Latest News

Tuesday, October 3, 2017

ကျပ်သိန်း ခြောက်သောင်းကျော်တန် မူးယစ်ဆေးများနှင့် တရားခံကို ဖမ်းဆီးနိုင်သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ရာထူးတိုးပေး

ကျပ်သိန်း ခြောက်သောင်းကျော်တန် မူးယစ်ဆေးများနှင့် တရားခံကို ဖမ်းဆီးနိုင်သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ရာထူးတိုးပေး

ကျပ်သိန်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်တရားခံနှစ်ဦးကို ဖမ်းဆီးပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား အောက်တိုဘာ ၁ ရက်က တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(၅၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား၌ တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးခဲ့သည်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ လက်အောက်ရှိ အမှတ် (၂၅) မူး ယစ်တပ်ဖွဲ့စုဌာနခွဲမှ ရဲတပ်ကြပ် ကြီး ရန်နိုင်စိုးအား ရဲအရာခံအ ဆင့်သို့လည်းကောင်း၊ ရဲတပ်ကြပ် မျိုးဝင်းခိုင်အား ရဲတပ်ကြပ်ကြီးအ ဆင့်သို့လည်းကောင်း တိုမြှင့်ပေး ခဲ့သည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သည် ၂၀၁၇ ဖေဖော်ဝါရီ ၂၆ ရက်က ကလောမြို့နယ် ဟဲဟိုး မြို့အနီး ဘ၀သံသရာတံတား၊ မိုင်တိုင် ၉၈ တွင် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်တန်ကြေးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်း နှင့် တရားခံနှစ်ဦးကို ဖမ်းဆီးရမိခဲ့ သည့်အတွက် တစ်ဆင့်တိုး ရာ ထူးများ တိုးမြှင့်ပေးအပ်ချီးမြှင့်ခံခဲ့ ရခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိ သူ ဒုရဲမှူး စိုးထွန်းဝင်းက ပြော သည်။ ‘‘လွန်ခဲ့တဲ့ ခြောက်လ လောက်ကဖြစ်ခဲ့တဲ့ မူးယစ်အမှုမှာ တန်ဖိုးငွေပမာဏအများကြီးနဲ့ တရားခံကို ဖမ်းဆီးရမိနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မူးယစ်တပ်ဖွဲ့ စုက တပ်ဖွဲ့ဝင်နှစ်ဦးကို တစ်ဆင့် တိုးရာထူးချီးမြှင့်တာပါ’’ဟု ဒုရဲ မှူးစိုးထွန်းဝင်းက ပြောသည်။

ရာထူးတစ်ဆင့်မြှင့်ခံရသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က အဆိုပါ အခမ်းအနားတွင် တစ်ဆင့်မြင့်ရာထူး အဆင့် တပ် ဆင်ပေးခဲ့သည်။

ယင်းအပြင် ရှမ်းပြည်နယ်အ တွင်း မှုခင်းဖော်ထုတ် ထူးချွန်ဆု၊ အမှုထမ်းကောင်းလက်မှတ် ရရှိခဲ့ သည့် ရဲတပ်ဖွဲ့ဝင် ၃၀ ဦးအား ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာလင်းထွဋ်နှင့် အစိုးရအဖွဲဝင် ၀န်ကြီးများ၊ ရှမ်းပြည်နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူလူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။

7Day News

No comments:

Post a Comment