နယ် အခွင့်အလမ်း

စက်တင်ဘာ ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ပြည် ထောင်စု ရာထူးဝန်အဖွဲ့က လျှောက်လွှာခေါ်ယူသည့် ဝန်ကြီး ဌာန၊ အဖွဲ့အစည်း ၁၁ ခု၌ ခန့် ထားမည့် ဦးစီးအရာရှိ ရာထူးများ အတွက် ကြော်ငြာစာအမှတ် (၃/ ၂၀၁၇)ကို ဖတ်လိုက်ရသည်။ ဦးစီးအရာရှိ ၄၈၀ နေရာ ခန့်ထား မည့်အကြောင်း သိရသည်။

ပညာအရည်အချင်းအနေ ဖြင့် အနိမ့်ဆုံး ပြည်တွင်းတက္က သိုလ်တစ်ခုခုမှ ဘွဲ့အပါအဝင် မဟာဘွဲ့၊ ပါရဂူဘွဲ့များအထိ သက်ဆိုင်ရာဌာနအလိုက် ခွဲခြား ခေါ်ဆိုမှုကို တွေ့ရသည်။ အ သက် အကန့်အသတ်အနေဖြင့် ၂၀၁၇ အောက်တိုဘာ  ၁၃ ရက် တွင် ပြင်ပက ဝင်ရောက်ဖြေဆို မည့်သူများအတွက် အသက် (၃၀) မကျော်လွန်ရဆိုသကဲ့သို့ အချို့သောဌာနများက အသက် (၃၂)နှစ်ထက် မကျော်လွန်ရ၊ အချို့သောဌာနများက ပညာအရည်အချင်းပေါ်မူတည်၍အသက် (၃၅)နှစ် မကျော်လွန်ခင်ထိလျှောက်ထားခွင့်ပြုထားတာ တွေ့ရသည်။ ဝန်ထမ်းဖြစ်ပါက ၂၀၁၇ အောက်တိုဘာ ၁၃ ရက်တွင် အသက် (၃၅)နှစ်ထက် မကျော်လွန်ရ ဆိုသကဲ့သို့ အချို့ဌာနက ပညာအရည်အချင်း သတ်မှတ်၍ အသက် (၄၀)နှစ် မကျော်လွန်မီထိ ခွင့်ပြုထားတာ တွေ့ရပါသည်။

လျှောက်ထားသူများအား စစ်ဆေးခြင်းအနေဖြင့် ပဏာမ စစ်ဆေးခြင်း၊ ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းဆို၍ သုံး ကြိမ် စစ်ဆေးခံရမည်ဖြစ်သည်။ ပဏာမ စစ်ဆေးခြင်းအတွက် ၂၀၁၇ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စစ်ဆေးမည်ဖြစ်သည်။ အောင် မြင်သူများကိုသာ ရေးဖြေစာမေး ပွဲ ဝင်ရောက်ဖြေဆိုခွင့် ပြုမည်ဖြစ် သည်။ ရေးဖြေစာမေးပွဲကို ၂၀၁၈ ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ရက်များ တွင် ဖြေဆိုရမည်ဖြစ်ပါသည်။

 ပဏာမ စစ်ဆေးခြင်းနှင့် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းတို့ ကို နေပြည်တော်၊ ရန်ကုန်၊ မန္တ လေး၊ မကွေးနှင့် မော်လမြိုင်မြို့ တို့ရှိ စာစစ်ဌာန ငါးခုတွင် ကျင်းပ မည်ဖြစ်သည်။ စာစစ်ဌာနငါးခု အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေတစ်ခု၊ တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ်တစ်ခုတို့ တွေ့ ရသည်။ စာစစ်ဌာန နေရာအနေ အထားများအရ မြန်မာပြည် အလယ်ပိုင်း၊ အောက်ပိုင်းနေ လျှောက်ထား ဖြေဆိုလိုသူများ အတွက်သာ အဆင်ပြေမှု ပိုများ နိုင်ပြီး မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ အနောက်ပိုင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ အရှေ့ဘက်ခြမ်း ရှမ်းပြည်နယ်၊ တောင်ဘက်ခြမ်း တနင်္သာရီတိုင်း ဒေသကြီး စသည့် ဝေးလံသော ဒေသများမှ ရာထူးဝန်အဖွဲ့ကခေါ် သည့် ဝန်ထမ်းလျှောက်ထား ဖြေ ဆိုလိုသူများအတွက် အလှမ်းဝေး သည်ဟု မြင်မိပါသည်။

တစ်လောက မင်းဘူးမြို့ရှိ မိမိတူမတစ်ဦးသည် နည်းပညာ တက္ကသိုလ်များမှ သရုပ်ပြ၊ နည်း ပြနေရာများခေါ်၍ လျှောက်ထား ခဲ့သည်။ စာဖြေဌာနအနေဖြင့် မန္တလေးနည်းပညာတက္ကသိုလ်နှင့် ရန်ကုန် နှစ်ခုသာ ရှိမည်ဖြစ်၍ မန္တလေးစာဖြေဌာနနှင့် ဖြေရန် အစီအစဉ်ဆွဲကြည့်ရာ မန္တလေး သွားဖို့၊ တည်းခိုဖို့၊ မြို့ထဲမှ ကျောင်းသို့သွားဖို့ အစစအရာရာ အသုံးစရိတ် တွက်ကြည့်မိရာ ၎င်း စာမေးပွဲဖြေရန် သွားလာနေထိုင် စရိတ်ပင် တစ်သိန်းဝန်းကျင်ကုန် ပေသည်။ ထို့အတွက် တူမဖြစ်သူ မှာ အလုပ်စာမေးပွဲတစ်ခုဖြေဆို ရန် စဉ်းစားတိုင်း ကုန်ကျစရိတ် တွက်ချက်ရမှုက ဦးနှောက်ထဲ အရင်ပေါ်လာသည်ဟု ဆိုလေ သည်။ ဘွဲ့ရခါစကတော့ ဌာန များကခေါ်လျှင် သွားလျှောက် ရတာ စိတ်တက်ကြွခဲ့ပြီး တော် တော်များများ ဖြေဖူးပြီး မပါတော့ နေပြည်တော်သွားရသည့်စရိတ်၊ ရန်ကုန်သွားရသည့်စရိတ် စသည့် သွားလာနေထိုင် စရိတ်များက အတော်ထောင်းလာကြောင်း ဆို လေသည်။ ဒါတောင် နေပြည် တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့များသို့ နေ့ချင်းရောက်သွားနိုင် သည့် သွားလာရလွယ်ကူသော မင်းဘူးမြို့မှဖြစ်သည်။ မြန်မာ ပြည်အစွန်အဖျား ခန္တီး၊ တမူး၊ မြစ်ကြီးနား၊ ပူတာအို၊ ဖလမ်း၊ တွမ်းဇံ၊ တီးတိန်၊ မာန်အောင် ကျွန်း၊ ဂွ၊ တာချီလိတ်၊ မိုင်းဖြတ်၊ ကွတ်ခိုင်နှင့် ပြည်နယ်တိုင်းဒေသ ကြီးများရှိ အခြားဝေးလံသော ဒေသများမှ ဘွဲ့ရပညာတတ်များ အဖို့ နိုင်ငံ့ဝန်ထမ်း အလုပ်တစ် နေရာရဖို့ လျှောက်ထားခြင်း၊ ဖြေ ဆိုခြင်းတို့မှာ မလွယ်လှပေ။

ထို့အတွက် ဝန်ကြီးဌာန အဖွဲ့အစည်းများအတွင်း တာဝန် ထမ်းဆောင်နေသော ဝန်ထမ်း အများစုမှာ ဝေးလံခေါင်သီလှ သည့် ဒေသနေသူများ နည်းပါး သည်ဟု မြင်မိသည်။ ပြည်နယ် တိုင်းဒေသကြီးတို့ရှိ ဝေးလံခေါင် သီလှသော ဒေသတို့တွင် တာဝန် ကျ ဝန်ထမ်းအများစုမှာလည်း ဒေသခံများရှားပြီး မြေပြန့်ဒေသမှ လာရောက်တာဝန်ထမ်းဆောင် ကြသော ဝန်ထမ်းမှာ အများစုဖြစ် လာသည်။ တိုင်းရင်းသားလူငယ် များအနေဖြင့် ၎င်းတို့ဒေသမှထွက် သော အရာရှိအရာခံ ဝန်ထမ်းများ တွေ့မိမှသာ ပညာကို ကြိုးစား သင်ယူလိုစိတ်၊ အားကျအတုယူ စိတ်၊ ပိုရှိလာလိမ့်မည်ဟု မြင်မိပါ သည်။ မိမိတို့ မြန်မာပြည်အလယ် ပိုင်းဒေသ ကျေးရွာများမှာကို တို့ ရွာက အရာရှိ ဘယ်နှယောက် ထွက်တာ၊ ဆရာဝန်ဘယ်နှ ယောက်ထွက်တာ စသဖြင့် ဂုဏ် ယူစွာ ပြောသံကြားဖူးသည်။ လူ ငယ်များကိုလည်း ထိုသို့ကြိုးစား ရန် တိုက်တွန်းကြသည်။

ယခု ခေါ်ယူထားသော ရာ ထူးဝန်ဝင်ခွင့် စာမေးပွဲတွင် လစ် လပ်နေရာ ၅၀၀ နီးပါး ခန့်မည် ဖြစ်၍ ဖြေဆိုရန် အားတက်နိုင် သော်လည်း ဖြေဆိုရမည့်နေရာသို့  သွားစရိတ်၊ လာစရိတ်၊ တည်းခို စားသောက်ရန် အစီအစဉ် စဉ်း စားရမည့် အချက်များကပါလာ သည်။ ၁၂ လပိုင်းအတွင်း ပဏာ မ စာမေးပွဲဖြေရန် တစ်ခေါက်၊ ပဏာမစာမေးပွဲ အောင်ခဲ့က ၂၀၁၈ ဇန်နဝါရီလအတွင်း ရေး ဖြေ စာမေးပွဲဖြေရန် တစ်ခေါက် မိမိဖြေဆိုမည့် စာစစ်ဌာနရှိရာမြို့ သို့ လာရပေဦးမည်။ မြန်မာပြည် အထက်ပိုင်းဒေသမှ ဘွဲ့ရများ အနေဖြင့် မန္တလေး စာစစ်ဌာနသာ အနီးဆုံးဖြစ်သည်။ ခန္တီးမှ မန္တ လေးခရီးစရိတ်၊ ပူတာအိုမှ မန္တ လေးခရီးစရိတ်၊ ချင်းပြည်နယ်မှ မန္တလေး ခရီးစရိတ်၊ ရှမ်းအရှေ့ ခြမ်းမှ မန္တလေး ခရီးစရိတ်၊ စာ မေးပွဲ တစ်ခါဖြေတာနဲ့ကို သိန်း ဂဏန်းကုန်ပြီးသားပင်။ ပြန်လိုက် သွားလိုက်နှင့် ဖြေဆိုဖို့ အရည် အချင်းပြည့်ဝတောင် ငွေကုန်ခံနိုင် မှ ရပေမည်။ ရာထူးဝန်စာမေးပွဲ များက ဖြေဆိုသူအရေအတွက် လည်း များလွန်းလှ၍ တစ်ကြိမ် တစ်ခါနှင့် အောင်ဖို့ကလည်း မလွယ်ပေ။

အသက် (၃၀)ဝန်းကျင် အရွယ် လူလတ်ပိုင်းများဖြစ်၍ စိတ်သွားတိုင်း ကိုယ်ပါသော် လည်း နှစ်ကြိမ်၊ သုံးကြိမ်နှင့် မအောင်က စိတ်သွားတိုင်း စရိတ် မပါနိုင်တော့ပေ။ စာစစ်ဌာနနှင့် နီးသော ဒေသမှ ဖြေဆိုသူများ အတွက် တစ်ကြိမ်နှင့်မအောင်က အသက်မီသေးသ၍ အကြိမ်ကြိမ် ကြိုးစားခွင့်ရှိသော်လည်း မြန်မာ ပြည် နယ်စွန်နယ်ဖျားမှ ဘွဲ့ရ လူငယ်များအနေဖြင့် ဖြေဆိုရန် သွားလာနေထိုင် စရိတ်ကပင် အဟန့်အတား ဖြစ်လာစေသည်။ မိမိလိုချင်က ကြိုးစားရမည်ဖြစ် သော်လည်း နေရာဒေသကွာသည် နှင့် အခြေခံအခွင့်အလမ်းက ကွာ သွားသည်။

ယခုကာလတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များကြား ကွာ ဟမှုနည်းအောင် ဆောင်ရွက်နေ သကဲ့သို့ ရာထူးဝန်စာမေးပွဲများကို လည်း တိုင်းဒေသကြီးနှင့် ပြည် နယ်အားလုံးအထိ စာစစ်ဌာနများ ဖွင့်ပေးနိုင်ပါက ဝေးလံသောဒေ သမှ တိုင်းရင်းသား ပြည်ထောင်စု ဖွား ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း မျှော်မှန်းချက် ပိုမိုလာပေမည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ရုံးခွဲများမရှိပါ က သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရုံးများနှင့် ချိတ် ဆက်ညှိနှိုင်း၍ စာစစ်ဌာန ဖွင့် လှစ်နိုင်ဖို့ ကြိုးစားသင့်ပေသည်။ အခက်အခဲများ ရှိမည်ဖြစ်သော် လည်း ပြည်ထောင်စုဖွား တိုင်း ရင်းသားလူငယ်များ၏ အခွင့် အလမ်းအတွက် စေတနာထားရန် ရည်ရွယ်ပါက ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ခုအနေ ဖြင့် တွေ့ကြုံလာမည့် အခက်အခဲ များကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည် ဟု ယုံကြည်မိပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် နေရာဒေသ အကွာအဝေးကြောင့် ပြည်ထောင်စု တိုင်းရင်းသား ပညာတတ် လူငယ်များ၏ အခွင့် အလမ်းများ လျော့နည်းမှုမရှိစေ ရန် ရေးသားလိုက်ရပါသည်။  ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

7Day News

No comments:

Post a Comment